အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Monday 25 April 2011

တရား..ဓမ္မစာပေ..ဖြန့်ဝေ.လိုသော်.......



ဓမ္မ.စာပေနှင့်အနှစ်သာရ၊သတ္တဝါအများကောင်းကြိုးရရှိနိုင်ရန်အတွက် ဗုဒ္ဒမြတ်စွာဟောကြားထားအပ်သောလမ်းမှန်ပြတရားတော်များကို ဓမ္မ(တရား)ဟုခေါ်သည်။ထိုဓမ္မ.တရားနှင့်ပတ်သက်သော အကြောင်းအရာများကိုဖော်ပြသောစာပေကိုဓမ္မ.တရား..စာပေဟု သတ်မှတ်ကြပေသည်။.
.ပိဋကတ်စာပေဟုလည်းဆိုကြပေသည်။..ပိဋကတ်စာပေသည်..ဗုဒ္ဒမြတ်စွာပွင့်တော်မူလာမှ ပေါ်လာသောစာပေသာဖြစသည်။ဗုဒ္ဒခေတ်မဟုတ်လျှင်ဓမ္မစာပေ၊ပိဋကစာပေဆိုတာဆိုတာမရှိနိုင်ပေ၊ ပိဋကစာပေ၌ပါရှိသောအကြောင်းအရာများသည်၊အတွေးအခေါ်မျှဖြင့်ဆင့်ပွားမှန်းဆသိရုံမျှဖြင့် ဖော်ပြထားသောအကြောင်းအရာများမဟုတ်၊ဓမ္ဒသဘာဝဓမ္မနိယာမအမှန်ကိုပည့်ပြည့်စုံစုံ အမှန်အတိုင်းသိသောသဗ္ဗညုတညဏ်ဖြင့်ဟောပြထားအပ်သောညဏ်သိအကြေဲာင်းအရာ များသာ ဖြစ်သည်။ဗုဒ္ဒမြတ်စွာ၏ညဏ်တော်အသိကိုပစ္စေကဗုဒ္ဓများ၊ အဂ္ဂသာဝကများ၊ မဟာသာဝကများပင်၊ လိုက်ရ။် မမှီနိုင်ပေ။
ဤမျှလေးနက်လှသော၊ဗုဒ္ဓမြတ်စွာသာသိထားအပ်သောဓမ္မအကြောင်းအရာများကို ဘာသာရေးစာစောင်များ၌ ရေးသားတင်ပြကြပေသည် ။ တင်ပြချက်များသည် ဓမ္မစာပေလာအတိုင်းသာ ဖြစ်သင့်ပါသည်၊ ပိဋကစာပေမှာ မပါသည်တို့ကို ဆင့်ပွားတွေးခေါ်ရ။် အသစ်အဆန်းထွင်လျှက် တင်ပြမိလျှင် ဓမ္မ.တရား.အပေါ်၌ ယုံမှားသံသယများ၊ ဖြစ်လာနိုင်ပေသည်။ ဓမ္မ.တရား.အပေါ်၌ သံသယဖြစ်နေခြင်းကား မဂ်ဖိုလ် ညဏ်၏ အတားအဆီးကြီးဖြစ်ပါသည်။.
...ဓမ္မ.တရားစာပေ၏၊အနှစ်သာရကား...ဝိမုတ္တိတည်း၊ဝိမုတ္တိဟုသည်...ဆင်းရဲဒုက္ခမှလွတ်ကင်းရေး ဖြစ်သည်။ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် နိရောဓ သစ္စာကိုဟောပြရာ၌ ၊စာဂေါ ပဋိနိသ၁ဂ္ဂေါ မုတ္တိ အနာလယော ဟု ဟောတော်မုခဲ့သည်။ထိုအနှစ်သာရ ခေါ် ဆင်းရဲမှလွတ်ကင်းခြင်း ဝိမုတ္တိအရသာကို ဓမ္မ.တရားစာပေကသာ ပေးနိုင်သည်။ အခြားစာပေများက မပေးနိုင်ပေ၊ပိဋကစာပေ၌ ရှောင်ကြဉ်ရန် ဒုစရိုက်တရားများကို ဟောပြထားသည်။
ဒုစရိုက်တရားများသည်၊ဆင်းရဲဒုက္ခကိုဖြစ်စေသည့်တရားများဖြစ်သည်။ကျင့်သုံးလိုက်နာရန် သုစရိုက်တရားများကိုလည်း ဟောပြထားပေသည်။ သုစရိုက် တရားများသည် ဆင်းရဲဒုက္ခမှလွတ်စေသည့် တရားများဖြစ်သည်။မဂ်၊ဖိုလ်၊နိဗ္ဗာန် ကို ရစေနိုင်သော ကျင့်စဉ် နည်းလမ်းများကား ပိဋကစာပေ မှာသာ ရှိသည်။ဆင်းရဲဒုက္ခမှလွတ်ခြင်း၊ဝိမုတ္တိခေါ်ဓမ္မ..တရား.အရသာဟုသည်....(၁)ခဏတစ်ဖြုတ်မျှသာ ဆင်းရဲမှလွတ်ခြင်း၊တစ်ခဏမျှ ဆင်းရဲမှ သက်သာခြင်း၊။။...(၂)တစ်ဘဝ နှစ်ဘဝ စသည် ဒုက္ခဘုံများမှ လွတ်မြောက်ခြင်း၊(၃).ဘဝပေါင်းများစွာ ဒုက္ခ ဘုံမှ လွတ်မြောက်ခြင်း ။....(၄)..ဆင်းရဲဒုက္ခမှန်သမျှ ဘယ်တော့မှ ဖြစ်မလာတော့ဘဲ၊ ဘဝဖာတိ ငြိမ်းအေးခြင်း များ ဖြစ်သည်။....့ဤဖော်ပြပါ လွတ်မြောက်ရေးတရားများကို ဗုဒ္ဒမြတ်စွာကိုယ်တော်တိုင် ဟောပြထားအပ်သော.."ငါးရာငါးဆယ်ဇာတ်တော်များ၊အပါဒါန်ပါဠိတော်များ၊ဓမ္မပဒ ဝတ္ထုများကိုလေ့လာဖတ်ရှုရ။်သိနိုင်ပါသည်။ငရဲကျမည့်သူကိုနတ်ပြည်သို့ပို့ဆောင်၍၊မနုသ၁ဒုက္ခ၊အပါယိကဒုက္ခများ၊မှ
လွတ်စေခဲ့၊ကယ်တင်ပေးခဲ့ပုံများ၊ဖားနတ်သားဝတ္ထု၊မျောက်နတ်သားဝတ္ဌု၊များကို၊တွေ့နိုင်ပေသည်၊ ၊ထို့ကြောင့်......ဓမ္မ.တရားစာပေ၏ အနှစ်သာရကား....ဝိမုတ္တိဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။


.......(ဆရာကြီးဦးအောင်ခိုင်..ပါဠိဂုဏ်ထူး)၂၆.၀၄.၁၁.......

No comments:

Post a Comment