အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Tuesday 11 October 2011

.....................သူတို့ ၏အတွေးအမြင်များ.......................





၁။ကျွန်ုပ်သည် ဗုဒ္ဓကို ပို၍နားလည်သဘောပေါက်လေ ပို၍ကြည်ညိုလေ ဖြစ်မိပါသည်။(ဖော့ဘော)။



၂။"ငါဆိုသည့်" အတ္တသည် ဒုက္ခ ဆင်းရဲမှန်သမျှ ပူပင်သောကမှန်သမျှ ဆောက်တည်ရာမရသည့်
အမှူ့မှန်သမျှစိတ်ဆင်းရဲရမှူ့မှန် သမျှ ၏ အရင်းခံအကြောင်းတရားဖြစ်သည်။ (အရှင်နာရဒ)

၃။လောကကြီးထဲဝင်လာတော့ လည်း ဘာကြောင့်ဆိုတာမသိပါ၊ဘယ်ကလာခဲ့တယ်
ဆိုတာကိုလည်းမသိမသိဘဲ၊ဒီလောကထဲကို၊ရောက်လာတာ၊ထင်ရာစီးဆင်းနေတဲ့ရေလိုပါပဲ၊
လောကကြီးထဲက၊ထွက်ခွာသွားရတော့လည်း၊ဘယ်ကိုသွားရမယ်ဆိုတာ၊မသိဘဲ၊
ထွက်သွားရပြန်တယ်၊ကန္တာရကြီးထဲမှာ၊ထင်ရာတိုက်ခတ်နေတဲ့ လေလိုပါပဲ။(အိုမာရ်ခိုက်ယမ်)

၎။ဗုဒ္ဓ ဝါဒ၏ အခြေခံသဘောသည် ၊ကိုယ်ကျင့် တရားပင်ဖြစ်သည်။ အသိဥာဏ်ပညာသည်၊၊
ဗုဒ္ဓလမ်းစဉ်၏ အထွဋ်။အမြတ်ပင်ဖြစ်သည်။(အရှင်နာရဒ)။

၅။ပစ္စုပ္ပန်ချမ်းသာ၊သံသရာချမ်းသာနှစ်ဖြာကို ၊ပေးစွမ်းနိုင်တာဟာ ၊
ဘုရားရှင် အဆုံးအမတော်ကလွဲလို့ ၊တခြား မရှိဘူး။(ဝေဘူဆရာတာ်)

၆။သီလဆောက်တည်ပြီးလျှင်၊ပြည့်စုံအောင်ဖြည့်ကြ၊ဖြည့်လို့ပြည့်စုံပြီဆိုလျှင်၊မိမိစိတ် အလိုတောင့်တ
တဲ့အတိုင်းပြီးမယ်၊ယခုလဲချမ်းသာမယ်၊နောင်လည်းချမ်းသာမယ်(ဝေဘူဆရာတော်)

၇။မိမိကြောင့်သာလျှင် မစင်မကြယ်။ညစ်ညူးရသည်၊ညစ်ညူးမှူ့စဉ်ကြယ်မှူ့သည်၊မိမိအပေါ်၌
သာ၊မူတည်သည်။(အရှင်နာရဒ၊)

၈။"ငါ"ဟု စွဲလမ်းမှူ့ကို ပယ်ခွာလိုက် နိုင်ခြင်းသည်၊အမှန်တကယ်အမြင့်မားဆုံးသော၊
ပျော်ရွှင်မှူ့ပင်ဖြစ်သည်။(အရှင်နာရဒ)

၉။ဤလောက၌၊ပစ္စုပ္ပန်မှာသာ၊ကောင်းအောင်ပြုပြင်နေထိုင်လုပ်ကိုင်ပါ၊ပစ္စုပ္ပန်ကောင်းလျှင်၊အတိတ်၊
အနာဂါတ်၊များလည်းကောင်းလာပေမည်။(Shwe-Nat)

၁၀။"အချစ်မှာ"နာမဝိသေသန မလိုဘူးလို့ ယုံကြည်ပါ၊အချစ်စစ် အချစ်မှန် ၊မမြဲတဲ့အချစ်၊အချစ်မှာ၊
ဝိသေသနမလိုပါ၊ဖြူစင်မှူ့၊သစ္စာရှိမှူ့ရဲ့၊ အနှစ်သာရကိုသာကြည့်ပါ။(Purk)

