အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Thursday 12 July 2012

သူယုတ်မာဟူသည်-

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်တွင် သီတင်သုံးနေစဉ်အခါ တစ်နေ့ သော နံနက်ခင်းအချိန်အခါသင်္ကန်းတော်ကို ဝတ်ရုံတော်မူပြီး သပိတ်ပိုက်ကာ သာဝတ္ထိမြို့ တွင်းသို့ ဆွမ်းခံကြွလာ
တော်မူရာ ဘာရဒွါဇ အမည်ရှိသောပုဏ်ဏား၏ အိမ်ရှေ့သို့ ရောက်ခဲ့ပါတယ်၊ဘာရဒွါဇ ပုဏ်ဏားဟာ ဗုဒ်ဓဘာသာဝင်မဟုတ်၊ဗြဟ္မဏဘာသာဖြစ်သည့်အလျှောက် ယစ်နတ်ပူဇော်ခြင်း၊ဝေဒကျမ်းများကိုရွတ်ဖတ်သဇ္ဈာယ်ခြင်း ၊မီးပူဇော်ခြင်း စသည်များကိုပြုလုပ်လေ့ရှိ၏၊မြတ်စွာဘုရားရှင် ကြွရောက်တော်မူခဲ့ချိန်တွင်လည်း ဘာရဒွါဇပုဏ်ဏားသည်
သူ၏အိမ်နိုက် မီးပူဇော်ပွဲကျင်းပပြီး နိုဃနာထမင်းနှင့် ဆီးဦးထောပတ်တို့ ကိုလည်းပြင်ဆင်ထား၏၊ဘာရဒွါဇ
ပုဏ်ဏားသည်မြတ်စွာဘုရားရှင်ကြွတော်မူလာသည်ကိုခပ်ဝေးဝေးမှာပင်လှမ်း၍မြင်နေရပြီးမနီးမဝေးအသံ
ကြားလောက်သောနေရာသို့ ရောက်လာသောအခါ-
      "ဟေ့-ဦးပြည်းကတုံးနဲ့ ရဟန်းယုတ်-အဲဒီမှာပဲရပ်ပါ၊ရှေ့ဆက်ပြီးမလာနဲ"့ ဟု ယုတ်မာကြမ်းတမ်းသောစကားများနှင့်လှမ်း၍ပြောလိုက်လေသော်-
  မြတ်စွာဘုရားရှင်က-မေတ္တာမပျက် သည်းခံတော်မူလျှက်-"ပုဏ်ဏား "သူယုတ်မာ"ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးပါလဲ၊သူယုတ်မာဆိုတာ-ဘယ်လိုတရားမျိုးတွေကိုကျင့်သုံးပြုလုပ်သူပါလဲ-?ခွဲခြား၊
သိပါရဲ့လား-ဟုမေးလေသော်-ဘာရဒွါဇပုဏ်ဏားက-"အမျိုးဇာတ်ယုတ်နိမ့်သူဟာ-သူယုတ်မာဖြစ်တယ်၊
သင်တို့ လိုရဟန်းတွေဟာ အမျိုးဇာတ်ယုတ်ညံ့သူတွေဖြစ်လို့  သူယုတ်မာတွေပဲ၊"မြတ်စွာဘုရားရှင်သည်
ဘာရဒွါဇပုဏ်ဏားကဤုသို့ ရှုတ်ချပြောဆိုသော်လည်း၊သည်းခံတော်မူ၍ "ပုဏ်ဏား--"သူယုတ်မာ"ဆိုတာ
ဘာလဲဟု မြတ်စွာဘုရားရှင်ကထပ်မေးတော်မူသောအခါ ၊တိကျစွာမဖြေတော့ပဲ၊စိတ်ဓာတ်ပြောင်းလားပြီး
