အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Friday 28 October 2011

မဟာဗောဓိမြိုင်ဆရာတော်



" လူပူမြှူ လူဖြူမဖြစ်နိုင်"

ကိလေသာပူ ဥာဉ်မြူတို့ ဖြင့်
အလိမ်းလိမ်းပေကျံနေသူ၏၊
မြှူပင့် ပင့်ခြင်းကို အသင့်လိုက်ပါနေပါက၊
ဖြူစင်မြတ် အရိယာဇာတ်မရောက်နိုင်၊
အရိယာတို့ ၏ ဖြူစင်ခြင်းစကားသည်
ရန်သူကို ရန်သူလိုသဘောထား၊
မိတ်အဖြစ် တံခါးဖွင့်မပေးရာမှ
ရသောစကားဖြစ်နေခြင်းကြောင့်တည်း။


"လူစိတ်သွင်း ရိပ်ခင်းမဟာသွေး"

လူ့ စိတ်ရင်းသည် ခွဲခြမ်းစိတ်ဖြာ ဥာဏ်ပညာပင်ဖြစ်၏ ။
လူနှင့်တိရစ္ဆာန် ဥာဏ်ပါ၊ ဥာဏ်မပါဖြင့်သာ တိုင်းထွာရစမြဲပင်။
သို့ ဖြစ်ရာ--
လူ့ စိတ်ရင်း သွင်ထားပြီးရှိသူသာ မဟာဘွဲ့ တံဆိပ်ချိပ်ခွင့်ရှိကြ၏။
မဟာဆိုသောထိုစကား-
မြင့်ခြင်းနှင့် မြတ်ခြင်းများ၏ သင်္ကေတထားတည်း။

No comments:

Post a Comment