အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Saturday 11 February 2012

..........................လမင်း သို့  ဂုဏ်ပြုခြင်း...................






* မိုးသားကောင်းကင်
ထက်ဝေဟင်မြင့်
ကြယ်စင်ပွင့်များ
သူတို့ ကြားတွင်
ငွားငွားစွင့်စွင့်
(ကြွားကြွားဝင့်ဝင့်)
လှပတင့်ဆန်း
ရောင်ပွင့်လန်းလျှက်
အေးချမ်းသာယာ
မြေကမ္ဘာနေ
ဒို့ မှာလူသား
သက်ရှိများကို
ခံစားပီတိ
ဖြစ်ပွားရှိအောင်
အလင်းဆောင်သည့်
အရောင်သဘာဝ
သူ့ အလှဖြင့်
လောကတစ်ခွင်
အလှဆင်၍
ကြည်လင် မေတ္တာ
ပေးဝေပါသော
သာယာစွာလင်း-အို..လမင်း
* အသင် လမင်း
သင့်အလင်းနှင့်
အပ်နှင်းမေတ္တာ
မြေကမ္ဘာသည်
သာယာ အေးမြနေပါ၏။
* သာယာအေးမြ
သင့်အလှနှင့်
ပေးငှ မေတ္တာ
ရရှိပါသော
ကမ္ဘာမြေဖွား
ဒို့ လူသားက
သင့်အား ဂုဏ်ပြုအပ်ပါ၏။


(ရတနာထွန်း)၀၇.၀၄.၀၈..။

No comments:

Post a Comment