အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Wednesday 25 January 2012

....................ဆေးဖက်ဝင် ငှက်ပျောသီး.....................





ငှက်ပျောသီးကို ကျွန်ုပ်တို့ သည် သရေစာအဖြစ်သော်လည်းကောင်း၊အစာ စားပြီးအချိုတည်း
သည့်အနေဖြင့်သော်လည်းကောင်း နေ့ စဉ်စားသုံးနေကြပေသည်။ သို့ သော်ငှက်ပျောသီးသည်
ဆေးဖက်ဝင်သည်ဟု သိရှိသူနည်းပါးပေလိမ့်မည်။ ဤဆောင်းပါး ဖတ်ပြီးပါက သင်သည်
ငှက်ပျောသီးကို ယခင်ကဲ့သို့  သရေစာအနေဖြင့်သာ သဘောထားတော့မည်မဟုတ်ပေ။
ငှက်ပျောသီးတွင် သဘာဝ အချိုဓာတ် (သကြားဓာတ်)သုံးမျိုးပါဝင်သည်။၎ှင်းတို့ မှာ စူကရို့စ်
(Sucrose) ဖရပ်တို့ စ် (Fructose)နှင့် ဂလူးကို့ စ် (Glucose)တို့ ဖြစ်ကြလျှက် ဖိုင်ဘာခေါ် အမျှင်
တို့ ဖြင့် ရောနှောပါဝင်နေကြသည်။ ငှက်ပျောသီးသည် ရုတ်ချည်း အားအင်တိုးမြင့်သွားစေ၍ အား
အင်ကိုလည်း ကြာရှည်ထိန်းထားနိုင်စွမ်း ရှိပေသည်။
သုတေသန စမ်းသပ်တွေ့ ရှိချက်များအရ ငှက်ပျောသီးနှစ်လုံးသည် အားအင်များစွာလိုအပ်သော
မိနစ်ကိုးဆယ်ကြာ လေ့ကျင့်ခန်းကို မနားတမ်းလုပ်နိုင်သော အားအင်အပြည့်အဝ ပေးနိုင်သည်ဟု
သက်သေခိုင်လုံစွာ ပြနိုင်ခဲ့ပါသည်။ ထို့ ကြောင့်ပင်လျှင် ကမ္ဘာ့ထူးချွန်သောအားကစားသမားများ
အတွက် ငှက်ပျောသီးသည် အသီးများထဲတွင် နံပါတ်တစ် အစာဖြစ်နေသည်မှာမထူးဆန်းတော့ပေ။
ငှက်ပျောသီးသည် ကျွန်ုပ်တို့ ကို အားအင်ပြည့်ဝစေလျှက်ကျန်းမာသန်စွမ်းစေရန် အထောက်အကူ
ပြု ရုံသာမက မဖျားမနာစေရန်လည်း တားဆီးကာကွယ်ပေးသည်။ဖျားနာနေပါကလည်းထိုဖျားနာ
ခြင်းမှပျောက်ကင်းစေခြင်းစသော အကျိုးထူးများကို ရရှိစေသည်။ထို့ ကြောင့် ကျွန်ုပ်တို့ ၏ နေ့စဉ်
စားသုံးသင့်သော အစားအစာများ တွင် ဖြည့်စွက် စားသုံးသင့်သော အသီးတစ်မျိုး လည်းဖြစ်
ပေသည်။ငှက်ပျေားသီးသည် အထက်ပါ ကောင်းကျိုးများအပြင် အောက်ပါရောဂါများအတွက်
လည်းကောင်းမွန်ကြောင်း လေ့လာသိရှိရသည်။