၁၁။လေးနက်တဲ့အချစ်ဟာတဖြည်းဖြည်းရှင်သန်တယ်၊အချစ်စစ်၊အချစ်မှန်ဟာလည်း၊အချိန်အခါနဲ့ လေးနက်ပေါက်ဖွား လာရတယ်။

၁၂။ကိလေသာ တဏှာကြောင့်၊ ဝမ်းသာပျော်ရွှင်မှူ့၊ပူလောင်မှူု သောကရောက်ရမှူ့၊ဆင်းရဲ ရမ
ှူ့တို့ဖြစ်ကြရကုန်၏၊ကိလေသာမှလွတ်မြောက်သူသည်၊တကယ့်အေးငြိမ်းချမ်းသာ၊အစစ်အမှန်ကို၊ ရရှိလေတော့သည်။
(shwe-Nat)
၁၃။ ဘဝမှာ အချစ်မရှိရင် ကျုပ်တို့နေတဲ့ ဒီကမ္ဘာလောကကြီးဟာ၊ဒုက္ခဘုံဖြစ်သွားမှာပေါ့။(Emerson)

၁၄။အချစ်ဟာ ဘဝရဲ့ နေရောင်၊အလင်းရောင်ဖြစ်ပါတယ်၊ (ူlord Avebury)

၁၅။အချစ်ဟာပထမတာဝန်၊ပြီးတော့ ပျော်ရွှင်ခြင်းဆိုတာ၊မိန်းကလေးတိုင်း၊သဘေပေါက်ရမယ်။(Vasili)

၁၆။လောကမှာ၊အချစ်ဆုံအရာဟာ၊ဒုက္ခအပေးဆုံး၊ချစ်စရာတစ်ခုသာရှိရင်ဒုက္ခတစ်ခု၊ချစ်စရာများရင် ဒုက္ခလည်းများ၊ချစ်စရာမရျိရင်ဒုက္ခလည်းမရှိတော့ဘူးဟူ၍မှတ်။(အရှင်ဇနကာဘိဝံသ)။

၁၇။သူတပါးအကျိုးမသည်ပိုးက၊ကိုယ့်အကျိုးမရှိနိုင်။(အရှင်ဖနကာဘိဝံသ)

၁၈။လောက၌-မိမိကောင်းကျိုးအတွက်လည်းကျိုးစားလုပ်ပါ၊သူတစ်ပါးကောင်းကျိုးအတွက်လည်း ကျိုးစားဆောင်ရွက်ပါ၊သင့်အတွက်ချမ်းသာနိဗ္ဗာန်သည်လမ်းပွင့်နေမည်သာဖြစ်သည်။(shwe-Nat)

၁၉။ပညာရေးသမားဆိုတာသူ့ တပည့်များကို စဉ်းစားဆငိခြင်တတ်အောာင် ပြုစုလမ်းညွှန်တတ်တဲ့၊
ဆရာသမားပဲဖြစ်တယ်။(ဆိုကရေးတီး)socrates.

၂၀။ပညာဆိုတာ၊စာပေပညာကိုသာ ပြောတာမဟုတ်ဘူး၊သူ့ အရွယ်နဲ့သူ၊အသက်မွေးဝမ်း
ကျောင်းဆိုင်ရာ၊လက်မှု့၊နုတ်မှူ့၊ပညာ အတတ်များအားလုံးပါဝင်ကြတယ်၊။(အရှင်ဇနကာဘိဝံသ)

၂၁။လောကကြီးထဲမှာ၊ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ၊သူများဆင်းရဲဒုက္ခရောက်မှ၊
ကိုယ်ချမ်းသာရတာမျိုး ၊တော့ မဖြစ်စေနဲ့၊မလုပ်ရဘူး၊သူမျာ်း၊ကိုယ်စိတ်၊ဆင်းရဲအောင်၊
မလုပ်ကြရ၊အနစ်နာခံစရာရှိရင်၊ကိုယ်သာခံ၊ဒါလူ့ သီလပဲ။

၂၂။သမိုင်း က စစ်ကို နှစ်မျိုးခွဲပြတယ်၊တရားသောစစ်နဲ့ မတရားသောစစ်၊(မော်စီတုန်း)

၂၃။လောကကြီးပွားရေးမှာ ပညာဟာ အဓိက "အား"ပါပဲ၊(အရှင်ဇနကာဘိဝံသ)

