အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Tuesday 1 November 2011

..................ဗုဒ္ဓုဂုဏ်ပွားအကျိုးများ...................





ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည်ဗုဒ္ဓမြတ်စွာ၏ဂုဏ်တော်တို့ ကို ယုံကြည်အားကိုးလျှက် ရှိကြပေသည်။
ဗုဒ္ဒဂုဏ်တော်ကို ပွားများခြင်း၏ အကျိုးတရားတို့ ကို ထိုက်သည့်အားလျှော်စွာ ကြားဖူးကြပေသည်။
လက်တွေ့ ကိုယ်တိုင်လည်း၊ ဗုဒ္ဓဂုဏ်တော်များကို ပွားများခြင်းကြောင့်၊အကျိုးတရားများရရှိသည်ကို
လည်း သိသင့်သလောက် သိထားကြပေသည်။ ကျမ်းဂန်များ၌လည်း ဗုဒ္ဓဂုဏ်တော် ပွားများခြင်၏၊
အကျိုးတရားတို့ ကို ၊ဖွင့်ပြထားလျှက်ရှိကြပေသည်။
ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်တို့ ကို ပွားကြသော ပုဂ္ဂိုလ်တို့ သည် အကျိုးတရားနှစ်ပါး ကို ရရှိနိုင်ကြပေ
သည်ဟု အဋ္ဌကထာများ၌ ဖွင့်ပြထားပါသည်။
၁။ စိတ်ကြည်လင်ခြင်းအကျိုး၊
၂ ။ ချမ်းသာစွာ ဝိပဿနာရှုရခြင်းအကျိုး ဟူသော ဤ အကျိုး နှစ်ပါးကို ရ ရှိနိုင်ကြပေသည်
ဟု အင်္ဂုတ္ထိုရ် အဋ္ဌကထာ၌ ဖွင့်ပြထားပေသည်။ (ွှအံ-ဋ္ဌ-၁၊၃၆၆)

၁။စိတ်ကြည်လင်ခြင်းအကျိုးဟူသည်--အသုဘ စသော ကမ္မဋ္ဌာန်းတရား များကို အားထုတ်ကြသော
ပုဂ္ဂိုလ်တို့ သည် တစ်ခါတစ်ရံ ပျင်းရိငြီးငွေ့ခြင်း ဖြစ်လာတတ်ကြပေသည်။ စိတ်သည်ကမ္မဋ္ဌာန်း
အာရုံများသို့  မသွား တစ်ခြားအာရုံ အမျိုးမျိုးသို့  ပြေးသွားနေတတ်ပေသည်၊ မကြည်မလင်
ဖြစ်နေတတ်ပေသသည်။ ထို အခါ ဗုဒ္ဓ မြတ်စွာ၏ ဂုဏ်တော်များကို အဖန်ဖန် နှလုံးသွင်းကာ
ပွားများနေရာ၏၊ ဤကဲ့သို့ ပွားများလိုက်သောအခါ စိတ်ကြည်လင်ခြင်းများ ဖြစ်လာတတ်ပေသည်။

၂။ ချမ်းသာစွာ ဝိပဿနာရှု့ရခြင်းအကြိုးဟူသည် - ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်တို့ ကို နှလုံးသွင်းကာ
ပွားများကြသောပုဂ္ဂိုလ်တို့ သည် (ဈာန်၏အနီး)ဥပစာရသမာဓိဖြစ်လာသောအခါ ဝိပဿနာကို
ဆက်လက်၍ ရှု့မှတ်ကြရပေသည်။(ဥပစာရ သမာဓိ)စိတ်တည်ငြိမ်မှု့ကို ရရှိထားသောကြောင့်
ချမ်းသာ လွယ်ကူစွာ ဝိပဿနာရှု့ရခြင်းအကြိုးကို ရရှိနိုင်ပေသည်။
ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်ကိုးပါးတို့ ကို ပွားများကြသော ပုဂ္ဂိုလ်တို့ သည် ဂုဏ်တော်များ၏
အနက်အားလျှော်စွာ အကျိုးတရားများကိုလည်း ရရှိနိုင်ကြပေသည်။