"အရှင် ဂေါတမပဲ သူယုတ်မာဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုး၊သူယုတ်မာတွေဟာ ဘယ်လိုသဘောထား၊အပြုမူတွေရှိကြတယ်ဆိုတာကို ခွဲခြားရှင်းလင်းပြောပြပေးစမ်းပါအကျွန်ုပ်မှတ်သားပါ့
မယ်၊ဟု လျှောက်ထားလေသည်။
ဘာရဒွါဇပုဏ်ဏား-အကြင်သူသည်-
၁။ဒေါသကြီး၏၊ရန်ငြိုးဖွဲ့ ထားတတ်၏၊သူ ၏ကျေးဇူးတရားများကိုမသိတတ်၊လိမ်လည်လှည့်ပတ်တတ်၏၊
၂။လူများကိုဖြစ်စေ၊တိရစ္ဆာန်များကိုဖြစ်စေ၊သနားကြင်နာခြင်းကင်း၏၊ညှင်းဆဲ၊သတ်ဖြတ်တတ်၏၊
၃။မြို့ ၊ရွာများကို ဖျက်ဆီးတတ်၏၊သူတစ်ပစ္စည်းဥစ္စာတို့ ကို ပိုင်ရှင်မပေးပဲ လုယူ၊ခိုးယူတတ်၏၊သိမ်းပိုက်
ဖျက်ဆီးတတ်၏။သူတစ်ပါးအထံမှ၊ပစ္စည်းဥစ္စာများချေးငှာယူပြီး၊ပြန်လည်ပေးဆပ်ခြင်းမပြုပဲ။အကြောင်မျိုး
မျိုးဖြင့်ရှောင်နေတတ်၏၊အနည်းငယ်သောအကြောင်းအရာ၊မပြောပလောက်သောအပြစ်တစ်စုံတရာရှိသော
ခရီးသွားတို့ အား ညှင်းဆဲ၊သတ်ဖြတ်တတ်၏၊တရားဘောင်ဖြစ်၍ ရုံးတင်စစ်ဆေးသောအခါ ၊မမှန်မကန်သက်သေထွက်ဆို စေ၏၊မတရားသဖြင့် သက်သေထွက်ဆိုစေ၏၊သူတစ်ပါး၏သားမယားများကို
ဖောက်ပြားကျူးလွန်တတ်၏၊
၎။အသက်အရွယ်၊အိုမင်းမစွမ်း သောမိဘများကို ထောက်ပံ့ပြုစုလုပ်ကျွေးနိုင်စွမ်းနိုင်စွမ်းရှိပါလျှက် မထောက်ပံ့၊မပြုစု၊မလုပ်ကျွေး၊မစောင့်ရှောက်ခြင်း၊ညီအကို၊မောင်နှမစည်တို့ ကို ညှင်းဆဲ ရိုက်ပုတ်၍၊ကြမ်းတမ်းယုတ်မာစွာ၊ဆဲရေးပြောဆို ကာ ညှင်းဆဲနှိပ်စက်တတ်၏၊
၅။ သူတစ်ပါးတို့ အကျိုးစီးပွားပျက်စီးစေတတ်သောစကားများကိုပြောဆိုတတ်၏။
၆။ မကောင်းမှု့ များကိုပြုလုပ်ပြလုပ်ခြင်း၊သူတစ်းပါးတို့ ထံမှအခွင့်ရေးများကိုသာယူ၍၊မိမိထံမှပြန်လည်
တုံ့ပြန်ကျေးဇူးမပြုခြင်း၊ရဟန်းသံဃာ၊အလှူခံ၊ဖုန်းတောင်းယာစကာတို့ ကို ပစ္စည်းလေးပါး၊အလှူခံကြွရန်
ဖိတ်ကြားထားပြီး၊ပေးလှူခြင်းမပြုပဲ၊အကြောင်းအမျိုးမျိုးပြောဆိုကာလှည့်ပတ်တတ်ခြင်း၊ရဟန်းသံဃာ
တော်တို့ အား၊ကဲ့ရဲ့ရှုတ်ချပြောဆိုတတ်ခြင်း၊
၇။ပစ္စည်းအနည်းငယ်မျှကိုပင် လိုချင်တပ်မက်တတ်၍၊မမှန်မကန်ပြောဆိုခြင်း၊မိမိကိုယ်ကိုမြောက်ပင့်ပြော