၂၄၊။သမိုင်းမှတ်တမ်းတင်သူတွေဟာ၊ဘက်မလိုက်ရဘူး၊ချစ်လို့ မြောက်ပင့်ရေးတယ်၊
မုန်းလို့ နှိမ့်ချ ကု့ရဲ့တယ်၊ကြောက်လို့ ဖုံးကွယ်ပြောတယ်၊မသိတာကို ဝန်မခံချင်လို့ ၊
ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုးဘယ်တော့မှ မလုပ် ရဘူး။

ဒေါက်တာသန်းထွန်း။

၂၅။ အတိတ်က အကြောင်းကိုတရားသူကြီးကဲ့သို့
ဘက်မလိုက်ပဲ ဆန္ဒာဂတိ ဒေါသာဂတိ ကင်းစွာ ဗရးသော ပြောသော
သမိုင်းဆရာသည်၊ချီးကျူးဂုဏ်ပြုအပ်သော၊ပုဂ္ဂိုလ် ဖြစ်သည်။(ရာဇတရံဂီဏီ)။

၂၆။
၁။ ဘက်မလိုက်ခြင်း၊ ၂။ကြားနေခြင်း။ ၃။ သမာသမတ်ကျခြင်း။ ၄.ဆန္ဒကင်းခြင်း။(အစွဲကင်ခြင်း)
၅။ဒေါသ အဃာတ ကင်းခြင်း။ ၆။ ရဲရင့်ခြင်း(ကြောက်ခြင်းကင်းခြင်း)၇။အမြင်ကြည်လင်ခြင်း။
(မောဟကင်းခြင်း၊။လက္ခဏာများသည် သမိုင်း သုတေသနအလုပ်၌ "စံ"များဖြစ်သည်။(ပါရဂူ)

၂၇။သမိုင်းဆိုတာ မရေမတွက်နီုင်တဲ့ လူ့ အတ္ထုပ္ပတ္တိများရဲ့ အနှစ်သာရပါပဲ(သောမတ်ကာလိုင်း)

၂၈။ပညာလည်းမရှိ၊သမာဓိ တည်ကြည်ခြင်းလည်းမရှိ သူ၏ အနှစ်တစ်ရာ
အသက်ရှည်ခြင်းထက် ၊သီလရှိ၍၊ ကမ္မဌာန်းတရားရှု့သောသူ၏ တစ်ရက်မျှ
အသက်ရှည်ခြင်းသည် သာ၍မြတ်၏။( မြတ်ဗုဒ္ဒ)

၂၉။ မိုးရေမိုးပေါက်တို့  ကျ ဖန်များသော် ရေအိုးကြီးပင် ပြည့်လေသကဲ့သို့ 
ကောင်းမှု့က်ုအနည်းငယ်ပြုဖန်များသော သူသည် ကောင်းမှု့ဖြင့် ပြည့်လေ၏(မြတ်ဗုဒ္ဒ}

၃၀။ကိုယ့်တိုင်းပြည် လက်လွှတ်ဆုံးရှုံးခံရမည့် အစား၊အသက်ကိုပဓာန မထားပဲ
စွန့့်စာရမယ်၊ဘယ်တော့ မှ သူ့ ကျွန်မခံရဘူး။(ဟိုချီမင်း}

၃၁။ လူတိုင်းဟာ ကိုယ့်ရဲ့ရည် မှန်းချက်ပန်းတိုင်ရှိရမယ်။(အရှင်ဇနကာဘိဝံသ)

၃၂။(အကျင့်ကောင်း)စာရိတ္တ ကို ကလေးတွေကတည်း က သင်ပေးမှ ဖြစ် တယ် ၊
ကြီးမှ သင်ရင် မရတော့ဘူး၊မလွယ်တော့ ဘူး၊(အရှင်ဇနကာဘိဝံသ)။

၃၃။သူတို့ က ရွှေသူဌေး-တို့ က သီလ သူဌေး။
သူတို့က ငွေသူဌေး-တို့ က သမာဓိသူဌေး။
။ စိန် ။ - ။ ဘာဝနာ ။ ။(အရှင်ဇနကာဘိဝံသ)

၃၄။ပညာရေးဦးတည်ချက် ဆိုတာ ဥာဏ်ရည်ဖွံ့ဖြိုးရုံ သက်သက် မဟုတ်၊
ဗဟုသုတရရုံသက်သက်မဟုတ်၊ကလေးဘဝက လူလားမြောက်တဲ့ ဘဝကို
ကောင်းမွန်စွာ ကူးပြောင်းနိုင်ဖို့ ပဲ အသိဥာဏ်မဲ့တဲ့ဘဝက၊ အသိဥာဏ်ရှိတဲ့
ဘဝကို ပြောင်းဖို့ပဲ(အာနိုး)။