(၁) စိတ်ကျရောဂါ-
မကြာသေးမှီကစိတ်ကျရောဂါဖိစီးနေသော ရောဂါရှင်များအား လေ့လာတွေ့ ရှိချက်အရ စိတ်ကျ
ရောဂါ ခံစားနေရသော ရောဂါရှင်အများအပြားပင် ငှက်ပျောသီးစားသုံးပြီးပါက စိတ်အခြေအနေအလွန်ကောင်းမွန်လာသည်ကို တွေ့ ရှိရသည်။ ငှက်ပျောသီးတွင် Typtophan
ခေါ် ပရိုတိန်းဓာတ်တစ်မျိုး ပါဝင်လျှက် ထိုဓာတ်သည် လူ၏ခန္ဓာကိုယ်ကှိုSerotonin အဖြစ် ပြုပြင်ပြောင်းလဲလိုက်ပေသည်။ တစ်နည်းဆိုရသော် လူ၏စိတ်တွင် ရွှင်လန်းပေါ့ပါးသွားစေလျှက်
စိတ်အခြေအနေ ပိုမိုကောင်းမွန်လာစေကာ စိတ်ပျော်ရွှင်မှု့ကို ဖန်တီးပေးလေသည်။ထို့ ကြောင့်
ပင်လျှင် အချို့က "သောက်ဆေးများကို ဘေးဖယ်ထားပါ၊ငှက်ပျောသီးမှန်မှန်စားပါ၊"ဟုပင် အဆို
ပြုကြလေသည်။ ငှက်ပျောသီးတွင်ပါဝင်သော ဗိုက်တာမင် (B)သည် သွေးထဲတွင်ပါဝင်သော
အချိုဓာတ်ပါဝင်မှု့နှုန်းကို ထိန်းပေးထားပါသည်။

(၂) သွေးအားနည်းခြင်း-
ငှက်ပျောသီးသည် သံဓာတ်များစွာပါဝင်သည်။ သွေးထဲတွင် ဟေမိုဂလိုဘင် Gaemoglobin
ဖြစ်ပေါ်လာအောင် လုံ့ဆော်ပေးလျှက် သွေးအားနည်းရောဂါ မဖြစ်ပွားအောင် ကူညီပေးပါသည်။

(၃) သွေးတိုးရောဂါဖြစ်ခြင်း-
ပြိုင်ဘယ်ကင်းသော အပူပိုင်းဒေသထွက် အသီးတစ်မျိုးဖြစ်သော ငှက်ပျောသီးတွင် ပိုတက်စီ
ယမ်ဓာတ်များ စွာပါဝင်သည်။ ဆားဓာတ်နည်းပါးသဖြင့် သွေးတိုးရောဂါသမားများအတွက် အစာ
ကောင်းတစ်ခု ဖြစ်လေသည်။မည်မျှကောင်းသနည်းဟူမူ အမေရိကန်အစားအစာနှင့် ဆေးဝါးထိန်း
ချုပ်ရေးအဖွဲ့ က ငှက်ပျောပင်များ စိုက်ပျိုးစေရန် အားပေးလှုံ့ဆော်၍ ငှက်ပျောသီးစားသုံးခြင်းဖြင့်
သွေးတိုးရောဂါ ဖြစ်ပွားရန်နှင့် လေဖြတ်ရောဂါ ဖြစ်ပွားစေရန်နုန်း နည်းပါးလာကြောင်း တရားဝင်
ပြောဆိုနေကြပေပြီ။

(၄) ဦးနှောက်စွမ်းအား-
အမေရိကန်ပြည် ၊ မစ်ဘယ်တက်(စ်) ဒေသရှိ ကင်(မ်)ဒေသရှိ ကင်(မ်)ဟင်(မ်)ကျောင်း၌ ကျောင်း
သား ၂၀၀-တို့ ကို စာသင်နှစ်တနှစ်လုံး နံနက်စာစားချိန်တစ်ခါ ၊နံနက်ပိုင်းအတန်းနားချိန်တစ်ခါ၊နေ့ 
လယ်စာစားချိန်တစ်ခါ၊ သုံးခါတိတိ ၄ှင်းတို့ ၏ ဦးနှောက်စွမ်းအား မြင့်မားစေရန် ၄ှက်ပျောသီးစားစေ
ခဲ့ပါသည်။ထိုသုတေသနပြု ချက် လေ့လာချက်အရ ပိုတက်စီယမ်ဓာတ် ပြည့်ဝနေသော ငှက်ပျောသီး
သည် စာသင်သားတို့ အား စာသင်ကြားရာတွင် ဦးနှောက်နိုးကြားမှု့ ၌ အထောက်အကူပြုကြောင်း
တွေ့ ရှိရပါသည်။

