အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Monday 3 October 2011

.................................မမြဲခြင်းတရား.........................



*ဘုရားမြတ်စွာ၊
ဟောမိန့် မှာခဲ့၊
သူငါသတ္တ၊
ဤလောကတွင်၊
ချစ်ကြခင်ကြ၊
မြတ်နိုးကြလည်း၊
ဘဝမခြား၊
သက်ရှင်ငြားလျှက်၊
ဝေးသွားကွာကာ-ခွဲရပါ၏။

*များစွာဘဝ၊
ခြားနားကြလျှက်၊
ခွဲရပြန်ကာ၊
ဧကန်အသစ်၊
တစ်ဖန်ဖြစ်၍၊
အဖြစ်ထင်ရှား၊
ထိုတရားကို၊
ပွားများအမြဲ၊
မပျက်ဘဲလျှက်၊
ခိုင်မြဲတောင့်တ၊
လိုလားကြလည်း၊
မရဘယ်ခါ-အနိစ္စတည်း။

*ဖြစ်လာပျက်ပြန်၊
လောကဓံသည်၊
ဧကံမုချ၊
အနိစ္စဟု၊
စိတ်မှသိမြင်၊
မြဲဆင်ခြင်-မှန်ပင်တွေ့ရမည်။
(သတ္တ=သတ္တဝါ)

အရှင်ဝိစိတ္တသာရ(ပျော်ဘွယ်)




No comments:

Post a Comment