အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Sunday 4 March 2012

.........................အပြောဆိုရခက်သူ......................



ဗာရဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံအုပ်ချုပ် နေစဉ် ဘုရားလောင်းသည်
လှံခုန်ဆရာ တစ်ယောက်အထံတွင် လှံခုန်အတတ်ပညာ ကိုသင်ယူနေ၏၊ ထိုဘုရားလောင်းသင်
ယူသောဆရာသည် လေးစင်းသော လှံကိုသာ ခုန်နိုင်သောအတတ်ကိုသာတတ်လေသည်။ တစ်နေ့ 
သောအခါ ထိုဆရာတပည့်နှစ်ယောက်တို့ သည် ရွာငယ်တစ်ရွာတွင် လှံခုန်အတတ်ပညာ ပြသသင်
ကြားပေးရန်စီစဉ်ပြုလုပ်ကြလေသည်။
ထိုသို့ စီစဉ်ပြုလုပ်ပြီးသောအခါ အရက်မူးနေသောဆရာသည် လှံငါးစင်းတို့ ကို ခုန်ရန်အတွက်
တန်းစီ၍စိုက် ထားလေသည်။ ထိုအခါတပည့်က ဆရာ ,ဆရာသည် လှံငါးစင်းကိုခုန်သော အတတ်
ကို မတတ်ပါ၊လေးစင်းကိုသာခုန်နိုင်၍ တစ်စင်းကိုပယ်လိုက်ပါဆရာ ၊ အကယ်၍ ငါးစင်းလုံးကို ခုန်ခဲ့
လျင် ငါးစင်းမြောက်သောလှံ စူးဝင်၍ သေရပါလိပ့်မည် ဟု ပြောပါသော်လည်း ဆရာသည်တပည့်၏
စကားကို နားမထောင်ဘဲ အရက်မူးလျက် လှံငါးစင်းလုံးကိုခုန်လေရာ လေးစင်းမြောက်လှံများကို
ကျော်လွန်ခုန်နိုင်ပြီး ငါးစင်းမြောက်လှံကိုမူ ကျော်လွန်၍မခုန်နိုင်ဘဲ လှံသည် ခန္ဓာကိုယ်ကိုစူးဝင်
ဖောက်ထွက်၍ ဆရာသည်ထိုနေရာ၌ပင် သေဆုံးရလေသည်။

(ဒုဗ္ဗစ ဇာတ်၊၅၅၀။)

No comments:

Post a Comment