အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Friday 16 December 2011

ဗကဗြဟ္မာကို အောင်မြင်တော်မူခြင်း-၈။



ဗကဗြဟ္မာကြီးသည် ပထမဈာန်ဘုံသားဖြစ်၏။ ဗြဟ္မာဘုံ၌အနေကြာသောအခါ အတိတ်ကို
မေ့ကာ ဗြဟ္မာလောကသည် မပြိုမကွဲ မြဲ၏၊ထာဝရ တည်တံ့၏၊ဟု သဿတဒိဋ္ဌိအယူဖြစ်နေ
လေသည်။မြတ်စွာဘုရားရှင်သည် ဗကဗြဟ္မာကြီး၏ အကြံကိုသိနေ၍ ဆုံးမပြီးကယ်ချွတ်တော်
မူရန်၊ ဗြဟ္မပြည်သို့ ကြွလေ၏။ မြတ်စွာဘုရားရှင်သည် ဗြဟ္မဘုံသည် ထာဝရတည်မြဲနေသောဘုံ
မဟုတ်ကြောင်း ၊ဒုတိယဈာန်၊တတိယဈာန်၊စတုတ္ထဈာန်၊ ဗြဟ္မာဘုံလောကများ နှင့် မဂ်၊ဖိုလ်၊နိဗ္ဗာန်
ဟူသော သာလွန်မြင့်မြတ်သော ထွက်မြောက်ရာများရှိနေကြောင်း၊ဗကဗြဟ္မာကြိး၏ မိစ္ဆာအယူမှား
ကိုလည်းသုံးသပ်ပြတော်မူ၏။ ဗကဗြဟ္မာကြီး၏ ရှေးရှေးသော ဘဝများမှ ဘုံအမျိုးမျိုး၌ ဖြစ်ခဲ့ရပုံများ
ရှေးလူ့ဘဝတွင် ဗကဗြဟ္မာလောင်း ရသေ့ကြီးဘဝ၌ ကုသိုလ်ကောင်းမှု့ပြုလုပ်ခဲ့ပုံများကို ဟောပြ
တော်မူရာ ဗကဗြဟ္မာသည် သူ၏အတိတ်ဘဝ ဖြစ်စဉ်များကို ပြန်လည်၍ သတိရလာခဲ့လေသည်။
ထိုအခါ ဗကဗြဟ္မာကြီးသည် မိမိ၏အမှားကို ဖုံးကွယ်လို၍ တန်ခိုးပြိုင်ရန် မြတ်စွာဘုရားရှင်ကို
ပြောလေ၏။ ဗကဗြဟ္မာကြီးက-သင်၏ရှေ့မှောက်၌ အကျွန်ုပ် ပုံးကွယ်မည် တွေ့အောင်ရှာလော့
ဟု ဆိုလေသော် - မြတ်စွာဘုရားရှင်က ဗကဗြဟ္မာကြိးပုန်းကွယ်၍ မရအောင် တန်ခိုးဖြင့်တား
တော်မူထားလေသည်။တစ်ဖန်- အမှောင်ထုကြီးကိုဖန်ဆင်းပြန်သည်ကို မြတ်စွာဘုရားရှင်က
တန်ခိုးဖြင့် တားပြန်၏။ မြတ်စွာဘုရားရှင်က -ဗကဗြဟ္မာ သင်မပုန်းနိုင် လျှင် ငါပုန်ပြလေမည်ဟု
ဆို၍ တန်ခိုးတော်ဖြင့် ပုန်းကွယ်လျှက်ကပင် ဗြဟ္မာအပေါင်းတို့အား တရားတော်ကို ဟောကြား
တော်မူ၏။ မြတ်စွာဘုရားရှင် ရုပ်တော်ကိုမမြင်ရဘဲလျှက် အသံတော်ဖြင့်တရားဟောတော်မူ
သည်ကို သာ ကြားသိရသဖြင့် ဗြဟ္မာများ တရားသိမြင်ကြပြီး ကျွတ်တမ်းဝင်ကြကုန်လေ၏။


