အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Wednesday 29 February 2012

..........................သုံးနားညီ တြိဂံ..................



ကြိုးစားအားထုတ်နေလင့်ကစား အကျိုးသက်ရောက်မှု့မရှိပါက ရွေ့ လျှားမှု့ မရှိဘဲ
ရပ်တန့် နေမည်။ မရွေ့ လျားဘဲရပ်တန့် နေခြင်းသည် အလုပ်မလုပ်၊ အလုပ်မလုပ် အလုပ်
မဖြစ်ဟု ညွှန်ပြနေခြင်းဖြစ်သည်။ အလုပ်မလုပ်အလုပ်မဖြစ်ဟုညွှန်ပြနေသမျှ စိုက်ထုတ်
နေရသောအားသည် တန်ဘိုးမရှိတော့ပေ။ အချည်းနှီးဖြစ်သွား၏။ အလုပ်မလုပ် အလုပ်
မဖြစ်သမျှ ရှေ့သို့ ရွေ့ မည်မဟုတ်။ ရှေ့သို့ မရွေ့ လျားနိုင်သောကြောင့် ရည်မှန်းချက်ပန်း
တိုင်သို့ ရောက်ရှိနိုင်တော့မည်မဟုတ်ပေ။
အားစိုက်မှု့ ကြောင့် အကျိုးသက်ရောက်မှု့ရှိနေပါက ရွေ့ လျားမှု့ ဖြစ်ပေါ်လာမည်။
ရွေ့ လျားမှု့သည် ရပ်တန့် နေခြင်းမဟုတ်ဘဲ ရှေ့သို့ ရှေ့သို့  တိုး၍ တိုး၍ ရောက်ရှိနေခြင်း
ဖြစ်သည်။ ရွေ့ လျားနေခြင်း အကျိုးသက်ရောက်မှု့ ရှိလျှင် အလုပ်လုပ်နေသည်။အလုပ်
ဖြစ်နေသည်ဟုဆိုရသည်။ အလုပ်လုပ်နေခြင်း အလုပ်ဖြစ်နေခြင်းသည် ရှေ့သို့ တိုး၍
ရွေ့ လျားနေခြင်းဖြစ်သည်။ အကျိုးသက်ရောက်မှု့ရှိအောင် အားစိုက်နေခြင်းကြောင့်
ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရမည်မှာ သေချာသည်။
ရည်မှန်မှန်ချက်ရောက် ခရီးပေါက်ကြသူများသည် ရွေ့ လျှားခြင်းအကျိုးသက်ရောက်မှု့
ရှိအောင် အားစိုက်နိုင်ကြသူများဖြစ်သည်။ အလုပ်ဖြစ်အောင် အလုပ်လုပ်နိုင်ကြသူများ
ဖြစ်ကြပါသည်။ ရည်မှန်းချက်ပျောက် ခရီးမရောက်ကြသူများသည် ရွေ့ လျားခြင်အကျိုး
သက်ရောက်မှု့ ရှိအောင် အားမစိုက်နိုင်ကြသူများဖြစ်သည်။ အလုပ်ဖြစ်အောင်အလုပ်
မလုပ်နိုင်ကြသူများ ဖြစ်ကြပါသည်။ အလုပ်ဖြစ်အောင်အလုပ်မလုပ်နိုင်သောကြောင့်
ရွေ့ လျားခြင်းအကျိုး သက်ရောက်မှု့ မရှိဘဲ ဖြစ်နေရသည်။
အလုပ်ဖြစ်အောင်မလုပ်ဆောင်နိုင်ခြင်းသည် အားစိုက်မှု့ လျော့ရဲနေသောကြောင့်
ဖြစ်ပေသည်။ အားစိုက်မှု့သည် လျော့ရဲမနေဘဲ အမြဲတစေရင့်သန်နေရန် လိုအပ်
သည်။ ရင့်သန်သောစိုက်ထုတ်နိုင်မှု့အားတွင် တင်းမာသောလုံ့ လ၊ တက်ကြွသောဇွဲ
ရဲရင့်သောသတ္တိတို့  ပါဝင်စုစည်းထားသည်။ လုံ့လ၊ ဇွဲ၊သတ္တိတို့ မှ တစ်ခုခုက အားလျော့
သွားသည်နှင့် စိုက်ထုတ်မှု့အား လျှော့ရဲသွားသည်။ စိုက်ထုတ်မှု့အား လျော့ရဲသွားသည်
နှင့် ရွေ့ လျားခြင်း အကျိုးသက်ရောက်မှု့ မဖြစ်ပေါ်နိုင်တော့ပေ။
ထို့ ကြောင့် လုံလ ဇွဲ သတ္တိတည်းဟူသော အားသုံးအားပါဝင်သည့် သုံးနားညီတြိဂံ တစ်ခု
ဖြစ်လာအောင် တည်ဆောက်ကြရမည်။ သုံးနားညီတြိဂံတွင်ပါဝင်သော အနားသုံးနားသည်
အတိုအရှည် အညီအမျှဖြစ်သည်။ အနားသုံးနားညီနေခြင်းသည် သုံးနားညီတြိဂံ၏ ဝိသေသ
ဖြစ်သည်။ သုံးနားညီတြိဂံ၏ ဝိသေသနှင့်အညီ လုံ့လ ဇွဲ သတ္တိတည်းဟူသော အားသုံးအား
ဖြစ်သည် အနားသုံးနားမှာ အညီအမျှဖြစ်နေရမည်။ အနားသုံးနားဖြစ်သော အားသုံးအားကို
အညီအမျဖြစ်နေစေရန် ထိန်းချုပ်ထားနိုင်သည်မှာ ဥာဏ်ဖြစ်သည်။
ဥာဏ်ဖြင့် ထိန်းချုပ်ထားသည့် လုံ့လ ဇွဲ သတ္တိတည်းဟူသော အားသုံးအားကို သုံးနားညီတြိဂံ
တစ်ခုဖြစ်အောင် တည်ဆောက်ထားနိုင်ခြင်းသည် စိုက်ထုတ်မှု့အား လျော့ရဲခြင်းဖြစ်မလာနိုင်
ဘဲ စိုက်ထုတ်မှု့အားရင့်သန်နေမည်သာဖြစ်ပါသည်။ စိုက်ထုတ်မှု့အားရင်သန်နေခြင်းသည်
ရွေ့လျားခြင်းအကျိုးသက်ရောက်မှု့ဖြစ်အောင် ဆောင်ရွက်နိုင်ခြင်း၏ အကြောင်းအရင်းဖြစ်
သည်။ရွေ့လျားခြင်းအကျိုးသက်ရောက်မှု့ဖြစ်အောင် ဆောင်ရွက်နေခြင်းသည် အလုပ်ဖြစ်
နေခြင်း အလုပ်လုပ်နေခြင်းဖြစ်ပါသည်။ အလုပ်ဖြစ်အောင်အလုပ်လုပ်နေသည်ဟုဆိုပါလျှင်
ရည်မှန်းချက်မြောက် ပန်းတိုင်သို့ ရောက်ရမည်သာတည်း။


(ကြေးမုံ စာတည်းရှု့ထောင့်)(၂၈.၀၂.၂၀၁၂)အင်္ဂါနေ့ သတင်းစာမှ--




No comments:

Post a Comment