အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Monday 20 February 2012

..............,ယခုဘဝ နောင်ဘဝ ချမ်းသာရေး............


၁။ မဖြစ်ပေါ်လာသေးသော အကုသိုလ်တရားများကို မဖြစ်ပွားရလေအောင်
ကြိုးစားအားထုတ်ပြုလုပ်ခြင်း။
၂။ဖြစ်ပေါ်လာပြီးသော၊ပြုလုပ်မိပြီးသော၊ အကုသိုလ်တရားများကို ပယ်နိုင် အောင်
ကြိုးစားအားထုတ်ခြင် ပြုလုပ်ခြင်း။
၃။မဖြစ်ပေါ်လာသေးသော ကုသိုလ်ကောင်းမှု့ တရားများကို ဖြစ်ပေါ်လာအောင်
ကြိုးစားအားထုတ်ပြုလုပ်ခြင်း။
၎။ဖြစ်ပေါ်ပြီးသော၊ပြုလုပ်ခဲ့ပြီးသော ကုသိုလ်ကောင်းမှု့ တရားများကို ပိုမိုတိုးပွား
လာအောင် ကြိုးအားထုတ်ပြုလုပ်ခြင်း

တို့ သည် ယခုဘဝနောင်ဘဝတို့ ၌ချမ်းသာရေးအကြောင်းဖြစ်သည်။(ဘုရားဟော)

( သမ္မပ္ပဓာန် ပါဠိ)


ကြိးစားအားထုတ်ပါ
----------------
*မဖြစ်သေးငြား
အကုများ
ကြိုးစာရှောင်ပါလေ၊
*ဖြစ်ပေါ်ပြီးငြား
အကုများ
ပယ်ရှားရှောင်ပါလေ။
(အကု= အကုသိုလ်-မကောင်းမှု့ )
*မဖြစ်သေးငြား
ကုသိုလ်များ
ကြိုးစားအားထုတ်ပါ၊
* ပြုလုပ်ပြီးငြား
ကုသိုလ်များ
တိုးပွားအားထုတ်ပါ။
* ကြိုးစားလုံ့ လ
ပြုလုပ်က
မုချရနိုင်တာ ။.vi99..

(ကုသိုလ်=ကောင်းမှု့)

No comments:

Post a Comment