အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Sunday 11 March 2012

..............................အလင်း စကား.....................





မြတ်သောအကျင့်
မြတ်အောင်ကျင့်မှ
မြတ်ရှင့်သာသနာ
မြတ်သည်သာတည်း၊
မြတ်စွာဗုဒ္ဒ
မိန့် မြွက်ဟသည့်
ဓမ္မဒေသနာ
အဖြာဖြာကို
လိုက်နာကျင့်မှ
ချမ်းသာရ၏
ချမ်းသာလိုငြား
သူ ငါ များတို့ 
ဘုရားသာသနာ
ကြုံကြိုက်ခါဝယ်
ဒါနသီလာ
ဘာဝနာကို
ကောင်းစွာကြိုးကုတ်
ကျင့်အားထုတ်လော့။

အရှင်ဝိစိတ္တသာရ(ပျော်ဘွယ်)

(ချမ်းသာ=နိဗ္မာန်ချမ်းသာ၊
ဒါနသီလာ=အလှူပေးခြင်း၊သီလဆောက်တည်ကျင့်သုံးခြင်း
ဘာဝနာ=ဝိပဿနာ၊ဘာဝနာတရားအားထုတ်ခြင်း)

No comments:

Post a Comment