(၅) ဝမ်းချုပ်ခြင်း=
အမျှင်ဓာတ်များစွာပါဝင်သဖြင့် ငှက်ပျောသီးသည် ဝမ်းဗိုက်အတွင်း အစာကြေလွယ်ပြီး ဝမ်းချုပ်ခြင်း
မှလည်း ကာကွယ်ပေးကြောင်း ၊ ဝမ်းနုပ်ဆေးစာသုံးနေရသော အခြေအနေမှလည်း ကာကွယ်ပေး
ကြောင်းတွေရှိရသည်။

(၆) အရက်နာကျခြင်း-
အရက်နာကျခြင်းကို အမြန်ဆုံး ပျောက်ကင်းစေနိုင်သော နည်းလမ်းတစ်ခုမှာ ငှက်ပျောသီးကို နွားနို့
နှင့် ဖျော်ရည် ပြုလုပ်၍ ပျားရည်ဖြင့် အချိုဓာတ်ကဲကာ သောက်သုံးခြင်းဖြစ်သည်။ ငှက်ပျောသီးသည်
ဝမ်းတွင်း မီးကို အေးငြိမ်းစေလျှက် ပျားရည်၏အကူအညီဖြင့် ကုန်ခန်းသွားသော သွေးအချိုဓာတ်ကို
်တိုးမြှင့်စေပါသည်။ နွားနို့သည် ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်ပါဝင်မှု့ကို ပြန်လည်ပြုပြင်ပေးလျှက်
ဝေဒနာကို သက်သာစေပါသည်။

(၇) ရင်ပူရင်ဆာဖြစ်ခြင်း-
ငှက်ပျောသီးတွင် လူ၏ခန္ဓာကိုယ်ကို အကျိုးပြုသော သဘာဝ Antacid ဓာတ်ပါဝင်သည်။ထို့ ကြောင့်
သင်သည် ရင်ပူရင်ဆာဖြစ်ခြင်းဝေဒနာ ခံစားနေရပါက သက်သာစေရန် ငှက်ပျောသီးကိုစားသုံးသင့်
သည်။

(၈) ကိုယ်ဝန်ဆောင်စ မူးဝေအော့အန်ခြင်း-
ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန်ဆောင်စ အချိန်၌ မူးဝေအော့အန်မှု့ဖြစ်ပွားတတ်ကြသည်။
ထိုအချိန်အခါမျိုးတွင် ငှက်ပျောသီးစားသုံးလျှင် ခန္ဓာကိုယ်တွင်းရှိ အချိုဓာတ်တိုးပွားစေလျှက် မူဝေ
အော့အံ ခြင်းကို ပျောက်ကင်းစေပါသည်။

(၉) ခြင်ကိုက်ခြင်း-
ခြင်ကိုက်ခံရသောအခါ ပရုပ်ဆီ(သို့ ) ခြင်ကိုက်ပျာက် လိမ်းဆေးကို ရှာဖွေလိမ်းမည့်အစား ငှက်ပျော
သီးအတွင်းပိုင်းရှိ အမျှင်များနှင့် ခြင်ကိုက်ခံရသောနေရာကို ပွတ်ကြည့်ပါ။ လူအများအပြားပင် အံ့သြ
ဖွယ်ကောင်းလောက်အောင် ခြင်ကိုက်ခံရ၍ ယားယံခြင်း ၊အသားရောင်ရမ်းလာခြင်းများ လျှော့ပါးစေ
ကြောင်းတွေ့ ရှိရပါသည်။

(၁၀) အာရုံကြော-
ငှက်ပျောသီးတွင်ဗိုက်တာမင်ဘီဓာတ် များပြားစွာပါဝင်သောကြောင့် အားရုံကြောဖွဲ့ စည်းမှု့ကို ကောင်းမွန်အောင် အထောက်အကူပြုပါသည်။