၃၅။ အသိညာဏ်မဲ့ပြီး ၊အကြောက်အလန့် မရှိတဲ့၊ တောရိုင်းသတ္တဝါကို၊
ရဲရင့်တယ်၊သတ္တိရှိတယ်လို့ ၊အကျွှုန်ုပ်မခေါ်လိုဘူး၊ အကြောက် အလန့် မရှိ
တာနဲ့  ရဲစွမ်းသတ္တိရှိတယ်ဆိုတာ၊အဓိပ္ပါယ် မတူညီဘူး။(ပလေတို)။

၃၆။ အသိဥာဏ်ရဖို့  ပထမခြေလှမ်းဟာ ၊ကျုပ်တို့ ရဲ့ မသိမှု့ကို ဝန်ခံခြင်းနဲ့၊
မသိမှု့ကို တွေ့ ရှိခြင်းပဲ ဖြစ်တယ်။ (ဆိုကရေတီး)

၃၇။ သုခတစ်ခုမှ၊သုခတစ်ခုကို ရရိုးမရှိ၊ဒုက္ခနဲ့ရင်ဆိုင်မှ သုခကိုရတယ်
(အရှင်ဇနကာဘိဝံသ)
၃၈။ လူတစ်ယောက်ဟာ ၊လူအများနှင်ဆက်သွယ်ရာမှာလူအများရဲ့ လိုအင်ဆန္ဒနဲ့ ကိုက်ညီမှု့
ရှိအောင် ပြုမူဆောင်ရွက်ရမယ်။(မောစီတုန်း)

၃၉။ကျုပ်တို့ ဟာ လူထုထံကိုသွား သူတို့ ထံက သင်ယူလေ့လာ သူတို့ ရဲ့ အတွေ့ အကြုံတွေကို သာ၍
ကောင်းတဲ့ ၊ရှင်းလင်း ပြတ်သားတဲ့။နည်းနာနိဿရည်းတွေ ဖြစ်အောင် စုစည်းယူပါ။
( မောစီတုန်း)
၄၀။မိဘသေရင် ငိုကြွေးကြမယ့်အစား၊မသေခင်က စိတ်ချမ်းသာ ကိုယ်ချမ်းသာ
ဖြစ်အောင် လှလှပပ လုပ်ကျွေးသင့်ပါတယ်။(အရှင်ဇနကာဘိဝံသ)

၄၁။ကလေးတွေဟာ မေတ္တာနဲ့နားလည်မှု့ကို လိုလားတောင့်တသလောက်
ဆရာ့ထံမှသင်ပြမှု့ကို မလိုလားကြပါဘူး(နီးလ်)

၄၂။ မူကြိုကျောင်းဟာ ကလေးတွေအားလုံး တာဝန် ကိုယ်စီယူကြတဲ့ ကမ္ဘာ
လေးပါ၊တစ်ဦးစီရဲ့ အခွင့် အရေးကို အာလုံးကလေးစားကြ၊ ညီရင်းအကိုလို စိတ်ဓာတ်မျိုး
ဖွံ့ဖြိုး စေတနာစုပေါင်း ဆောင်ရွက်တတ်တဲ့ ကမ္ဘာလေးပါပဲ။(ဟပ်)

၄၃။အရှိန် အဝါ မဲ့တာထက် အလိမ္မာမဲ့တာက သာပြီးခက်ပါတယ်၊။(အရှင်ဇကာဘိဝံသ)

၄၅။ အမှားကိုဝေဖန်တန်းစစ်ရမယ်၊ အဲသလို ဝေဖန် ဆန်းစစ်ခြင်းဟာလည်း
တရားသေ တယူသန် မဖြစ်သင့်ဘူး(မော်စီတုန်း)

၄၆။ ဗုဒ္ဒရဲ့ ယဉ်ကျေးမှု့ကိုသာအတိအကျ လိုက်နာကြရင်
ယဉ်ကျေးတဲ့ ကမ္ဘာ့နိုင်ငံကြီးများနဲ့ ရင်ဘောင်တန်းနိုင်တယ်။(အရှင်ဇနကာဘိဝံသ)