နန္ဒောပနန္ဒ နဂါးမင်းကို အောင်မြင်တော်မူခြင်း-၇။

နန္ဒောပနန္ဒ နဂါးမင်းသည် နတ်နဂါးကြီးဖြစ်လေသည်။အလွန်ကြီးမားသော ကိုယ်ခန္ဓာကြီးကို
ဖန်ဆင်းနိုင်လေသည်။နန္ဒောပနန္ဒနဂါးမင်းသည် နတ်နဂါးမတို့နှင့် ပျော်ပွဲစားနေစဉ် မြတ်စွာဘုရား
ရှင်သည် ကယ်ချွတ်ရန် ရဟန်းငါးရာနှင့်တစ်ကွ နဂါးတို့၏ပျော်ပွဲစားနေရာအထက်မှ ဖြတ်ကျော်၍
တာဝတိံသာနတ်ပြည်သို့ ကြွလေ၏။နန္ဒောပနန္ဒနဂါးမင်းကစိတ်ဆိုးဒေါသထွက်ပြီး မြင်းမိုရ်တောင်ရင်း
သို့သွားကာ ကြီးမားသော ခန္ဒာကိုယ်ကိုဖန်ဆင်းလျှက် မြင်းမိုရ်တောင်ကို ခုနှစ်ပတ်ရစ်ပတ်ပြီး တာဝတိံ
သာနတ်ပြည်ကို ပါးပျဉ်းဖြင့် အုပ်ထားပြီး အမှောင်ထုဖြစ်အောင်ဖန်ဆင်းထား၏။
ရှင်ရဋ္ဌပါလ၊ ရှင်ဘဒ္ဒိယ၊ရှင်ရာဟုလာတို့က နဂါးမင်းအားဆုံးမလိုကြသော်လည်း မြတ်စွာဘုရားရှင်
ခွင့်မပြု-အရှင်မောဂ္ဂလာန်ကိုသာ ဆုံးမစေ၏။အရှင်မောဂ္ဂလာန်သည် နဂါးမင်းထက်နှစ်ဆကြီးသော
နဂါးကြီးကိုဖန်ဆင်းပြီး နန္ဒောပန္ဒနဂါးအပေါ်မှတစ်ဆယ့်လေး ပတ်ရစ်ထား၍ ပါးပျဉ်းဖြင့်ထပ်၍ အုပ
်ထားလေသည်။နဂါးမင်း နှင့် အရှင်မဟာ မောဂ္ဂလာန်တို့ အပြန်အလှန် အခိုးအငွေ့ မီးလျှံများလွှတ်
ကြလေ၏။ထိုအခါ နဂါမင်းက သင်ဘယ်သူနည်းဟုမေလေရာ အရှင်မဟာမောဂ္ဂလာန်ဖြစ်ကြောင်း
ကိုသိပြီး ပကတိရဟန်းအသွင်ကို ပြခိုင်း၍ ပြလေပြီး နန္ဒောပနန္ဒနဂါးမင်း၏ လက်ဝဲ၊လက်ယာ၊နား၊
နှာခေါင်းတို့မှ ဝင်ထွက်ပြ၏၊ခံတွင်းမှ ဝင်၍ ဝမ်းတွင်း၌ စင်္ကြံလျှောက်ပြလေ၏၊ အရှင်မဟာ
မောဂ္ဂလာန်က ဂဠုန်မင်းအသွင်ဖန်ဆင်း၍ လေအဟုန်တိုက်ခတ်စေလေ၏။ နဂါးမင်ကြောက်
လန့်၍ပြေးလေလျှင်နောက်မှလိုက်လေ၏၊နဂါးမင်းသည်လွှတ်အောင်မပြေးနိုင်၍ လုလင်အသွင်
ဖန်ဆင်ပြီး အရှင်မဟာမောဂ္ဂလာန်အားရှိခိုးလေသည်။မြတ်စွာဘုရားရှင်ထံသို့ခေါ်ဆောင်သွား
ရာ နဂါးမင်းသည် သရဏဂုံ ဆောက်တည်ပြီး ဥပသကာအဖြစ် ခံယူလေသည်။

