အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Friday 5 August 2011

.....စိတ်ကိုထိန်းသူနှင့်မထိန်းသူ...(ချမ်းမြေ့ဆရာတော်).၅.၈.၁၁.။


မြင်နိုင်ခဲစွ၊သိမ်မွေ့လှ၍၊ သူကျလိုရာ၊ ကျတတ်ပါသည်၊ ပမာမျောက်နိုင်း၊ စိတ်ဆင်ရိုင်းကို၊ ချင့်နိုင်းညဏ်ယှဉ်၊ သမ္ပဇဉ်နှင့်၊ အစဉ်ချွန်းအုပ်၊ သတိချုပ်၍၊ မလှုပ်မယိုင်၊ ကောင်းစွာနိုင်သော်၊ ဖွံ့င့်ခိုင်ဖြိုးဖြိုး၊ ချမ်းသာတိုးသည်၊ ကောင်းကြိုးကြွယ်လိမ့်မည်သာကို။... * မြင်နိုင်ခဲစွ၊ သိမ်မွှေ့လှ၍၊ သူကျလိုရာ၊ ကျတတ်ပါသည်၊ ပမာမျောက်နှိုင်း ၊ စိတ်ဆင်ရိုင်းကို၊ ထူးသိုင်းဖြေချွတ်၊ ထင်တိုင်းလွှတ်၍၊ မကွပ်မထိန်း၊ ညွှတ်တိုင်းယိမ်းက၊ အေးငြိမ်းချမ်းသာ၊ မရပါပဲ၊ ပူဗျာဆင့်ကဲ၊လွန်ဆင်းရဲသည်၊ မိုက်မဲသူတို့လမ်းစဉ်တည်း။.........

No comments:

Post a Comment