အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Friday 23 September 2011

ရည်မှန်းချက်ပန်းတိုင် ရောက်ကြောင်းတရား'လေး'ပါး။



သမ္ပဒါတရားလေးပါးကိုစီးပွားဥစ္စာကြီးပွားချမ်းသာကြောင်းတရားများဟု၊ အများကထင်ကြသည်။
ရေးကြသည်။မှန်သင့်သလောက်မှန်သော်လည်း၊ပြည့်ပြည့်စုံစုံမမှန်ပါ၊။ သမ္ပဒါတရားလေးပါးသည်၊စီးပွားရေးသမားတို့၏၊စီးပွားဥစ္စာချမ်းသာကြောင်းနှင့်လည်းဆိုင်သည်။ စာသင်သားတို့၏စာသင်ပြီးမြောက်ကြောင်းနှင့်လည်းဆိုင်သည်။ခရီးသည်တို၏ ပန်းတိုင်ရောက်ကြောင်းနှင့်လည်းဆိုင်သည်။
တရားရှာသူတို့၏၊တရားရကြောင်းတို့နှင်လည်းဆိုင်သည်။စီးပွားရေး၊ကြီးပွားရေး၊လူမှု့ရေး၊ နိုင်ငံရေး၊စသည့်၊
မည်သည့်အရေးနှင့်မဆို သက်ဆိုင်နေသည်။ အသုံးဝင်နေသည်။ ဆက်စပ်နေသည်။
မြတ်စွာဘုရားက_ သမ္ပဒါတရားလေးပါးကို ဟောထားတော်မူသည်မှာ-
၁။ဥဋ္ဌာန=ကြိုးစားအားထုတ်မှူ့ ။
၂။အာရက္ခ=ထိန်းသိမ်းစောင့်ရှောက်မှူ့။
၃။ကလျှာဏမိတ္တ=မိတ်ဆွေကောင်းရရှိမှူ့။
၎။သမဇီဝိတ=မျှတစွာအသက်မွေးမှူ့တို့ဖြစ်သည်။

ဤလေးပါးအနက်၊သမဇီဝိတဟူသောဝေါဟာရကို၊စီပွားရေးသမားများအတွက်၊အသက်မွေးမှူ့ကို၊ ဦးတည်ခေါင်းတပ်ပြောထားသော်လည်းမျှတအောင်သင့်၊တော်အောင်၊ကိုက်ညီအောင်၊မှန်ကန်အောင်၊ အသက်မွေးမှူ့၊ရောင်းဝယ်မှူ၊သုံးစွဲမှူ့၊စားသောက်မူ့၊နေထိုင်မှု့၊သွာလာမှူ့၊ဆက်ဆံမှူ့၊ပြောဆိုမှူ့ဖြေဆိုမှူ့၊ စသည်ဖြင့်အားလုံးနှင့်သက်ဆိုင်သည်။သမဇီဝိတမှတစ်ပါးသော ဥဋ္ဌာန၊အာရက္ခ၊ကလျာဏမိတ္တ.၃ပါးတို့၏၊
အရာခပ်သိမ်းနှင့်ပတ်သက်မှူ့ကားအထူးပြောစရာာပင်မလိုပေ။
မည်သည့်အရေးအရာပင်မဆိုကြိုးစားအားထုတ်မှူ့လိုအပ်သည်။မကြိုးစားလျှင်ထိုက်တန်သည့် အရာကိုမရရှိနိုင်ပေ၊ဘုန်းတော်၊ကံတော်၊ဥာဏ်တော်၊အနန္တနှင့်ပြည့်စုံတော်မူသော ဘုရားရှင်သော်မှ
ဘုရားဖြစ်ဖို့ရန်ကြိုးစားရသေးလျှင် အခြားသူများမှာ ကြိုးစားဘို့လိုအပ်ကြောင်းအထူးပြောစရာမလိုပေ။
"ကြိုးစားကဘုရားဖြစ်"ဟူသောစကားပုံမှာလည်းကြိုးစားလျှင်ထိပ်ဆုံးအဆင့်ဘုရားအဖြစ်သို့ပင် ရောက်ရှိနိုင်သည်။အခြားအဆင့်များပြောဘွယ်ရာမရှိပေ။