Thursday 15 December 2011

နာဠာဂိရိဆင်ကို အောင်မြင်တော်မူခြင်း-၆။





နာဠာဂိရီဆင်ကြီးသည်ကား-အလွန်ခက်ထန်ကြမ်းတမ်းလေသည်။တစ်နေ့လျှင် သေရည်
အရက် ရှစ်အိုးကိုကုန်အောင်သောက်နိုင်၏။လူအများကိုလည်း ရန်ပြု၍ နင်းချေ သတ်ဖြတ်တတ်
လေ၏။ ဒေဝဒတ်သည် လက်ဝဲတော်ရံ၊လက်ယာတော်ရံ ရာထူးကို အရှင်သာရိပုတ္တရာ၊အရှင်
မဟာမောဂ္ဂလာန်တို့ပေး၍ သူမရရှိသဖြင့် မြတ်စွာဘုရားရှင်အား ရန်ငြှိုးဖွဲ့ထားလျှက်ရှိ၏။တစ်နေ့
တွင် ဂိဇ္ဈကုဋ်တောင်ပေါ်မှနေ၍ ကျောက်တုံးကြီးကိုလှိမ့်ချပြီး မြတ်စွာဘုရားရှင်အား လုပ်ကြံရန်
အားထုတ်ခဲ့၏။ ယခုတစ်ကြိမ်တွင်လည်း မြတ်စွာဘုရားရှင် ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံကြွစဉ် ၊
နာဠာဂိရိဆင်ကြီးအား သေရည်အရက်တစ်ဆယ့်ခြောက်အိုးကိုတိုက်ပြီးမြတ်စွာဘုရားရှင်အား
နင်း သတ်စေရန်အတွက် စီစဉ်လေသည်။
နာဠာဂိရိဆင်ကြီးသည် မြတ်စွာဘုရားရှင်ထံတော်သို့ တစ်ဟုန်ထိုးအရှိန်ဖြင့်ပြေးလာလေ၏၊
အရှင်သာရိပုတ္တရာနှင့်သာဝက ရှစ်ဆယ်တို့က နာဠာဂိရိဆင်အားဆုံးမလိုသော်လည်း မြတ်စွာ
ဘုရားရှင်က ခွင့်မပြုခဲ့ချေ။ ထိုအချိန်တွင် သားငယ်နှင့်မိခင်တစ်ဦးက ကြောက်လန့်၍ သားငယ်
ကို ပစ်ထားခဲပြီးပြေးလေရော နာဠာဂိရိဆင်ကြီးသည် ကလေးငယ်ထံသို့ဦး၍ သွားလေ၏။
မြတ်စွာဘုရားရှင်သည် တစ်လောကလုံးသို့ လွှမ်းခြုံ၍ ပို့သနိုင်သော မေတ္တာစွမ်းအားကို
နာဠာဂိရိဆင်ကြီးအထံသို့ သာလျှင် ပို့လွှတ်လေသည်။"နာဠာဂိရိ သင့်အားသေရည်အရက်
တစ်ဆယ့်ခြောက်လုံးတိုက်ထားလေသည်မှာ ငါဘုရားအား နင်းသတ်ရန်သာဖြစ်လေသည်။
ငါဘုရားထံသို့သာလာလော့"ဟုခေါ်လိုက်လေရာ နာဠာဂိရိဆင်ကြီးသည် မြတ်စွာဘုရားရှင်၏
အသံတော်ကို ကြားရ၍ မော့ကြည့်ပြီး မြတ်စွာဘုရားရှင်အား တွေ့မြင်ရ၍ သတိသံဝေဂ ရရှိ
သွားကာ ဘုရားရှင်၏ရှေ့တွင် ရိုသေစွာ ငြိမ်နေလေတော့သည်။