၄၇၊ ကမ္ဘာကြီးဟာ တိုးတက်နေတယ်၊အနာဂါတ်ဟာလည်း၊
တောက်ပနေတယ်၊ ဘယ်သူတစ်ဦးတစ်ယောက်ကမှ၊
ဒီသမိုင်းစဥင်္သဘောတရားကို ၊ပြောင်းလဲမပစ်နိုင်ဘူး။(မော်စီတုန်း)

၄၈။နာကြားမှတ်သားခြင်းကြောင့် ဗဟုသုတနှင့် ပြည့်စုံ၏ ၊ဗဟုသုတ
ကြောင့် ၊ပညာဖြင့် တိုးပွား၏၊ ပညာဖြင့် အနက်အဓိပ္ပါယ်ကိုသိ၏။
သိအပ်သောအနက်အဓိပ္ပါယ်သည်၊ချမ်းသာကိုဆောင်တတ်၏။
၄၉။ကလေးငယ်တွေကို စောစီးစွာသင်ယူပါစေ၊ကောင်းကောင်းသင်ယူ
ပါစေ၊ကလေးဘဝဟာလူ့ ဘဝမှာ အရေးအကြီးဆုံးပါပဲ။(ဒေးဗစ်စတိုး)

၄၉။ပညာရေးရဲ့ ကြီးမြတ်တဲ့ အလုပ်ဆိုတာ ၊ကောင်းမြတ်တာကို မြတ်နိုးတတ်အောင်
ကျုပ်တို့ ကို လုပ်ပေးဖို့  ပါပဲ ၊သိရုံသက်သက်မဟုတ်၊ကောင်းတာကိုလက်တွေ့ 
့လုပ်ကြဖို့ ပါပဲ။(အာနိုး)

၅၀။ ဝေဖန်ဆန်းစစ်မှု့ မရှိတဲ့ ဘဝဟာ တန်ဖိုးရှိတဲ့ ဘဝနေမှု့မျိုး မဖြစ်နိုင်။(ဆိုကရေတီး)

၅၁။ မည်သူတစ်ဦးတစ်ယောက်ကမှ ၊ကျွန်ုပ်တို့ ကိုမကယ် နီုင် မိမိတို့ဘာသာ
မိမိကိုယ်ကို၊ကယ်တင်နိုင်သည်။ ကျှန်ုပ်တို့ ကိုယ်တိုင် လျှောက်ရလိမ့်မည်၊
ဗုဒ္ဒက လမ်းကြောင်းကိုသာ သွန်သင်ပြသ ခဲ့သည်။(ဗုဒ္ဒ)

၅၂။ကျွန်ုပ်တို့ သည် ဗုဒ္ဓကို လောကကြီးအတွက် ပေါ်ထွန်းလာသော ဆေးဆရာကဲ့သို .
မြင်ရပါမည်၊ဗုဒ္ဓသည် သတ္တဝါအားလုံးကို ရင်ဝယ်သားကဲ့သို့  မေတ္တာထားတော်မူသည်၊
စိတ်မလျှော့ပဲ၊အမြင်ရှင်းသော လောကကို ကုစားသည် သမားတော်ဖြစ်တော်မူသည်။
အက်နက်အီဝါရင်..

၅၃။ လွတ်လပ်တဲ့ နိုင်ငံမှာ လွတ်လတ်တဲ့ နိုင်ငံသားတစ်ဦးဖြစ်ဖို့ဆိုတာ ၊
နိုင်ငံသားတစ်ဦးရဲံ့ ၊တာဝန်ကို၊သိရမယ်၊ နိုင်ငံတော်အတွက်ဈမိမိကျရာ.
တာဝန်ကို ခွဲဝေထမ်းဆောင်တဲ့သူ၊ဖြစ်ရလိမ့်မယ်။(ဒေါက်တာ အင်နီဘီဆင့်)

၅၄။ ဘဝသည် ပြောင်းလဲသည်၊မမြဲ၊ မမြဲခြင်းသဘောသည်၊
အလိုဆန္ဒကိုမပြည့် ဝစေနိုင်၊ထို့ကြောင့် မမြဲသောအရာ
မှန်သမျှသည် ဒုက္ခဆင်းရဲကို ဖြစ်ပေါ်စေသည်။(ဗုဒ္ဓ)

