အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Wednesday 7 March 2012

......................အချိန်မတော်အပြင်ထွက်မိ၍...................




ရှေးသရောအခါ ဗာရဏသီမင်း တစ်ပါးသည် အချိန်အခါမဟုတ်ဘဲ မိမိနန်းတော်မှ ထွက်လာ
ခဲ့ပြီး ဥယျာဉ်တော် သစ်တပ် တွင်နေထိုင်နေလေသည်။ ထိုအချိန်တွင် အနီးရှိ ဝါးရုံတောအတွင်း
နေ့ အခါပုန်းအောင်းနေလေ့ရှိသော ခင်ပုပ်ငှက်တစ်ကောင်သသည်(ခင်ပုပ်ငှက်တို့ သည် ည
အခါတွင်သာအပြင်ထွက်လေ့ရှိသည်)ညနေ နေဝင်ချိန်အထိ မစောင့်နိုင်ဘဲ အပြင်မထွက်သင့်
သည့် နေ့ အချိန်တွင် အပြင်သို့ ထွက်လာလေသည်။ထိုအခါ ခင်ပုပ်ငှက်ကို ကျီးငှက်တို့ သည်
ဝိုင်းဝန်းထိုးဆိတ်ကြသဖြင့် ခင်ပုပ်ခက်အောက်သို့ ကျ၍ သေဆုံးရလေသည်။
ထိုအဖြစ်အပျက်ကို အစအဆုံးတွေ့ မြင်နေရသော ဗာရာဏသီမင်းသည် ဘုရားလောင်းပညာ
ရှိအမတ်ကိုခေါ်၍ အကြောင်းစုံကိုပြောပြပြီး အဘယ့်ကြောင့် ဤသို့ ဖြစ်ရလေသနည်းဟုမေး
မြန်းလေရာ -
ပညာရှိအမတ်က 'အရှင်မင်းကြီး ဤခင်ပုပ်ငှက်သည် အချိန်အခါမဟုတ်ဘဲလျှက် မိမိနေရာမှ
ထွက်လာခဲ့၏၊ ဤသို့ အချိန်အခါမဟုတ်ဘဲလျှက် မိမိတို့ နေရာမှထွက် သောသူတို့ သည် ဤကဲ့
သို့ သောဒုက္ခမျိုးနှင့် ကြုံတွေ့ ကြရတတ်ပါသည်'၊ ဟု လျှောက်ကြားလိုက်သော အခါ မင်းကြီး
သည် မိမိနေရာ နန်းတော်သို့ ပြန်ကြွသွားလေတော့သည်။

(ကောသိယဇာတ်-၅၅၀)vi99..။

No comments:

Post a Comment