Wednesday 14 December 2011

အင်္ဂုလိမာလကို အောင်မြင်တော်မူခြင်း.၅၊


အင်္ဂုလိမာလသည် သာဝတ္ထိပြည် ကိုအုပ်ချုပ်သော ကောသလမင်းကြီး၏ ပုရောဟိတ်
ဘဂ္ဂဝ နှင့် မန္တာနီပုဏ္ဏေးမ တို့၏သား ဖြစ်၏။အင်္ဂုလိမာလအားမွေးဖွားသောညတွင် တိုင်းပြည်ရှိ
လက်နက်များအားလုံးမှ အလင်းရောင်များထွက်၍ အရောင်တောက်ပကုန်၏။ကောသလမင်းကြီး
၏ညောင်စောင်းတော်အနီးရှိလက်နက်သည်လည်း အလင်းရောင်တောက်ပသဖြင့် ကောသလမင်း
ကြီးအိပ်စက်မရ ဖြစ်ခဲ့ရ၏။ ကောသလမင်းကြီးကပုရောဟိတ်ကိုမေးလေရာ-ပုရောဟိတ်က၊နက္ခတ်
တာရာတို့ကိုကြည့်ပြီး မွေးဖွာလာသော သူ၏သားငယ်လေးသည် ကြီးပြင်းလာသောအခါ၊လူဆိုးကြီး
ဖြစ်လာမည်ဟုသိလေ၏။ထိုအကြောင်းကို မင်းကြီးအားလျှောက်တင်ပြီး သားငယ်ကိုသတ်ပစ်ရန်
ခွင့်တောင်းလေသော်-တစ်ဦးတစ်ယောက်တည်းဆိုးမုက်မည်လော့၊အသင်အဖွဲနှင့်ဆိုးမိုက်လေမည်
လောမေးလေရာ တစ်ဦးတစ်ယောက်တည်းသာ ဆိုးမိုက်မည်ကိုလျှောက်လေ၏။ထိုအခါမင်းကြီးက
မသတ်ပစ်ဘဲမွေးမြူစောင့်ရှောက်ထားရန်မိန့်တော်မူလေ၍ "အဟိံသက"ဟု နာမည်ပေးပြီးမွေးမြူ
စောင့်ရှောက်ထားလေသည်။
အဟိံသက သည် အရွယ်သို့ရောက်လာသောအခါ တက္ကသိုလ်သို့ ပညာသင်သွားရာ တက္ကသိုလ်
ဆရာပါမောက္ခကြီးနှင့်ဇနီးတို့က အလွန်ရင်းနှီးခင်မင် ကြ၍ ပတ်ဝန်းကျင်အချို့က မနာလိုဖြစ်ပြီး
ဆရာကြီး၏ဇနီးနှင့် မှားယွင်းလေဟန် ပြောဆိုကုန်းတိုက်ကြသောကြောင့် ဆရာကြီးက ပညာအဆုံး
ထိတတ်မြောက်နိုင်ရန် လက်ညိုးပေါင်းတစ်ထောင် ဖြတ်ယူခဲ့ရန် ပြောလေ၏။ထုိအခါ အဂုၤလိမာလ
သည် လှည့်လည်၍ လက်ညိုးလိုက်လံဖြတ်ခဲ့ရာ လက်ညိုးပေါင်းတစ်ထောင်ပြည့်ရန် တစ်ချောင်းသာ
လိုတော့ချိန်တွင်၊မိခင် ပုဏ္ဏေးမကြိးသည် သားမောငိ အဟိံသကကို တွေ့လို၍ရှာဖွေရင်း တောထဲသို့
လိုက်လာခဲ့လေ၏။ ထိုအချိန်၌ မြတ်စွာဘုရားရှင်သည် အဂုင်္လိမာလ က မိခင်ကြီးကိုသတ်၍ လက်ညိုး
ကိုဖြတ်ယူတော့မည်ကို မြင်တော်မူသောကြောင့် တောအုပ်အတွင်းသို့ကြွလာ၍ မိခင်ကြီးနောက်မှ
လိုက်နေသော အဂုင်္လိမာရှေ့မှ ကာဆီးထားပြီး တန်ခိုးတော်ဖြင့် ရပ်နေတော်မူ၏။ အင်္ဂုလိမာလက
"ရဟန်းကြီးရပ်လော့"ဟုဆိုလေရာ၊ မြတ်စွာဘုရားရှင်က "ငါကား-ရပ်နေ၏ သင်သာလျှင် သံသရာ
ခရီးခဲ၌ မနားတမ်းပြေးနေသူဖြစ်လေသည်"ဟု စသည်ဖြင့် တရား ဟောလေရာ၊ အင်္ဂုလိမာလ သည် မြတ်စွာဘုရားရှင်သည်ငါ့အားချီးမြောက်တော်မူလို၍တောအုပ်သို့ကြွလာတော်မူသည်ဟုဝမ်းမြောက
်ဝမ်းသာဖြစ်၍ မြတ်စွာဘုရားရှင်အား ရဟန်းအဖြစ် ပြုပေးရန် တောင်းပန်လျှောက်ထားသဖြင့်
ဧဟိဘိက္ခု ရဟန်းအဖြစ်ပြုပေးတော်မူလေသည်။ ဧဟိဘိက္ခု ရဟန်းဖြစ်ပြီး မကြာမှီ၌ပင်
အာသဝေါကုန်ခန်း ရဟန္တာဖြစ်လေသည်။

