* ခက်ရွက်စုံလင်
ဒီအပင်အောက်
ငါလျှင်ရောက်၍
နားခိုခဲ့ဖူး၏။
* နေပူကြမ်းကြမ်း
ခရီးပမ်း၍
လျှောက်လှမ်းအရိပ်ခိုကာနားခဲ့၏။
* အုံ့ ကာမဲမဲ
မိုးသည်း(သဲ)ထဲမှာ
ယာတဲအဖြစ်ခိုခဲ့၏။
* ဒီအပင်အရွက်
ခူးကာချက်၍
နှစ်သက်စွာပင်စားခဲ့၏။
* ဒီအပင်အသီး
ဆွတ်ခါမြည်း၍
ပြည့်ဖြီးအားအင် ဖြည့်ခဲ့၏။
* ဒီအပင်အပွင့်
ခြွေကာဆင့်၍
တင့်တင့်တယ်တယ် ပန်ခဲ့၏။
* ဒီအပင် အခေါက်
ခွာကာဖောက်၍
သောက်ဆေးအဖြစ် သုံးခဲ့၏။
* ဒီအပင်အနှစ်
ခုတ်ကာထစ်၍
လိုရာအဖြစ်သုံးခဲ့၏။
* ဒီအပင်အမြစ်
တူးကာထစ်၍
ရောဂါသစ်အတွက်သုံးခဲ့၏။
* ဤ အပင်ပျို
ဟောင်းနွမ်းအိုလည်း
သီဆိုလင်္ကာ
ရေးချယ်ကာဖြင့်
များစွာကျေးဇူး
အောက်မေ့ကျူးလျှက်
အထူးဂုဏ်ပြုလိုက်ပါ၏။
( ရတနာထွန်း) ၀၄.၀၂.၀၅၊
No comments:
Post a Comment