အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Monday 23 July 2012

ပေးနိုင်တဲ့သူ..


ပေးနိုင်တဲ့သူဖြစ်တိုင်းလည်း..
ပေးရဲတဲ့သူမဖြစ်ကြပါဘူး၊
ပစ္စည်းဥစ္စာရတနာဆိုတာ
လူသားတွေရဲ့စိတ်ကို၊
မာန်မာနနှင့် လောဘတရားကိုသာ
ပိုမိုတိုးပွားလာစေပါတယ်။
လူ့ ဘဝဆိုတာ-
တဖြုတ်ဖြုတ်ကြွေ၊
တမြည့်မြည့်ဆွေးသွားတဲ့၊
သစ်သီးသစ်ရွက် ပမာ၊
နောက်ဆုံးတော့-
မြေမှာကြွေကျ၊
မြေခပြီး၊
ဆွေးမြေ့ သွားရမှာ ချည်းပါပဲ။
U Tinwin(santhapye)




"သမိုင်းတွင်ကျန်ဖို့ ရန်-
လူသားသည်၊
အဆိုးတရားများကို
ရှောင်ရှား၍၊
အကောင်းနှင့်အမှန်တရားကို၊
ပြုလုပ်ရမည်ဖြစ်သည်။
လောကနိုက်-
သမိုင်းနှင့်အမှန်တရား-
ပေါ်ပေါက်လာရသော၊
အကြောင်းမှာလည်း၊
သေခြင်းတရား
ရှိနေခြင်းကြောင့်ဖြစ်သည်"။
(MyintHan)





No comments:

Post a Comment