Tuesday 13 December 2011

အာဠဝကဘီလူးကိုအောင်မြင်တော်မူခြင်း-၄၊


အာဠဝကဘီလူးကြီးသည်၊အာဠဝီပြည်အနီး ညောင်ပင်ကြီးရှိ ဗိမာန်တွင် နေလေသည်။ဒေါသ
မာန်အလွန်ကြီးပြီး ကြမ်းတမ်းရက်စက်၏။ဝဿဝဏ်နတ်မင်းအထံမှ ညောင်ပင်အောက် ဝင်ရောက်
လာသူကို စားခွင့်ရထား၏၊အာဠဝီမင်းကြီးသည်သမင်လိုက်ရာမှအပြန် ထိုညောင်ပင်ရိပ်တွင်၊
ဝင်ရောက်နားခိုမိသဖြင့် အာဠဝကဘီလူးကြီးကစားမည်ပြုလေရာ၊မင်းကြီးက သူကိုလွှတ်ပေးပါက
နေ့စဉ် လူတစ်ယောက်နှင့် ထမင်းတစ်အိုး နေ့စဉ်ပို့ပေးပါမည်ဟုပြောရာမင်းကြီးအသက်ချမ်းသာရာ
ရရှိပြီးနေ့စဉ် အကျဉ်းသား ရာဇဝတ်သားတို့ကိုပို့ပေး၏။ပို့ပေးရန်အကျဉ်းသားရာဇဝတ်သားတို့မရှိ
သောအခါကလေးငယ်များကို ပို့ပေးလေ၏။နောက်ဆုံးတွင်မင်းကြီးသည် ၊အာဠဝကမင်းသားကို
ပို့ပေး၏။
ထိုနေ့ညနေချမ်းတွင် မြတ်စွာဘုရားရှင်သည် အာဠဝကဘီလူးကြီးကိုကယ်ချွတ်ရန် ဘီလူကြီး
ဗိမာန်၌ နေ၏။ထိုအချိန်တွင် အာဠာဝကဘီလူကြီးသည် ဟိမဝန္တာနတ်ဘီလူးများ၏ အစည်း
အဝေးသို့ သွားနေစဉ်ဖြစ်၏။ တံခါးစောင့် ဂဒြဘနတ်ဘီလူး၊သတင်းပို့ချက်အရ မြတ်စွာဘုရားရှင်
သူ၏ဗိမာန်၌ရောက်နေကြောင်း အာဠဝကဘီလူးကြီးသိလေ၏။ ဟေမဝတ နှင့် သာတာဂီရိတို့
ကလည်း ဗိမာန်၌ အခြွေအရံ ဘီလူမများ မြတ်စွာဘုရားရှင်အထံတွင် တရားနာယူနေကြသည်
ကိုတွေ့ခဲ့ရကြောင်း သတင်းပေးပြောကြားကြ၏။
ထိုအခါ အာဠဝကဘီလူးကြီးသည် အလွန်ဒေါသအမျက်ထွက်လျှက် သူ၏ ဗိမာန်သို့ ပြန်လာပြီး
မြတ်စွာဘုရားရင်အား သေစေလို၍ လေမုန်တိုင်းကြီးများတိုက်ခတ်စေ၏၊မိုးကြီးရွာစေ၏၊ဓား၊လှံ၊
လက်နက်မိုး၊မီးကျီးမိုး၊ပြာပူမိုး၊သဲမိုး၊ရွှံ့ညွှန်မိုး၊တို့ကိုရွာချစေ၏၊အမှောင်ထုကြီးကိုဖန်ဆင်းစေ၏၊
နောက်ဆုံးတွင်ဘွဲဖြူလက်နက်ဖြင့်ပစ်ခတ်တိုက်ခိုက်လေ၏။မြတ်စွာဘုရားရှင်၏ပါရမီတော်တို့
ကြောင့် တစ်စုံတစ်ခုမျှ ထိမှန်ခြင်းမရှိခဲ့ချေ။အာဠာဝကဘီလူကြီးကသူ၏ဗိမာန်မှ ထွက်ရန်ပြော
လေသော် မြတ်စွာဘုရားရှင်က ထွက်၏၊ပြနဝင်ရန်ပြောလေသော် ပြန်၍ ဝင်လေ၏၊ဤသို့
ထွက်ချီ ဝင်ချီ ခိုင်း၍ မောမှ ခြေနှစ်ချောင်းကိုဆွဲကို၍ ဂင်္ဂါမြစ်တစ်ဖက်ကမ်းသို့ စိတ်ကူးပြီး
"ရဟန်းကြီးဂေါတမ ထွက်ခဲ့ဦးလော့"ဟုဆိုလေသော်၊မြတ်စွာဘုရားရှင်က မထွက်လာတော့
ချေ။ထိုအခါ အာဠဝကဘီလူကြီးက မြတ်စွာဘုရားရှင်အား အမေးပုစ္ဆာကို မေးခွင့်တောင်းလေ
၏။မြတ်စွာဘုရားရှင်က ခွင့်ပြုသဖြင့်မေးလေ၏။"လောက၌ မြတ်သောဥစ္စာကား-အဘယ်ပါနည်း၊
ချမ်းသာကိုဆောင်သော အကျင့်ကား -အဘယ်ပါနည်း။ အကောင်းဆုံးသော အရသာကား-
အဘယ်ပါနည်း။ မည်သည့်အသက်မွေးမှု့သည် အကောင်းဆုံးဖြစ်သနည်း။"ဟု မေးလျှောက်
လေသည်။
မြတ်စွာဘုရားရှင်ဖြေတော်မူလေ၏၊ - လောက၌"ရတနာသုံးပါး၊ကုသိုလ်၊အကုသိုလ် ကံ၊ကံ၏
အကျိုးတို့၌ ယုံကြည်မှု့သဒ္ဓါတရားသည် ၊မြတ်သောဥစ္စာဖြစ်၏။ကုသိုလ်ကမ္မပထတရားဆယ်ပါး
သည် ချမ်းသာကိုဆောင်သော အကျင့်ဖြစ်၏။မှန်သော သစ္စာ စကားကိုပြောဆိုခြင်းသည်
အကောင်းဆုံး အရသာဖြစ်၏၊ ပညာဖြင့်အသက်မွေးခြင်းသည် မြတ်၏ အကောင်းဆုံးဖြစ်၏"
ဟုဖြေကြားပေးပြီးတရားဟောလေရာ၊အာဠဝကဘီလူးကြီးသည်တရားနာကြားပြိးနောက်
တရားရကာ၊သောတာပန်တည်သွားလေသည်။ ထိုအချိန်တွင် အာဠဝီမင်းကြီးက သားကို
ဘီလူးစာကျွေးရန် ပို့လာလေသည်ကို မြတ်စွာဘုရားရှင်အား လှူလိုက်လေတော့သည်။
ထိုမင်းသားငယ်သည် နောင်အခါတွင် ဟတ္ထာဠဝက သူကြွယ်ဖြစ်လာ၏။ အာဠဝက
ဘီလူးနှင့်တကွ၊အာဠဝီပြည်သား ရှစ်သောင်းလေးထောင်တို့လည်း အကျွတ်တရားရသွား
ကြလေကုန်သည်။