ဆို၍၊သူတစ်ပါးတို့ အားရှုပ်ချပြောဆိုတတ်ခြင်း၊သူတစ်ပါးပေးလှူသည်ကိုမနာလိုမရှု့စိမ့်၊ဝမ်းမြောက်ဝမ်းသာ
မဖြစ်နိုင်ခြင်း၊မိမိကိုယ်တိုင်ကမူ မပေးမလှူ၊နှမြောတွန့် တိုတတ်၏၊ကောက်ကျစ်စဉ်းလဲတတ်၏၊ယုတ်မာ၏။
အရှက်အကြောက်မရှိတတ်ခြင်း
၈။ မြတ်စွာဘုရားရှင်ကိုဖြစ်စေ၊မြတ်စွာဘုရားရှင်၏တပည့်သာဝက များကိုဖြစ်စေ၊ထိပါး၊ပုတ်ခတ်၊ကဲ့ရဲ့၊ရှုပ်ချ
ပြောဆိုတတ်၏၊ထိုသူတို့ သည် သူယုတ်မာဖြစ်ကုန်၏၊
 မင်းမျိုး၊ပုဏ်ဏားမျိုး၊ကုန်သည်မျိုး၊သူဆင်းရဲမျိုး၊ဟူ၍ ၊အမျိုးလေးပါးရှိလေရာဗြဟ္မဏပုဏ်ဏားမျိုးကြောင့်
သူယုတ်မာမဖြစ်နိုင်၊(အမျိုးအနွယ်ကြောင့်သူယုတ်မာ၊သူတော်ကောင်းအလိုလိုမဖြစ်နိုင်)မိမိပြုလုပ်သော
အပြုအမူကြောင့်သာလျှင်၊သူယုတ်မာ၊သူတော်ကောင်းဖြစ်နိုင်၏။
ပုဏ်ဏား-ရှေးအခါက-မာတင်္ဂ ဆိုသောဒွန်းစဏ္ဒား.သူတောင်းစားသည် အလွန်ထင်ရှားကျော်ကြားခြင်းသို့ 
ရောက်လျှက် အမျိုးလေးပါးတို့ ၏ခစားဆီးကပ်ခြင်းကိုခံခဲ့ရ၏။ဈာန်သမာပတ်ကိုရရှိကာ ဗြဟ္မာ့ပြည်သို့ ပင်
ရောက်သွားခဲ့ရသည်။အမျိုးဇာတ်သည်ဗြဟ္မပြည်သို့ မရောက်အောင်တားဆီးနိုင်ခြင်းမရှိပေ၊
ဝေဒကျမ်းကိုသင်အံ့လေ့ကျက်သော သင်တို့ လိုပုဏ်ဏားမျိုးပင်ဖြစ်သော်လည်း မကောင်းမှု့ကိုပြုလုပ်လျှင်
ယခုဘဝနိုက်ပင်ကဲ့ရဲ့ရှုပ်ချခြင်းခံရ၏။နောင်သံသရာဘဝတို့ နိုက်လည်းမကောင်းသောဒုဂ္ဂတိဘုံဘဝတို့ သို့ 
ရောက်ရ၏။ အမျိုးဇာတ်ဟူသည်--မကောင်းသောဘုံဘဝတို့ သို့ ရောက်ခြင်းမှလည်းကောင်း၊ကဲ့ရဲ၊ရှုပ်ချ၊ပြစ်တင်ခံရခြင်းတို့ မှလည်းကောင်း၊
မတားဆီးနိုင်ချေ။"ဤသို့ မြတ်စွာဘုရားရှင်၏တရားစကားတော်နာကြားသိရှိရသောအခါ၊ဘာရဒွါဇပုဏ်ဏားကြီး
သည်၊အမြင်မှန်ရရှိပြီး၊မြတ်စွာဘုရားရှင်၏၊တပည့်သာဝကဖြစ်သွားခဲ့လေသည်။

                            (ခုဒ္ဒကနိကာယ်၊သုတ္တနိပါတ်၊ဥရာဝဂ်၊ဝသလသုတ်)vi99....

No comments:

Post a Comment