၅၅။အရေးကိစ္စ ပေါ်ပေါက်လာသောအခါ၊အဆွေခင်ပွန်းကောင်းရှိခြင်းသည်၊ချမ်းသာ၏။
ရသမျှပစ္စည်းဥစ္စာနှင့်ရောင့်ရဲခြင်းသည်၊ချမ်းသာ၏။
အသက်ကုန်ကာနည်း၊ကောင်းမှု့ရှိခြင်းသည်၊ချမ်းသာ၏၊
အလုံးစုံဝဋ်ဆင်းရဲကင်းခြင်းသည် နိဗ္ဗာန်ချမ်းသာကိုရ၏။

၅၆။ သဘောထားကြီးမှု့၊လက်ခံနိုင်မှု့၊သည်းခံမှု့၊သိကွာရှိမှု့၊ချစ်ခင်ကြင်နာမှု့၊
အဲဒီအရည်အချင်းတွေရှိခဲ့ရင်၊လက်ရှိဘဝ၊မှာ ပျှော်ရွှင်နိုင်လိမ့်မယ်၊
အဲဒီပျော်ရွှင်မှု့မျိုးဟာ၊တာရှည်တယ်။(ပက်ထရစ် ဝှုက်ဆိုက်)

၅၇။အလုပ်ဆိုတာဘာလဲ၊အလုပ်ဆိုတာ ရုန်းကန်ခြင်းပဲ။
အောင်မြင်ဖို့ ၊ဖြေရှင်းဖို့၊အခက်အခဲ ပြဿနာရှိတဲ့နေရာဒေသတွေရှိပါတယ်၊
အဲဒီနေရာတွေကိုသွားပြီး။အခက်အခဲတွေ၊ပြဿနာတွေဖြေရှင်းဖို့ ၊
လုပ်ရှားလုပ်ကိုင်ကြမယ်။ (မော်စီတုန်း)

၅၈။အနာဂါတ်မှားယွင်းမှု့ကို၊ရှောင်တိမ်းနီုင်ဖို့ အတိတ်ကမှားယွင်းမှု့တွေကို၊
လေ့လာဆင်ခြင်ပါ၊ လူနာကိုကယ်တင်ဖို့ ၊ရောဂါကိုကုစားရမယ်။
( မော်စီတုန်း)
၅၉။ကျုပ်တို့ ဟာပြဿနာတွေကို ၊ထောင့်ပေါင်းစုံက ၊ကြည့်ရမယ်၊
တစ်နေရာထဲကကွက်ပြီးမကြည့်ရဘူး။ (မော်စီတုန်း)

၆၀။သိလိုစိတ်သည် တွေးခေါ်ရှင်တစ်ဦး၏၊ခံစားမှု့ဖြစ်သည်။
အတွေးအခေါ်သည်ထိုသိလိုစိတ်တွင် စတင်ဖြစ်ပေါ်သည်။(ပလေတို)

၆၁။ ကျုပ်ရဲ့ကောင်းမြတ်လှတဲ့။အရည်အချင်းတစ်ခုကတော့၊
ရိုးသားခြင်းပါပဲ။ (ကားလ်မတ်)

၆၂။ ကုသိုလ်ကောင်းမှု့ကို မြန်မြန် ပြုရာ၏၊
စိတ်ကိုမကောင်းမှု့မှတားမြစ်ရာ၏။ (ဗုဒ္ဓ)

၆၃။မကောင်းမှု ပြုသူသည်၊ကောင်းကင်၌နေနေ၊
သမုဒ္ဒရာ အလယ်၌နေနေ၊တောင်ခေါင်းထဲ၌နေနေ၊
မကောင်းမှု့မှလွတ်ရာအရပ်ဟူ၍မရှိနိုင်။ (ဗုဒ္ဓ)

၆၄။ စစ်ရဲ့ ရည်မှန်းချက်ဆိုတာ အဓိကအားဖြင့်၊
မိမိ ကိုယ်ကိုကာကွယ်ဖို့ ၊ ရန်သူကို ချေမှုန်းဖို့ ပါပဲ။(မော်စီတုန်း)

၆၅။အပြစ်ကို အပြစ်ဟုသိ၊အပြစ်မဟုတ်သည်ကို၊အပြစ်မဟုတ်ဟုသိကုန်သော၊
မှန်သောအယူရှိကုန်သောသူတို့သည်၊ကောင်းသောဘယသို့ သွားကုန်၏။(ဗုဒ္ဓ)