၃၊ စိဉ္စမာဏဝိကာကိုအောင်မြင်တော်မူခြင်း


စိဉ္စမာဏဝိကာသည် ချောမောလှပသော သာဝတ္ထိမြို့သူတစ်ဦး ဖြစ်လေသည်။
သူမသည် တိတ္ထိဆရာကြီးတို့၏ တပည့်မတစ်ဦးဖြစ်သည်။တိတ္ထိတို့သည် မြတ်စွာဘုရားရှင်
အား မကောင်းသောသတင်းဖြင့်စွပ်စွဲရန် စိဉ္စမာဏဝိကာကို အသုံးချခဲ့ကြလေသည်။
ညချမ်းအချိန်တွင် လူအများတရားနာပြီးလျှင် ဇေတဝန်ကျောင်းတော်မှ ပြန်လာကြသော
အခါ စိဉ္စမာဏဝိကာသည် ပန်းနံ့သာတို့ကိုယူဆောင်လျှက် ဇေတဝန်ကျောင်းတော်သို့
သွားရောက်လေဟန်ပြု၍ တိတ္ထိဆရာကျောင်းတစ်ကျောင်းတွင်ညအိပ်လေသည်။
နံနက်စောစော သာဝတ္ထိပြည်သူပြည်သားများ ဘုရားရှင်ထံသို့သွားကြသောအခါ
စိဉ္စမာဏဝိကာသည် ဇေတဝန်ကျောင်းတော်၌ ညအိပ်၍ ပြန်လာလေဟန် ပြု၍
နံနက်စောစော မြို့သို့ပြန်လာလေသည်။
တစ်လခန့်ကြာသောအခါ ၊ဇေတဝန်ကျောင်းတော်တွင် ရဟန်းဂေါတမနှင့်အတူ နေ၍
ပြန်လာလေသည်ဟုပြောဆိုလေပြီး သုံးလေးလခန့်ကြာသောအခါ ရဟန်းဂေါတမနှင့်
ကိုယ်ဝန်ရလေဟန်ပြောဆို ကြေညာလေ၏။ကိုးလခန့်ကြာသော် ကိုယ်ဝန်အရင့်မာဟန်
အတုပြုလုပ်၍ မြတ်စွာဘုရားရှင် တရားဟောတော်မူရာ နေရာသို့သွား၍ မြတ်စွာဘုရား
ရှင်အားစွပ်စွဲပြောကြားလေသည်း
ထိုအခါ မြတ်စွာဘုရားရှင်က- ဟယ်-စိဉ္စမာဏ..သင့်ရဲ့စကားမှန်မမှန် သင်နှင့်ငါသာ
အသိဆုံးဖြစ်လေသည်ဟု မိန့်ဆိုလေသော်-မှန်ပေသည် ရဟန်းကြီး၊သင်နှင့်ငါသာသိကြ
၍ ယခုလိုဖြစ်လာရပေသည်ဟုမတ်တတ်ရပ်လျှက်တုံ့ပြန် ပြောဆိုလေသည်။
မြတ်စွာဘုရားရှင်၏ပါရမီတန်ခိုးတော်ကြောင့် ရုတ်တရက်တိုက်ခတ်လိုက်သော လေအဟုန်
ကြောင့်စိဉ္စမာဏ၏ အပေါ်ရုံတဘက်မှာ အထက်သို့လွင့်တက်သွားပြီး ဝမ်းဗိုက်၌ဖွဲ့ချည်ထား
သောသစ်သားမှာလည်းပြုတ်၍ ခြေဖမိုးနှစ်ဖက်ပေါ်သို့ကျ သဖြင့်ခြေဖျားများပြတ်ကုန်လေသည်။
တရားနာပရိတ်သတ်များလည်းအမှန်ကိုသိရှိကာ စိဉ္စမာဏ အားရိုက်ပုတ်၍ ကျောင်းတော်မှနှင်
ထုတ်လိုက်ကြလေကုန်သည်။

