အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Friday 17 February 2012

....................စကားဆို တောင်လို မမောက်နဲ့ ..............




ဗာရာဏသီပြည်ကို အုပ်ချုပ်မင်းလုပ်သော ဘုရားလောင်းမင်းကြီး၏ မယ်တော်သည်ဒေါသအလွန်ကြီး
တတ်ပြီး အပြောအဆိုလည်း အလွန်ကြမ်းတမ်း၏၊ဘုရားလောင်းမင်းကြီးသည် မယ်တော်၏ အကျင့်စရိုက်ကို
သိရှိနေ၏၊ ပြုပြင်ပေးရန်လည်းအမြဲ သတိရနေ၏၊ တစ်နေ့ သော် မင်းကြီးသည် မယ်တော်နှင့်အတူ ဥယျာဉ်
သို့ သွားလေရာ လမ်းခရီးတွင် တစ်တီတူး ငှက်၏ စူးချသော အော်မည်သံကို ကြားကြရကုန်သော မင်းကြီးနှင့်
အတူပါလာကြသော ပရိတ်သတ်ကြားလေသော်"ဟယ်..ငှက်ယုတ် ငှက်ဆိုး သင်မအော်မည်လေလင့် သင်၏
အသံသည် သာယာမှု့မရှိ အလွန်စက်စုပ်ဖွယ်ရှိ၏"ဟု ပြောဆိုကြလျှက် သွားကြလေရာ ဥယျာဉ်တော်ထဲသို့ 
ရောက်ကြလေသောအခါ အင်ကြင်းပင်တစ်ပင်၏ အပေါ်မှ ဥသြ ငှက်၏ သာယာဖွယ်အသံကို ကြားကြလေ
သောအခါ "အို..ငှက် သင်၏အသံသည် သာယာဖွယ်ရှိပါ၏ မည်တွန်ပါဦးလော့"ဟု မင်းကြီး၏ပရိတ်သတ်များ
အဖန်ဖန် ပြောဆိုကြလေ၏။ ထိုမြင်ကွင်းကို တွေ့ နေရသော မင်းကြီးသည် မယ်တော်ကြီးအား ပြုပြင်ပေးရန်
အချိန်ရောက်ပြီဟု အကြံဖြစ်လျှက် "အို...မိခင်..ရုပ်အဆင်းလှသော်လည်း ကြမ်းတမ်းစွာပြောဆိုတတ်သူအား
လူအများမနှစ်သက်ကြပါ၊ ရုပ်အဆင်းမလှပသော်လည်း ယဉ်ကျေးစွာ ပြောဆိုတတ်သူအား သာ နှစ်သက်ကြ
ပါသည် .."ဟု ..တစ်တီတူး ငှက်နှင့်ဥသြငှက် တို့ ၏အော်မည်သံကို မင်းကြီးပရိတ်သတ်တို့ ပြုမူပုံကို လက်တွေ့ 
မျက်မြင်ပြ၍ မင်းကြီးက မိခင်၏ ကြမ်းတမ်းနေသောစရိုက်ကိုပြုပြင်ပေးခဲ့လေသည်။ မင်းကြီး၏ မိခင် မယ်တော်
ကြီးလည်းထိုနေ့ မှစ၍သူကြမ်းတမ်းသောစရိုက်ကိုပြုပြင်၍ယဉ်ကျေးစွာပြုမူ ပြောဆိုနေထိုင်သွားလေတော့
သည်။..................vi99.....

(သုဇာတဇာတ်-၅၅၀)မှ.ကောက်နုတ်ဖော်ပြသည်။

No comments:

Post a Comment