အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Friday 17 February 2012

...........ကွန်ပျူတာနှင့် သင့်ကျန်းမာရေး...




ယနေ့  အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာဖြင့် နေ့ စဉ်ရက်ဆက် အလုပ်
လုပ်ကိုင်နေကြရခြင်းကြာင့်မျက်စိချွတ်ယွင်းအားနည်း ခြင်းတို့ ဖြစ်ပေါ်လာတာထူးဆန်းတဲ့
အရာတော့မဟုတ်ပါဘူး၊ ဒီလိုမချွတ်ယွင်းအားမနည်းအောင် ကျွန်တော်တို့ ဘယ်လိုကာကွယ်ကြ
မလဲ အောက်ပါနည်းလမ်းတွေကို လိုက်နာပေးလိုက်ပါ။
နေရာမှန်စေ။ ။ သင့်ရဲ့ကွန်ပျူတာ ကီးဘုတ် မောက်စ်တို့ကို နေရာမှန်ထားတတ်ဖို့  အရေးကြီးပါ
တယ်။ screen ဟာ သင့်မျက်လုံးကနေ လက်တဆန့် စာအကွာနဲ့  မျက်လုံးရဲ့ ၂၀ ဒီဂရီအောက်နိမ့်
နေရပါမယ်။
အလင်းရောင်။ ။ သင့်အခန်းတွင် အလင်းရောင် ပျံ့နှံ့ နေပါစေ၊ဒါမှကွန်ပျူတာ screen မှလာ
သော reflection လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာ screenအား သင့်မျက်စိနှင့်သင့်တော်ရာ
အလင်းအမှောင် setting လုပ်ထားပါ။
မျက်မှန်။ ။ Anti-reflective ပါသော မျက်မှန်ကို တပ်ပေးခြင်းဖြင့် တောက်ပသောအရာ မှ လာသော
reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ့မျက်စိဆရာဝန်က သင့်အား ကွန်ပျူတာနှင့်ထိတွေ
့နေသူမှန်း သိရင် ထို anti- relective lens ထည့်ထားတဲ့ မျက်မှန်ကို ညွှန်းပါလိမ့်မည်။
မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀၊ ။ ။ ကွန်ပျူတာနှင့်အလုပ်လုပ်သူများ မိနစ် ၂၀ လောက်ကြာတိုင်း
ခေါင်းကို ခဏဘေးကို လှည့်ပြီး၊ ပေ ၂၀ လောက်ဝေးတဲ့ အရာတစ်ခုခုကို ကြည့်ကြည့်ပေးပါ၊
ဒီနည်းလမ်းဟာ သင့်ရဲ့ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်၊ နောက်ပြီး အခါ ၂၀
လောက်မျက်စိအား ဖွင့်လိုက်ပိတ်လိုက်လုပ်ခြင်းဖြင့် မျက်လုံးစိုစွတ်ခြင်းကို ရယူပါ။ ပြီးရင်ခဏ
ထိုင်ခုံမှထပြီး ခြေလှမ်း ၂၀လောက် လမ်းလျှောက်ခြင်းဖြင့် သွေးလှည့်ပတ်စေပါတယ်။
မျက်စဉ်းခတ်ပေးပါ။ ။လူတစ်ယောက်ဟာ တစ်မိနစ် အတွင်း ပုံးမှန် ၁၂ ခါ မျက်တောင်ခတ်
ကြပါတယ်။ ဒါပေမဲ့ကွန်ပျူတာနဲ့ အလုပ်လုပ်နေရရင် ၅ ခါလောက်သာ မျက်တောင်ခတ်တာကို
သင်သတိထားမိပါသလား ၊ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။
ထိုသို့ ခြောက်ကပ်မနေစေအောင် မျက်စဉ်းခတ်ပေးနီုင်ပါတယ်။
လက်ဖဝါးအုပ်ခြင်း ။ ။ ထိုင်ခုံပေါ်တွင်မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖဝါးနှစ်ခုအား နွေးလာသည်
အထိ ပွတ်ပေးပါ၊ ထိုနွေးနေသော လက်ဖဝါးနဲ့ သင့်မျက်စိနှစ်ဖက်ကို ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။
သင့်မျက်စိ ညောင်းကိုက်ပင်ပန်းလာတိုင်း နှစ်ကြိမ်း သုံ့းကြိမ်လောက် လုပ်ပေးပါ၊ ထိုလက်ဖဝါးမှ လာသော
နွေးထွေးမှု့သည် သင့်ရဲ့ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။
မျက်နှာသစ်ခြင်း။ ။ အားလပ်တဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ၊အင်မတန်
လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။
လက်ဖက်ခြောက်အထုပ် ။ ။ သောက်ပြီးသားလက်ဖက်ခြောက်အထုပ်လေးများကို လွှင့်မပစ်ပဲ
ရေခဲသေတ္တာထဲ ထည့်ထားပြီး အားတဲ့အခါကြရင် ထိုလက်ဖက်ခြောက် အထုပ်နှစ်ထုပ်အား သင့်မျက်စိ
တစ်ဖက်စီတွင် တင်ပြီးအနားယူပါ။မျက်စိအားအေးမြစေပါသည်။
ကရမက် ။ ။ ညပိုင်းအိပ်ယာဝင်ခါနီးတွင် ကရမက်ကိုသွေးပြီး ကရမက် အရည်ကျဲကို ဆားအနည်းငယ်
ရောပြီး မျက်စိတွင်ကွင်းပြီး လိမ်းကျံခြင်းအားဖြင့် မနက်အိပ်ယာထတွင် မျက်စိကို ကြည်လင်တောက်ပစေပြီး
မျက်စိဒဏ်ကြေစေပါသည်။
အစားအသောက် ။ ။ ဗီတာမင် အေ၊ စီ၊ Eပါသော အစားအစာများ ပိုစားပါ၊ သံပုရာရည်၊ အသီး အရွက်
ခရမ်းချဉ်သီး၊ဥ နှင့် နို့ ထွက်ပစ္စည်းများလည်း ပိုစားပါ။
ကွမ်းရွက် ။ ။ ညအိပ်ယာဝင်ခါနည်းတွင် ကွမ်းရွက်ကို ခပ်နွမ်းနွမ်းဖြစ်အောင်ပြုလုပ်၍ ရေစွန်ကာ
မျက်စိတွင် ကပ်ပေးထားခြင်းအားဖြင့်လည်း မျက်စိ အခိုးများ ပွင့်စေပါသည်။


(LIFESTYLE JOURNAL) မှ...

No comments:

Post a Comment