၆၆။ပန်းထိမ်ဆ၇ာသည်၊ငွေမှ အညစ်အကြေးကို တစ်ဖြေးဖြေးထုတ်သကဲ့သို့ ၊
ပညာရှိသည်၊အခွင့်ရတိုင်း၊အနည်းအငယ် သော မိမိ၏ ရာဂအညစ်အကြေးကို
အစဉ်သဖြင့် ထုတ်ပယ်ရာ၏။(ဗုဒ္ဓ)

၆၇။ကမ္ဘာပေါ်ရှိနိုင်ငံသားအားလုံး၊လူသားအားလုံးတို့ ဟာ၊ငြိမ်းချမ်းစွာ၊
တရားမျှတစွာ၊အတူတစ်ကွနေထိုင်ဖို့  ကျွန်ုပ်တို့ သင်ယူ ကြရမယ်။
ဤကဲ့သို့ နေနိုင်ရန်အတွက် ပညာများပေးရပေလိမ့်မယ်။
ရှေးဦးစွာ ကျွန်ုပ်တို့ ကို ကျွန်ုပ်တို့  ပညာပေးရမမယ်။(အားနက်ဟဲမင်းဝေး)

၆၈။ပညာဆိုသည်မှာ တစ်သက်တာတွင်၊တွေ့ ကြုံလာရသော ဖြစ်ရပ် အမျိုးမျိုးကို၊
နိုင်နင်းစွာ စီမံအုပ်ချုပ်နိုင်သော ၊အစွမ်းသတ္တိဖြစ်ပေသည်။(ဒေါက်တာ ဂျွန်ဟစ်ဆင်)။

၆၉။သတိ တရားဟာ အသိဥာဏ်၏ အကြီးဆုံ့းရင်သွေးဖြစ်တယ်။ (ဗစ်တာဟူဂိုး)

" အပ္ပမာဒေန သမ္ပာဒေထ"
် မမေ့မလျှော့ မပေါ့မဆသော သတိတရားဖြင့် ပြီးပြည်စုံအောင်
နေရစ်ကြကုန်လော့။(ဘုရားစကားတော်)။

၇၀။ အသိပညာကို မြတ်နိုးသူမှန်သမျှဟာ ဆုံးမပဲ့ပြင်မှု့ ကို နှစ်သက်တယ်။
ဆုံ့းမပဲ့ပြင်မှု့ ကို မုန်းသူဟာ လူမိုက်ဖြစ်တယ်။ (ရှောလမုန် မင်းကြီးသုတ္တန်စကား)

၇၁။သိပ္ပံ ပညာရပ်တိုင်းဟာ အတွေးအခေါ်အနေဖြင့် စတင်၍ အနုပညာတစ်ရပ်အနေဖြင့်
နိဂုံးချုပ်တယ်။ (ဝီလျှံ ဂျိမ်းစ် ဒျူရန်)။

၇၂။ ဘာသာရေးမပါရှိသည့်၊ သိပ္ပံပညာသည်၊ခြေကျိုးနေ၍
သိပ္ပံပညာမပါတဲ့ ဘာသာရေးက မျက်စိကန်းနေတယ်။ (အယ်ဗတ် အိုင်စတိန်း)

၇၃။ပညာမသင်ကြားပေးခြင်းထက် မွေးဖွားမလာခြင်းက ပိုကောင်းသေးတယ်။
အဘယ့်ကြောင့်ဆိုသော် မသိနားမလည်ခြင်းက ကံဆိုးမှု့ ရဲ့
အရင်းအမြစ်ဖြစ်သောကြောင့် ဖြစ်တယ်။ (ပလေတို)

၇၄။ ပညာဆိုသည်မှာ လူသားတို့ ၏ စိတ်သဘောများအကောင်းဆုံးဖြစ်အောင်၊
ရှေ့ဆောာင်လမ်းပြပေးခြင်း၊ လူသားတို့ ရဲ့အကောင်းဆုံး အရည်အသွေားတွေကို
ဖော်ထုတ်ပေးခြင်းဖြစ်ပါတယ်။ (ဂျွန်ရပ်စ်ကင်း)

၇၅။ မှားဖူးပါတယ်ဟူ၍ ပညာရှိများက ဝန်ခံတတ်တယ်။
မမှားဖူးပါဟူ၍ လူမိုက်တို့ က ကြွေးကြော်တတ်ကြတယ်။( မာတင်လူသာ)


No comments:

Post a Comment