၂.သစ္စကပရိဗိုဇ်ကို အောင်မြင်တော်မူခြင်း၊



သစ္စကပရိဗိုဇ်သည်နိဂဏ္ဍတက္ကတွန်း ဖြစ်ပြီး အမိဘက်မှ ဝါဒငါးရာ အဖဘက်မှဝါဒငါးရာကို
သင်ယူတတ်မြောက် ထားသူဖြစ်လေသည်။ ဝေသာလီပြည်ကို အုပ်ချုပ်သော လိစ္ဆဝီမင်းတို့၏
ဆရာဖြစ်၏။သစ္စကပရိဗိုဇ်သသည်သူကိုယ်သူပညာရှိဟုကြွေးကြော်ပြီး ဝါဒရေးရာများ စကား
စစ်ထိုးလေ့ရှိ၏။ သစ္စကပရိဗိုဇ်သည် လိစ္ဆဝီပရိသတ်ကိုခေါ်ပြီး ဘုရားရှင်ရှိရာ မဟာဝုန်တော်အတွင်း
ကူဋဂါရ(ပြာသာဒ်ကျောင်းတော်)သို့ သွား၍ ဘုရားရှင်အားဝါဒပြိုင်လေသည်။

သစ္စကမေး-= အရှင်ဂေါတမ- တပည့်တို့အား အဘယ်သို့ဟောပြောလေ့ရှိပါသနည်း။
မြတ်စွာဘုရားရှင် ဖြေ= သစ္စက- တပည့်တို့အား ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊ဝိညာဉ်တို့သည်
အမြဲမရှိ၊အစိုးမရ၊အနတ္တသာဟု ဟောပြော၏။
သစ္စက= အရှင်ဂေါတမ ကောင်းမှု့မကောင်းမှု့မှန်သမျှ ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊ဝိညာဉ်၊
တည်းဟူသော အတ္တ၌သာတည်မှီ၍ ဖြစ်ပွားရသည် ၊ ရုပ်၊ဝေဒနာ၊သညာ၊စသည်တို့သည်
မည်သည့်အခါမျှ မပျက်စီးသော အမာခံအတ္တဖြစ်သည်ဟု ပြော၏။
မြတ်စွာဘုရားရှင်= သစ္စက ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊ဝိညာဉ်တု့်ကို အတ္တဟု သင်ဆို
သလော။
သစ္စက= မှန်ပါသည် အတ္တဟုဆိုပါသည်၊
မြတ်စွာဘုရားရှင်= သစ္စကပရိဗိုဇ်- သင်၏ရုပ်ကို သင်အစိုးရသည် ပိုင်သည်၊ အတ္တဖြစ်သည်ဟု
သင်ယူဆလျှင် သင်၏ရုပ်ကို ဤသို့ဖြစ်စေ၊ ဤသို့မဖြစ်စေနှင့်ဟု သင်အာဏာထား အစိုးရနိုင်
ပါသလော။
သစ္စက= အရှင်ဂေါတမ- ကျွန်ုပ်ရုပ်ကို ဤသို့ဖြစ်စေ ဤသို့မဖြစ်စေနှင့်ဟု အာဏာထား
အစိုးမရနိုင်ပါ။ ဝေဒနာ၊သညာ၊သင်္ခါရ၊ဝိညာဉ်တို့သည်လည်း အစိုးမရနိုင်သော အနတ္တ တရား
တို့သာ ဖြစ်ပါသည်။
ဤသို့လျှင် မြတ်စွာဘုရားရှင်သည် အတ္တဝါဒီ သစ္စကပရိဗိုဇ် တက္ကတွန်းကို၊ အောင်မြင်တော်
မူခဲ့လေသည်။



