အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Monday 31 October 2011

ဓမ္မပဒ


အလုံးစုံသောသတ္တဝါတို့ သည် ညှင်းပန်းနှိပ်စက်ခံရမည်ကို ထိတ်လန့် ကုန်၏။
အလုံးစုံသောသတ္တဝါတို့ သည် သေရမည်ကို ကြောက်ကုန်၏။
ကိုယ်ချင်းစာ တရားလက်ကိုင်ပြု၍ သတ္တဝါတို့ ကို မညှဉ်းဆဲ မသတ်ဖြတ်ရာ၊
အလုံးစုံသောသတ္တဝါတို့ သည် မိမိတို့ ၏အသက်ကို ချစ်၏၊
ကိုယ်ချင်းစာတရားကိုလက်ကိုင်ပြု ၍ သတ္တဝါတို့ ကို မညှဉ်းဆဲမသတ်ဖြတ်ရာ၊
အကြင်သူသည် မိမိချမ်းသာကို ရှာအံ့ဟု မိမိကဲ့သို့  ချမ်းသာကိုအလို ရှိကုန်သော
သတ္တဝါတို့ ကို ညှဉ်းဆဲ၏၊ထိုညှဉ်းဆဲသောသူသည် တမလွန် ဘဝ၌ ချမ်းသာကို မရနိုင်၊
အကြင်သူသည် မိမိချမ်းသာကိုရှာအံ့ဟု မိမိကဲ့သို့ ချမ်းသာကို အလိုရှိကုန်သော ၊
သတ္တဝါတို့ ကို မညဉ်းဆဲ ထိုမညှဉ်းဆဲသောသူသည် တမလွန်ဘဝ၌ ချမ်းသာကို ရနိုင်၏။

No comments:

Post a Comment