အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Sunday 25 September 2011

"ဒုတိယ-သင်္ဂါယနာ"


ဗုဒ္ဒသာသနာတော် နှစ်-၁၀၀ တွင် မဇ္ဈိမဒေသ ၌ ကာလာသောကမင်းက ထောက်ပံ့သဖြင့် အရှင်ယသ၊အရှင်သဗ္ဗကာမီ၊ အရှင်ရေဝတ၊နှင့် ရဟန္တာ (၇၀၀)ကြီးမှူး`၍ ၊ဒုတိယ-သင်္ဂါယနာ၊တင်ခဲ့ကြသည်။ ဝေသာလီပြည်၊ဝါဠုကာရုံကျောင်းတော်၌ ကျင်းပခဲ့သည်။ ဝိနည်းသိက္ခပုဒ်(၁၀)မျိုးကို လွန်ကျူးလျှက် ၊ရွှေ၊ငွေ၊အလှူခံသော၊ ဝဇ္ဇီတိုင်းသား ရဟန်းဆိုးများအား အဓမ္မဝါဒီ အဖြစ် ဆုံးဖြတ် ကြသည်။ ထိုအခါက-မြနိမာနိုင်ငံ သရေခေတ္တရာပြည်တွင် ဒွတ္တဘောင်မင်းကြီး အုပ်စိုး သာသနာပြု နေစဉ်၊ဖြစ်။ ထိုနောက်တရားရှူံးသော အဓမ္မဝါဒီများသည် ကောသမ္ဗီပြည်တွင် သင်ပြိုင် မဟာသံဃိက-သင်္ဂါယနာ တင်ကြသည်။ ဂိုဏ်း(၁ဂ)ဂိုဏ်း ကွဲပြားကာ မဟာယာနဂိုဏ်းများဖြစ်ပေါ်လာသည်။
"ဗိဿနိုးနှင့်ဗုဒ္ဓသာသနာ"။ ။ပျူလူမျိုးတို့သည်၊ဗိဿနိုး၊ဟန်လင်း၊ သရေခေတ္တရာ တို့တွင် မြို့ပြတည်ထောင်ကာ ပျူမင်း (၁၃၉၃)ပါး ဆက်လက် စိုးစံ ခဲ့သည်။ ဗုဒ္ဒသာသနာတော်ထွန်းကားခဲ့သည်။ အိန္ဒိယတောင်ပိုင်းနှင်ဆက်ဆံမှူ့ရှိခဲ့သည်။

"သရေခေတ္တရာပြည်နှင့်-ဗုဒ္ဒသာသနာ"။ ။ သရေခေတ္တရာပြည်ကို သာသနာတော်နှစ်(၁၀၁)-ခုနှစ် တွင် သည်ထောင်ခဲ့သည်။ ဒွတ္တဘောင်မင်းလက်ထက် ရဟန္တာ-သုံးထောင်ခန့်  သာသနာပြုနေကြသည်။ ပေါပေါ၊ညည်းည်း၊စည်စည်း၊လျောလျော၊ သောကြမ္မာ၊ မြင်းကဗာ ၊မြသီတင်း၊ ဘုရားတောင်၊ ဆုတောင်ပြည့်၊ပုထိုးကြီး၊စသော စေတီ(၁၁)ဆူ တည်ထားကိုးကွယ်ခဲ့ကြသည်။ သုဝဏ္ဏမာလာမင်းသမီး သည်၊ သုဓမ္မထေရီဘွဲ့ဖြင့် ဘိက္ခူနီမဝတိစဉ်၊ ရဟန်းမိန်းမတစ်ထောင်ကျော်ရှိခဲ့သည်။

"ဟန်လင်းပြည်နှင်ဗုဒ္ဒသာသနာ"။ ။ ပျူလူမျိုးတို့သည် ဟန်လင်ပြည်ကိုလည်း တည်ထောင်ခဲ့ကြသည်။ သာသနာတော်ထွန်းကား၍ ယောင်္ကျားရော မိန်မပါ ရဟန်းဝတ်ကြသဖြင့် ဘိက္ခူနှင့်၊ဘိက္ခူနီမများ ရှိခဲ့ကြသည်။

No comments:

Post a Comment