အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Wednesday 7 March 2012

..............................မိဘကိုပင်......................


မိဘကိုပင်
ဥစ္စာမြင်မှ
ခင်မင်မြတ်လေး
သားတို့ မွေး၏၊
(သမီးတို့ မွေး၏)
ပဲရွေးမရှိ
ဖမိတို့ အား
သမီးသားလည်း
ထံပါးနီးရပ်
မကပ်တုံလျှင်း
ရှောင်ကြကွင်း၏။

(မဃဒေဝလင်္ကာ)
*မည်သို့ ပင်ဖြစ်စေ ကျေးဇူးကြီးကြ မိနှင့်ဖ အား အမြဲတမ်းပြုစုစောင့်ရှောက်သင့်ကြသည်။



မိဘကျေးဇူး
_________

မိကိုလက်ယာ
ဖကိုလက်ဝဲ
ကိုင်ချီဆွဲလျှက်
ပခုံးထက်ဝယ်
အသက်ရာတိုင်
မမုန်းနိုင်ဘဲ
ဆုံးတိုင်ဝတ်တွား
လုပ်ကျွေးငြားလည်း
မွေးဖွားပိုက်ကျူး
ရှေးတင်ဘူးသည့်
ကျေးဇူးဂုဏ်ပြိုင်
မဆပ်နိုင်ခဲ့။

(ကိုးခန်းပျို့ လင်္ကာ)






No comments:

Post a Comment