(၁၁) အလုပ်တာဝန်ဖိစီးမှု့-
သြစတြီးယားပြည်ရှိ စိတ်ပညာအသင်းတစ်ခုမှ အလုပ်ဖိစီးသောသူများအပေါ်တွင် လေ့လာစမ်းသပ်
မှု့အရ အလုပ်တာဝန်ဖိစီးသူများသည် ချောကလက်နှင့် အခြယး မာကြွပ်သော အစားအစာများကို
စိတ်သက်သာမှု့ ရစေရန် စားသုံးကြကြောင်း၊ ဆေးရုံတက်နေရသော လူနာ ၅၀၀၀-အားလေ့လာကြည့်
ပါကလည်း ၄ှင်းတို့ မှာ အဝလွန်နေကြပြီး အလုပ်တာဝန်များပြားသော စိတ်ရှုပ်စရာ လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများဖြစ်ကြောင်း တွေ့ ရှိရသည်။ ထိုလေ့လာတွေ့ ရှိချက်စာတမ်းတွင် လူကိုဝစေတတ်
သော အစားအစာများ ၊ငမ်းငမ်းတက်မစားမိစေရန် ၊ကျွနုပ်တို့သည် မိမိတို့ ၏သွေးချိုနုန်းကို အမြဲတမ်း ထိန်းသိမ်းသည့်အနေနှင့် ကာဗိုဟိုက်ဒရိတ်ဓာတ်ပါသောအစာများကိုနှစ်နာရီကြာတစ်ခါအဆာပြေစား
သုံးကြရန် သင့်ကြောင်းဖော်ပြထားပါသည်။

(၁၂) မက်ခရုနာ-
ငှက်ပျောသီးကို အူသိမ် အူငယ်များတွင် ဖြစ်ပွားတတ်သော ရောဂါများအတွက် ၄ှင်း၏အသားပျော့
ပြောင်းမှု့ ၊နူးညံ့မှု့တို့ ကြောင့် ဓာတ်စာအဖြစ်လည်း အသုံးပြုနိုင်သည်။ဤအသီးတစ်မျိုးတည်းသာ
အသီးစိမ်းအနေနှင့် ကရီကထမများဘဲ နာတာရှည်ရောဂါများအတွက်ပါ စားသုံးနိုင်သော အသီး
ဖြစ်ပါသည်။ ဤအသီးသည် အက်ဆစ်ဓာတ်လွန်ကဲမှု့ကို သမအောင်ပြုလုပ်ပေးလျှက် ယားယံမှု့
လျှော့ပါးစေရန် အူတွင်းနံရံများကို အမြှေးပါးသဖွယ် ဖုံးအုပ်ပေးသည်။

(၁၃) ဆေးလိပ်သောက်ခြင်း-
ဆေးလိပ်ဖြတ်နေသူများအတွက် လည်း ငှက်ပျောသီးသည် အကူအညီပေးသည်။ ထိုအသီးတွင်ပါ
ဝင်သော B6 ၊B12 ၊ ပိုတက်စီယမ် ၊ မက်ကနက်စီယမ်ဓာတ် များသည် ၊ကိုယ်ခန္ဓာထဲမှ နီကိုတင်း
ဓာတ်များ ဆုပတ်ယုတ်သွားအောင် ပြုလုပ်၍ ပေးသည်။ ဆိုးကျိုးများမှကာကွယ်ပေးသည်။

(၁၄) စိတ်ဖိစီးမှု့-
နှလုံးခုန်နှုန်းပုံမှန်ဖြစ်စေရန် အထောက်အကူပြုသော ဓာတ်များတွင် ပိုတက်စီယာမ်သည် အရေးပါ
သော ဓာတ်တစ်ခုဖြစ်သည်။ ၄ှင်းသည်လူ၏ဦးနှောက်ပိုင်းသို့  အောက်စီဂျင်ဓာတ်ပေးပို့ လျှက် ခန္ဓာ
ကိုယ်၏ ရေအချိုးအစားကိုလည်း ပုံမှန်ဖြစ်အောင် ညှိပေးသည်။ စိတ်ဖိစီးမှု့ဖြစ်ပေါ်လာသောအခါ
ကျွနုပ်တို့ ၏ခန္ဓာကိုယ်အတွင်း ဓာတုနှင့်ဇီဝဖြစ်စဉ်နှုန်းမြင့်တက်လာပြီး ပိုတက်စီယမ်အချိုးအစား
လည်း လျှော့ပါးသွားလေသည်။ ထိုအချိန်အခါမျိုးတွင် ပိုတက်စီယမ်ဓာတ် အများအပြားပါဝင်သော
ငှက်ပျောသီးစားသုံးခြင်းဖြင့် စိတ်ဖိစီးမှု့ သက်သာရာရစေပါသည်။