(၁) အရဟံ= ကိလေသာ ရန်သူတို့ ကို ပယ်သတ်တော်မူတတ်သော မြတ်စွာဘုရားပါ
တကား ဟု ပွားများကြသော ပုဂ္ဂိုလ်တို့ သည် ဘေးရန် အန္တရာယ်ကင်းခြင်း အကျိုးကိုရရှိနိုင်
ကြပေသည်။
သို့ ဖြစ်၍ ဘေးရန်အန္တရာယ်များ ဖြစ်ပေါ်လာသည့်အခါ ဘေးရန်အန္တရာယ် များနှင့် တွေ့ကြုံ
နေရသည့်အခါတို့ ၌ ထိုဘေးရန်အန္တရာယ် များ မဖြစ်ပေါ်လာရအောင် ထိုဘေးရန်အန္တရာယ်များမှ
လွတ်မြောက်သွားရအောင် ၊ကင်းပျောက်သွားရအောင် အရဟံ ဂုဏ်တော်ကို ပွားများကြရပေသည်။
ဆောင်။ ။ ဘေးရန် ကင်းလို၊အရဟံကို ၊ပွားကိုပွားရမည်။
(၂) သမ္မာ သမ္ဗုဒ္ဓေါ =အလုံးစုံသောတရားတို့ ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူပြီးသော
မြတ်စွာဘုရားပါတကားဟု ပွားများကြသော ပုဂ္ဂိုလ်တို့ သည် နက်နဲ ခက်ခဲ၍ သူတစ်ပါးတို့ သိနိုင်ခဲ
ဲသောအရာတို့ ကို သိနိုင်ခြင်းအကျိုးကို ရရှိနိုင်ကြပေသည်။
သို့ ဖြစ်၍ နက်နဲ ခက်ခဲ၍ သိနိုင်ခဲသော အရာတို့ ကို သိလိုကြသောအခါ နက်နဲခက်ခဲသော အရာ
တို့ကို သူတစ်ပါးတို့ က မေးလာကြသောအခါ နက်နဲ ခက်ခဲ သော စာမေးပွဲများကို ဖြေဆိုကြရမည့်
အခါတို့ ၌ သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်ကို ပွားများကြရမည် ဖြစ်ပေသည်။
ဆောင်။ ။ နက်နဲ သိလို၊ သမ္ဗုဒ်ကို၊ ပွားကိုပွားရမည်။

(၃)ဝိဇ္ဇာစရဏ သမ္ပန္နော = ဝိဇ္ဇာသုံးပါး ဝိဇ္ဇာ ရှစ်ပါး စရဏ တစ်ဆယ့်ငါးပါး တို့ နှင့် ပြည့်စုံတော်မူ
သော မြတ်စွာဘုရား ပါတကား ဟု ပွားများကြသော ပုဂ္ဂိုလ်တို့ သည် သီလနှင့်ပြည့်စုံခြင်း ၊သမာဓိ
နှင့်ပြည့်စုံခြင်း အကျိုးတို့ ကို ရရှိနိုင်ကြပေသည်။
သို့ ဖြစ်၍ ဝိပဿနာတရား အားထုတ်ကြမည့် အခါ ၊သီလ၊သမာဓိ၊ ပညာ၊သိက္ခာ သုံးပါးတို့ နှင့်
ပြည့်စုံလိုကြသည့် အခါတို့ ၌ ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်ကို ပွားများကြရမည်ဖြစ်ပေသည်။
ဆောင်။ ။သိက္ခာပြည့်လို ၊ဝိဇ္ဇာကို၊ ပွားကိုပွားရမည်။

(၄) သုဂတော = ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ပါတကား ၊
သုဂတော=ကောင်းသောနိဗ္ဗာန်သို့  ကြွသွားတော်မူသော မြတ်စွာဘုရားပါတကား ဟု ၊
ပွားများကြသောပုဂ္ဂိုလ်တို့ သည် စကားပြောရာ၌ ၊ ပြောသမျှအောင်မြင်ခြင်းအကျိုး ၊ခရီးသွားရာ
၌ ၊သွားလိုရာအရပ်သို့  ၊အန္တရာယ်မရှိပါဘဲ၊ ချမ်းသာစွာ ရောက်ရှိသွားနိုင်ခြင်း၊ အကျိုးတို့ ကို
ရရှိနိုင်ကြ ပေသည်။
သို့ ဖြစ်၍ အရေးကြီးသောစကားတို့ ကို ပြောဆိုရမည့်အခါ ခရီးသွာရမည့်အခါ၊ခရီးသွားနေ
ကြသောအခါတို့ ၌၊ သုဂတော ဂုဏ်တော်ကို ပွားများကြရမည် ဖြစ်ပေသည်။
ဆောင်။ ။ စကားပြောလို၊ သုဂတောကို ၊ ပွားကိုပွားရမည်။
(၅) လောကဝိဒူ = လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွာဘုရား ပါတကားဟု ၊
ပွားများကြသော ပုဂ္ဂိုလ်တို့ သည် လောကီရေးရာ သိဘွယ်ရာတို့ ကို လေ့လာသောအခါ
မှန်ကန်စွာ၊ အမြန်သိခြင်း အကျိုးကို ရရှိနိုင်ကြပေသည်။
သို့ ဖြစ်၍ အဘက်ဘက်က ။တိုးတက်လာစေရန် ၊လောကီစီးပွားရေး၊ကြီးပွားရေးလုပ်ငန်း
တို့ ကို လေ့လာကြသောအခါ ၊သယံဇာတပစ္စည်းများကို ရှာဖွေကြသောအခါ တို့ ၌ ၊လောကဝိဒူ
ဂုဏ်တော်ကို ပွားများကြရမည် ဖြစ်ပေသည်။
ဆောငိ။ ။ လောကီသိလို ၊ ဝိဒူကို ၊ပွားကိုပွားရမည်။

