ချမ်းသာ-နိဗ္ဗာန်သို့ -
-----------------
*ခန္ဓာ နာမ်ရုပ်၊
အကောင်ပုပ်သည်၊
အဟုတ်ထင်ရှား၊
အမြင်မှားအောင်၊
သနားညှာတာ၊
ကင်းမဲ့စွာနှင့်၊
တဏှာ အဝိဇ္ဇာ၊
လှည့်ဖြားကာဖြင့်၊
သွေးဆာဖျားယောင်း၊
လှည့်ပတ်ပေါင်းလာ၊
အကြောင်းသံသရာ-များခဲ့ပြီ ။
*မသိ အဝိဇ္ဇာ၊
သည်တဏှာကြောင့်၊
သံသရာဘဝ၊
လည်ပတ်ရပေါင်း-များခဲ့ပြီ ။
*သံသရာထဲ ၊
ဖန်တလဲလဲ၊
ဖြစ်မြဲခါခါ ၊
သည်တဏှာကြောင့်၊
ဒုက္ခာများစွာတွေ့ ခဲ့ပြီ ။
*ခန္ဓာ ဒုက္ခ ၊
မတွေ့ ရအောင် ၊
ဘဝတဏှာ၊
အဝိဇ္ဇာကို ၊
ဖယ်ခွာချွတ်ရ်ျ စွန့် သင့်သည်။
*အဝိဇ္ဇာ တဏှာ၊
ကင်းစင်ကွာရ်ျ ၊
ချမ်းသာအမှန်၊
မြတ်နိဗ္ဗာန်ကို၊
ဧကန်ရောက်ရာ၊
အမှန်သစ္စာ၊
ဖွေရှာကာဖြင့် ၊
* ရှေးဘုရားလောင်း ၊
သူတော်ကောင်းတို့  ၊
အကြောင်းမှန်စွာ၊
ဖြည့်ကျင့်လာသည့် ၊
ဓမ္မာတရား ၊
ပါရမီများကို၊
မခြားနေ့ ည၊
ဖြည့်ကျင့်ကြသော်၊
ကောင်းစွ အမှန်၊
မြတ်နိဗ္ဗာန်ကို၊
ဧကန်အမှန် ရောက်လိမ့်မည်။
(vi-99)
No comments:
Post a Comment