အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Monday 27 February 2012

.........................ပန်းအလှကိုယ်စီ................









*ပန်းချင်းတူတူ
မတူတူ
*အပွင့်တူတူ
မတူတူ
*အရောင်တူတူ
မတူတူ
*ရနံ့ တူတူ
မတူတူ
*ပန်းဟူသမျှ
လှနေကြ၏။

ရတနာထွန်း(၀၁.၀၄.၀၉)


မမြဲစွ
-----
*ဖူးရာမှငုံ
ငုံရာမှပွင့်
ပွင့်ရာမှလန်း
အလှပန်းလည်း
ချိန်လှမ်းရွေ့ လာ
ကြာသောခါတွင်
ညှိုးကာကြွကျ
နွမ်းခြောက်ရ၏။
*မိမိပိုင်ထား
ရုပ်နာမ်များလည်း
(ခန္ဓာများလည်း)
မခြားနေ့ ည
ရွေ့ လျှောကြရာ
အချိန်ကြာသော်
ဇရာသဘော
ရောက်လာနှော၍
စောကြောသေချာ
ရှု့ကြည့်ပါသော်
မနာမအို
ဖြစ်ကြလိုလည်း
နာ၊ အို ကြရ
မမြဲစွတည်း။

ရတနာထွန်း(၀၁.၀၄.၀၉)



No comments:

Post a Comment