(၁၅) လေဖြတ်ခြင်း-
အင်္ဂလန်၊ပြင်သစ်ဆေးပညာဂျာနယ်၏ သုတေသနပြုချက်အရ ငှက်ပျောသီးကို ဓာတ်စာအဖြစ်
အမြဲစားသုံးသူသည် လေဖြတ်ခြင်းကြောင့် သေရသည့်အဖြစ်မှ ရာခိုင်နှုန်း၄၀%ထိ လျှော့ကျသွား
စေသည်ဟု ဖော်ပြထားသည်။

(၁၆) ကြွက်နို့ဖြစ်ခြင်း-
ကြွက်နို့(သို့ မဟုတ်)အသားမာပေါက်ခြင်းတို့ တွင် ငှက်ပျောသီးအခွန်အတွင်းမှ အမျှင်များကို ၄ှင်း
ကြွက်နို့အပေါ် ဖုံးအုပ်ထားခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။ ထိုသို့ ပြုလုပ်ရာ၌ အခွံ၏အဝါပိုင်း
ကိုပြင်ပတွင်ထား၍ အတွင်းပိုင်းအမှင်များကို ပလာစတာဖြင့်သော်လည်းကောင်း ၊ခွဲစိတ်ခန်းသုံး
တိတ်စဖြင့်သော်လည်းကောင်း၊သေချာစွာကပ်ထားသင့်ပါသည်။
ထို့ ကြောင့် ငှက်ပျောသီးသည် ရောဂါအတော်များများအတွက် ပျောက်ကင်းစေသည့် သဘာဝ
ဆေးတစ်ခုဖြစ်ကြောင်း တွေ့ ရှိရပေမည်။ ငှက်ပျောသီးတစ်လုံးနှင့် ပန်းသီးတစ်လုံးနိုင်းယှဉ်ကြည့်
လျှင်၊ ငှက်ပျောသီးသည် ပန်းသီးထက် ပရိုတိန်း ဓာတ် တွင် ၄-ဆ၊ကာဗိုဟိုက်ဒရိတ် ဓာတ် တွင်
၂-ဆ ၊ဖော့(စ်)ဖရပ်(စ်)ဓာတ်တွင် ၃-ဆ၊အခြားဗိုက်တာမင် အေ-နှင့် သတ္ထုဓာတ်များတွင် ၂-ဆ များပြားကြောင်း၊တွေ့ရှိရပါသည်။ထို့ပြင်ပိုတက်စီယမ်ဓာတ်များပြားစွာပါဝင်သဖြင့်အလွန်စားသုံး
ရန်ကောင်းသော အစားအစာ တစ်ခုလည်းဖြစ်ပါသည်။ဤအတွက်ပင်လျှင်ယခင်က အဆိုရှိခဲ့ဖူး
သော " ပန်းသီးတစ်လုံးနေ့ စဉ်စားသုံးပါက ဆရာဝန်နှင့်ဝေးအောင် နေနိုင်မည်" အစား "ငှက်
ပျောသီးတစ်လုံး နေ့ စဉ်စားသုံးပါက ဆရာဝန်နှင့် ဝေးအောင်နေနိုင်မည် "ဟု ပြင်ဆင်ရန် အချိန်
သင့်ပါပြီဟု ဆန္ဒပြုပါက မှားလိမ့်မည် မထင်ပါပေ။..........(Dr.Thein)

အကိုး။ ။ Bananas... This is very interesting.





















No comments:

Post a Comment