အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Wednesday 28 September 2011

..........................အလှကိုယ်စီ-ရှိကြသည်-.................


*သူရိန်နေမင်း၊
သူ့အဆင်းသည်၊
နေ့ ခင်းမှာသာ၊
ထွန်းလင်းဖြာ၍၊
သာယာတင့်တယ်ပါပေ၏။
*စန္ဒာလမင်း၊
သူ့ အဆင်းလည်း၊
ညခင်းမှာသာ၊
ထွန်းလင်းဖြာ၍၊
သာယာအေးမြ၊တင့်တယ်လှ၏၊
*ရေမြေသနင်း၊
ပြည့်ရှင်မင်းသည်၊
အဆင်းကမ္ဗလာ၊
မင်းတန်ဆာကို၊
ဝတ်ကာဆင်မှ၊တင့်တယ်လှ၏။
*တရားအာသဝါ၊
ကင်းစင်ကွာသည့် ၊
ရဟန္တာမှတ်၊
အရှင်မြတ်သည်၊
သမာပတ်ဈာန်၊
အဘိဥာဏ်ကို၊၊
ဝင်စံစားကာ၊
နေမှသာလျှင်၊
ထွန်းဖြာကျက်သရေ၊တင့်တယ်ပေ၏။
*သုံးလူ့ထွဋ်ထား၊
မြတ်ဘုရားကား၊
အများချိန်ခါ၊
နေ့  ည မှာလည်း၊
ဘယ်ခါမညှိုး
မြတ်တန်ခိုးနှင့်၊
မျိုးမျိုးကျက်သရေ၊
ဂုဏ်လက်စေ၍၊
ထူးထွေဆန်းကျယ်၊တင့်တယ်ပေ၏။


ဒိဝါတပတိ၊အာဒိစ္စော---

အရှင်ဝိစိတ္တသာရ(ပျော်ဘွယ်)(၁၁.၀၂.၀၅).



No comments:

Post a Comment