သိမှတ်ဖွယ်ရာ-အောင်ခြင်းရှစ်ပါး.၁





မာနတ်သားကိုအောင်မြင်တော်မူခြင်း၊


မြတ်စွာဘုရားလောင်းတော်သာ်"ဘုရားမဖြစ်သမျှ ဤနေရာ ပလ္လင်မှငါမထပြီ"ဟု အခိုင်အမာ
်ဆုံးဖြတ်တော်မူ၍အပရာဇိတပလ္လင်ထက်၌ထိုနေတော်မူ၏၊ဝသဝတ္တီနတ်ပြည်မှမာရ်နတ်သည်
စင်္ကြာဝဠာတံတိုင်းထိ များပြားသော မာရ်စစ်သည်တို့နှင့် တကွ ဂီရိမေခလာဆင်ကို စီးပြီး
လက်ရုံးတစ်ထောင်မှ လက်နက်မျိုးစုံ ကိုင်ဆောင်ထားလေ၏။
မာရ်နတ်သည် ဘုရားရှင်အား လေကြီးမိုးကြီး တိုက်ခတ်ရာသွန်းစေပြီး၊ကျောက်တုံးမိုး၊
ဓားလက်နက်မိုး၊မီးကျီးမိုး၊ပြာပူမိုး၊သဲမိုး၊ရွှံ့ညွန်မိုးကြီးတို့ကိုတစ်ခုပြီးတစ်ခုဆက်တိုက်ရွာသွန်း
စေ၏။ဘုရားလောင်းအား အမှောင်ထုကြီးဖြင့် ဖုံးအုပ်စေရန် ဖန်ဆင်းလေသည်၊ဘုရားအလောင်း
်တော်လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ဖြည့်ကျင့်တော်မူခဲ့သော ပါရမီ ဆယ်ပါးတို့ကို ဆင်ခြင်တော်
မူကာပါရမီဆယ်ပါးဖြင့် ကာကွယ်ထားသောကြောင့် မာနတ်၏တိုက်ခိုက်သောလက်နက်တို့သည်
ဘုရားလောင်းတော်ထံ မရောက်လာနိုင်ချေ။
မာနတ်က ဗောဓိပင်နှင့် ရွှေပလ္လင်သည် သူ၏ပလ္လင်သာဖြစ်လေသည်ဟုပြောဆိုပြီး နောက်လိုက်
စစ်သည်အများကိုသက်သေထူထေသည်။ဘုရားလောင်းတော်ကား.."ငါသည်ပါရမီ ဆယ်ပါးအပြား
သုံးဆယ်တို့ကို ဖြည့်ကျင့်ခဲ့သည်၊စွန်ခြင်းကြီးငါးပါး၊စရိယာသုံးပါး၊တို့ကို ဖြည့်ကျင့်ခဲ့လေသောကြောင့်
ပေါ်ပေါက်လာခဲ့သော ၊ပလ္လင်ဖြစ်၍ ဤပလ္လင်တော်ကိုငါသာပိုင်သည်ဟုဆိုလေသော်"
မာနတ်နှင့်စစ်သည်တို့သည်၊ ဒေါသထွက်လာပြီးဘုရားလောင်းတော်အားလက်နက်အမျိုမျိုး
တို့ဖြင့်ပစ်ခတ်တိုက်ခိုက်လာသည်ကို၊ ဘုရားလောင်းတော်က ပါရမီတော်တို့ကိုဆင်ခြင်အောက်
မေ့နေတော်မူသဖြင့်၊ပါရမီတော်တို့၏ အစွမ်းတန်ခိုး တော်ကြောင့် မာရစစ်သည်တို့ပစ်ခတ်တိုက်
ခိုက်လာသော လက်နက်တို့သည် အချည်းနှီးသာဖြစ်ကြကုန်၏။မာရ်နတ်သည်ပလ္လင်တော်ကိုသူ
သာပိုင်ဆိုကြောင်း နောက်လိုက်စစ်သည်တို့အားသက်သေထူလေ၏၊
ဘုရားလောင်းတော်သည် မဟာပထဝီမြေကြီးကို လက်ယာလက်တော်ဖြင့်ထောက်၍ညွှန်းဆိုပြီး
်ပလ္လင်တော်ပိုင်ကြောင်းကိုသက်သေထူညွှန်းဆိုတော်မူလျှင် ဘုရားလောင်းတော်၏ ပါရမီတော်
အစွမ်းအားကြောင့် မဟာပထဝီမြေကြီးသည်ပြင်းထန်စွာတုန်လှုပ်မည်ဟီးလေသော်၊မာရ်နတ်နှင့်
စစ်သည်တို့သည်ြေဦးတည့်ရာပြေးကြလေကုန်၏။နဂါး၊ဂဠုန်၊နတ်၊ဗြဟ္မာ ပရိသတ်များက မာရ်နတ်
စစ်ရှုံးလေပြီ၊ဘုရားလောင်းတော်သည် အောင်ခြင်းကြီးအောင်မြင်တော်မူခဲ့လေပြီ ဟု-ကြွေကြော်
ကြကားပူဇော်ကြလေကုန်၏။










အောင်ခြင်းရှစ်ပါး(စိုးစန္ဒာထွန်း)