အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Saturday 14 July 2012

ငါ့စာဖတ်၍

ငါ့စာဖတ်၍ မမြတ်တိုင်စေ၊
မရှုံးစေသား ပျင်းပြေနှစ်ခြိုက်၊
တွေးဖွယ်ထိုက်ရာ တစ်ပိုဒ်တလေ၊
တွေ့ ငြားပေမူ စာပေကျေးကျွန်၊
ငါ့ဝတ်ပွန်ပြီ ငါမွန်အမြတ်၊
ငါအတတ်ဟု စာဖတ်သူပေါ်၊
ခေါင်းကိုကျော်၍ ငါသော်ဆရာ၊
မလုပ်ပါတည်း။
(တက္ကသိုလ် ဆရာဘုန်းနိုင်)

No comments:

Post a Comment