အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Friday 9 March 2012

.........................အဖိုးတန်လူသား.............



ကျွန်ုပ်တို့ နေ့ စဉ် သွားလာ၊နေထိုင်၊စားသောက်၊ လုပ်ကိုင်လျက်ရှိကြသည်။မည်သို့ 
သွားလာရမည်၊နေထိုင်ရမည်၊စားသောက်ရမည်၊လုပ်ကိုင်ရမည်ဆိုသည်ကို အသိတရားဖြင့်
ဆင်ခြင် ထိန်းသိမ်းစောင့်စည်းကြရသည်။ယင်းကဲ့သို့ ပြုမူဆောင်ရွက်ခြင်းများကို အထိန်း
အကွပ်ဖြင့်၊သတ်မှတ်ချက်များလည်းရှိကြသည်။ ဤအရာကို စည်းကမ်းဟုခေါ်သည်။
ကျောင်းတွင်ကျောင်းနှင့်ဆိုင်သောစည်းကမ်း၊အိမ်တွင်အိမ်နှင့်ဆိုင်ရာစည်းကမ်း၊အလုပ်
ခွင်တွင် အလုပ်ခွင်နှင့်ဆိုင်ရာစည်းကမ်းစသည့် လူ့ လောကတစ်ခုလုံး သူ့ နေရာနှင့်သူ၊စည်း
ကမ်းတွေနှင့်သာ ရှိနေပေသည်။ လူ့ လောကတစ်ခုလုံး စည်းကမ်းတွေ ရှိနေခြင်း သည် လူ့ 
လောကနှင့် တိရစ္ဆာန်လောကတို့ ၏ ခြားနားချက်ပင်ဖြစ်သည်။ လူသားတိုင်း လူ့ စည်းကမ်း
လိုက်နာရမည်။ လူ့ စည်းကမ်းကို မလိုက်နာသောသူသည် လူသားမမည်ချေ။ လူ့ စည်းကမ်း
သည် များပြားကျယ်ဝန်းလှပေသည်။သို့ သော်လည်း မလိုက်နာဘဲ နေလို့ မရပေ။
မည်သည့် အရာအား လိုချင်၍ မည်သည့်အရာအား မလိုချင်သည်ကို လည်းကောင်း ၊
မည်သည့် အရာအား ချစ်၍ မည်သည့်အရာအားမုန်းသည်ကို လည်းကောင်း ၊မည်သည့်အရာ
အားရိုသေသည်ကိုလည်းကောင်း ၊ မည်သည့်အရာအား ကြောက်သည်ကို လည်းကောင်း
စသည့် အကြောင်းရင်းများကို စဉ်းစား သုံးသပ်ကြရပေမည်။
မသိသောအခါ ပြောပြပေးမည့်သူလိုသည်။ ထိုနည်းတူ မသိသည့်အတွက် သိအောင်ပြောပြ
ပေးမည့်သူကို အလိုရှိလိမ့်မည်။ သို့ ဖြစ်လျှင်မသိသူအားပြောပြပေးခြင်းသည် အသိတရားဖြင့်
လမ်းညွန်ပေးသော လူ့ စည်းကမ်းပင်ဖြစ်သည်။
မတတ်သောအခါသင်ကြားပေးမည့်သူကိုလိုသည်။ ထိုနည်းတူ မတတ်သည့်အတွက် တတ်
အောင်သင်ကြားပေးမည့်သူကို အလိုရှိလိမ့်မည်။ သို့ ဖြစ်လျှင်မတတ်သောသူအား သင်ကြား
ပေးခြင်းသည်လည်း လူ့ စည်းကမ်းပင်ဖြစ်သည်။
လူတိုင်းသည်မိမိဆန္ဒနှင့်ဆန့် ကျင်ဘက် ပြောဆိုလုပ်ကိုင်ခြင်းကို အလိုမရှိကြချေ။ ထိုနည်း
တူ လူတိုင်းကလည်း မိမိနှင့် ဆန့် ကျင်ဘက် ပြောဆို လုပ်ကိုင်ခြင်းကို အလ်ုရှိကြမည်မဟုတ်။
သို့ ဖြစ်လျှင်တစ်ဖက်သားမလိုလားသော ပြောဆိုလုပ်ကိုင်မှု့များကို ရှောင်ကြဉ်ခြင်းသည်လည်း
လူ့ စည်းကမ်းပင်ဖြစ်သည်။
မိမိနှင့်အလိုတူသူကိုချစ်၍ အလိုမတူသူကိုမုန်းသည်။ထိုနည်းတူ လူတိုင်းကလည်း အလိုတူ
သူကို ချစ်၍ အလိုမတူသူကိုမုန်းကြပေလိမ့်မည်။သို့ ဖြစ်လျှင်တစ်ဖက်သားအား လိုတူသူကို
မုန်းရန် အလိုမတူသူကိုချစ်ရန် မကြိုးစားခြင်းသည်လည်း လူ့ စည်းကမ်းပင်ဖြစ်သည်။
မိမိအားသူတစ်ပါးတို့ က ဆောင်ရွက်ပေးစေလိုသောအရာတိုင်း သူတစ်ပါးတို့ ကလည်း မိမိ
အား အလိုရှိကြပေလိမ့်မည်ဖြစ်သည်။ စည်းကမ်းရှိမှ တန်ဘိုးရှိမည်။စည်းကမ်းကြီးလေတန်ဘိုး
ကြီးလေ။စည်းကမ်းမရှိတန်ဘိုးမရှိဆိုသည့်အတိုင်း အစစအရာရာစည်းကမ်းရှိကြရမည်သာဖြစ်
သည်။ကျွန်ုပ်တို့ ပြုမူလုပ်ဆောင်နေကြသည့် အရာအားလုံးကို ကျင့်ဝတ်၊စည်းကမ်း၊ အသိတရား
ဖြင့် မည်သူမပြုမိမိမှု့ဆိုစကားအတိုင်း သူတစ်ပါးလုပ်ဆောင်သည်ဖြစ်စေ၊မလုပ်ဆောင်သည်ဖြစ်
စေ မိမိကိုယ်တိုင်လုပ်ဆောင်ရပေမည်။
ဤသို့  ကိုယ်၊နုတ်၊နှလု့းံသုံးပါးစလုံးဖြင့် စည်းစနစ်ကျနစွာ ဆင်ခြင်ပြုမူနေထိုင်မှသာလျှင် အဖိုး
တန်သောသူ သို့ မဟုတ်မင်္ဂလာရှိသောလူသား ဖြစ်ပေမည်။ ဝိနယ သုသိက္ခိတ မင်္ဂလာ ကောင်းစွာ
လေ့ကျင့်အပ်ပြီးသော စည်းကမ်းရှိခြင်းသည် မင်္ဂလာမည်၏ဟု မင်္ဂလာတရားတော်နှင့်အညီ ပြုမူ
ဆောင်ရွက် ကျင့်ကြံ နေထိုင်မှသာလျှင် မင်္ဂလာလူသားများ ဖြစ်ကြမည်ဖြစ်သည်။


(ကြေမုံစာတည်း ရှုထောင့်၊ ၅၊၃၊၂၀၁၂၊ တနင်္လာနေ့ )

No comments:

Post a Comment