'ယောင်္ကျားတံခွန်၊လူရည်ချွန်က၊မိုးစွန်တမွတ်(မိုးစွန်အထွဋ်)၊(ကောင်းကင်အထွဋ်)၊ကြယ်ကိုဆွတ်လည်း
မလွတ်စတမ်းရမြဲတမ်းတည်း"ဟူသောစကားပုံသည်လည်း၊ယောင်္ကျားတို့၏လုံ့လစွမ်းအားကြောင့်၊ ကောင်ကင်က ကြယ်ကိုဆွတ်ယူနိုင်ကြောင်း ၊ ပြောပြလိုရင်းဖြစ်သည်။
လိုတိုင်းရတတိုင်ပြီး၊ဘုန်းကံကြီးမားတဲ့၊သိကြားမင်းကလုံ့လဝီရီယမရှိသောသူ၏သား "သုဝီရကို"ကြိုးစားအားထုတ်မှူ့မရှိဘဲ ချမ်းသာသုခရရှိနိုင်သည့် နေရာဒေသရှိလျှင် သင်သွားလည်း၊
သွားနေပါ၊ငါ့ကိုလည်းပို့ပေးပါ"ဟု ပြောကြားသောစကားမှာလည်း ကြိုးစားအားထုတ်မှ ချမ်းသာသုခကို၊
ရရှိနိုင်ကြောင်း၊မကြိုးစာဘဲ၊ချမ်းသာသုခရရှိနိုင်သည့် နေရာဒေသမရှိနိုင်ကြောင်း၊ကိုပြောလိုရင်းဖြစ်သည်။မဂ်ဥာဏ်ဟူသောဗောဓိ၏ဘက်တော်သား၊ ဗောဓိပက္ခိယတရား၊၃၇ပါးတွင်၊ဝီရိယကိုအများဆုံးထား၍၊၉.ဋ္ဌာနတိုင်အောင်ဟောကြားထားခြင်းကပင် ကြိုးစားအားထုတ်မှူ့၊ဥဋ္ဌာနသမ္ပဒါ၊အထူးလိုအပ်ကြောင်းပြလိုရင်ြးဖစ်သည်။ဥဋ္ဌာနသမ္ပဒါဖြင့်မည်မျှပင် ကြိုးစားထားသော်လည်း၊ထိန်းသိမ်းမှု့အာရက္ခသမ္ပဒါမရှိလျှင်၊အရာမထင်နိုင်။မကြီးပွားနိုင်။ မတိုးတက်နိုင်၊စီးပွားရေးသမားများလည်း၊ မိမိကြိုးစားရှာဖွေ စုဆောင်းထားသော၊
စီးပွားဥစ္ဏာများကို အဖတ်တင်အောင် ထိန်းသိန်းထားရမည်။စာသင်သားများလည်း မိမိသင်ကြားထားသော
စာပေဗဟုသုတများကို၊မမေ့ပျောက်အောင်၊ထိန်းသိမ်းထားရမည်။တရားအားထ်ုသူများလည်း မိမိကြိုးစားအားထုတ်ထားသော၊သီလ၊သမာဓိဈပညာ၊တရားများကိုမပျောက်ပျက်အောင်တည်တ၊ံ့ ပြန်ပွားအောင်ထိန်းသိမ်းထားရမည်။

ဤသို့စသည်ဖြင့်မည်သည့်အရေးအရာတိုင်းမှာမဆို၊ရရှိထားသောအခြေအနေနှင့်အဆင့်အတန်းကို၊ ထိန်မထားနိုင်လျှင်၊ကြိုးစာရကြိုးမနပ်နိုင်ပေ။ ထို့ကြောင့်.အာရက္ခသမ္ပးဒါလည်းလိုအပ်သည်။
အပေါင်းအသင်းသည်လည်ဘဝကြီူးပွားတိုးတက်ရေး၊ဆုပ်ယုတ်ပျက်ပြားရေးတို့အတွက်၊အဓိက ဇာတ်ဆောင်ဖြစ်သည်။"အပေါင်းကြောင့်ဂုဏ်တက်၊အပေါင်းကြောင့်ဂုဏ်ပျဏ်"ဟု ပြောဆိုလေ့ရှိကြသည်။မိတ်ကောင်းဆွေကောင်းကိုပေါင်းမိလျှင် ကြီးပွားတိုးတက်နိုင်သလို ယုတ်ညံ့သော
မိတ်ဆွေကိုပေါင်းမိလျှင်ဆုပ်ယုတ်ပျက်ပြားမည်သာဧကန်ဖြစ်သည်။မင်္ဂလာတရားတော်၌ ၊ပညာရှိသူတော်ကောင်းကို ပေါင်းသင်းခြင်းသည်။ ကြီးပွားကြောင်းမင်္ဂလာဖြစ်သကဲ့သို့ လူဆိုးလူမိုက်ကို
မပေါင်းသင်းခြင်းရှောင်ကြဉ်ခြင်းသည် ကြီးပွားကြောင်းမင်္ဂလာတစ်ပါးပင်ဖြစ်သည်။ဤသမ္ပဒါအရာ၌၊
မိတ်ကောင်းဆွေကောင်း အမှီကောငိးကို ကလျှာမိတ္တသမ္ပးဒါဟု လာရှိသည်။ လောကုတ္တရာရေးဖြစ်သည့်
မဂ်ဖိုလ်,နိဗ္ဗာန်ရရေးအတွက်ကား၊ ကလျှာဏမိတ္တ ရာနုန်းပြည့် လိုအပ်ကြောင်း မြတ်စွာဘုရားဟောကြားထား
တော်မူသည်။

နိဂုံးချုပ်အနေဖြင့်- သြဝါဒပေးလိုသည်မှာ-
ရည်ရွယ်ချက်ကြီးမားစွာဖြင့်နိုင်ငံရပ်ခြားသွား၍ပညာသင်ကြားနေကြသောမြန်မာ့သားကောင်း ပညာသင်ရဟန်းတော်များသည်အရှင်တို့၏ရည်ရွယ်ချက်၊ဦးတည်ချက်၊လိုအပ်လျက်၊မျှော်မှန်ချက်များ ပြည်စုံစေရန် အောင်မြင်စေရန်၊ ပြီးမြောက်စေရန်၊ -

၁။ကြိုးစားကြပါ။၂.။ကြိုးစားရှာဖွေစုဆောင်းခဲ့သမျှ မပျောက်ပျက်အောင် ထိန်းသိမ်းထားကြပါ။
၃။မိမိလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်သည့် မိတ်ဆွေကောင်းကို၊ ပေါင်းသင်းကြပါ။
၎။မိမိစုဆောင်းထားချက်များကို၊စနစ်တကျအသုံးချကြပါဟု၊တိုက်တွန်းရင်းတပည့်တော်၏၊ သြဝါဒကထာကိုအဆုံးသတ်အပ်ပါသတည်း။


ဆရာတော်ဦးတိလောကာဘိဝံသ.။(အင်းစိန်-ရွာမ)။

No comments:

Post a Comment