(၆) အနုတ္တရော ပုရိသ ဒမ္မသာရထိ = အတုမရှိမြတ်တော်မူသည်ဖြစ်၍ မယဉ်ကျေးသေးသော
လူယောင်္ကျား၊ နတ်ယောင်္ကျား တိရစ္ဆာန်ယောင်္ကျားတို့ ကို(သူတို့ ကို) ယဉ်ကျေးအောင်ဆုံးမ
တော်မူတတ်သော၊မြတ်စွာဘုရားပါတကားဟု၊ ပွားများကြသော ၊ပုဂ္ဂိုလ်တို့ သည် ဆုံးမစကား
ပြောကြားရာ၌ ၊သူတစ်ပါးတို့ ၊ကောင်းစွာ၊နားထောင်ခြင်း၊လိုက်နာကြခြင်း အကျိုးတို့ ကို ၊ရရှိ
နိုင်ကြပေသည်။
သို့ ဖြစ်၍ မယဉ်ကျေး၊မလိမ္မာကြသေးသော တပည့်များ သားငယ်သမီးငယ်များ ၊ငယ်ရွယ်သူ
ကျောင်းသူ၊ကျောင်းသားများကို၊ ဆုံးမစကားပြောကြားရသောအခါ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ
ဂုဏ်တော်ကို ၊ပွားများကြရမည် ဖြစ်ပေသည်။
ဆောင် ။ ။ ဆုံးမပေးလို၊ အနုတ္တရောကို၊ ပွားကိုပွားရမည်။

(၇) သတ္ထာဒေဝမနုဿာနံ = နတ်လူတို့ ၏ဆရာဖြစ်တော်မူသော မြတ်စွာဘုရားပါတကားဟု -
ပွားများကြသောပုဂ္ဂိုလ်တို့ သည် ဆရာ၊ဆရာမအဖြစ်ဖြင့် သူတစ်ပါးတို့ အား အတတ်ပညာကို
သင်ကြားပေးကြရာ၌ ၊လျှင်မြန်စွာတတ်မြေက်စေခြင်း ၊အကျိုးကို ရရှိနိုင်ကြပေသည်။
သို့ ဖြစ်၍ ဆရာ၊ဆရာမအဖြစ်ဖြင့် တပည့် ဖြစ်သူတို့ အား သင်တန်းပို့ ချသောအခါ စာပေ
သင်ကြားပေးသောအခါတို့ ၌ သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်ကို ပွားများကြရမည် ဖြစ်ပေ
သည်။
ဆောင် ။ ။သင်ကြားပေးလို ၊သတ္ထာကို ၊ပွားကိုပွားရမည်။

(၈) ဗုဒ္ဓေါ = သစ္စာလေးပါးကို ကိုယ်တော်တိုင် သိတော်မူ`၍ သူတစ်ပါးတို့ ကိုလည်း သိစေတော်မူ
တတ်သော မြတ်စွာဘုရားပါတကား ဟု ပွားများ သောပုဂ္ဂိုလ်တို့ သည် စာပေကျမ်းဂန်များ ကို
သင်အံကျက်မှတ်သောအခါ လျှင်မြန်စွာ တတ်မြောက်ခြင်းအကျိုးကို ရရှိနိုင်ကြပေသည်။
သို့ ဖြစ်၍ စာပေကျမ်းဂန်များကို သင်အံသောအခါ သင်ယူသောအခါတို့ ၌ ဗုဒ္ဓေါဂုဏ်တော်
ပွားများကြရမည် ဖြစ်ပေသည်။
ဆောင်။ ။ အတတ်သင်လို ၊ဗုဒ္ဓေါကို ၊ပွားကိုပွားရမည်။

(၉) ဘဂဝါ =ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားပါတကားဟု -ပွားများ
ကြသောပုဂ္ဂိုလ်တို့ သည် ၊မိမိ၏အကျိုးနှင့် သူတစ်ပါးတို့ ၏အကျိုးတို့ ကို တောင့်တသည့် အတိုင်း
ပြည့်စုံစေခြင်း စသော အကျိုးများကို ရရှိနိုင်ကြပေသည်။
သို့ ဖြစ်၍ မိမိအကျိုးစီးပွား သူတစ်ပါးတို့ ၏ အကျိုးစီးပွားတို့ ကို ဆောင်ရွက်ကြသောအခါ
ဘဂဝါဂုဏ်တော်ကို ပွားများကြရမည် ဖြစ်ပေသည်။
ဆောင် ။ ။အကျိုးပြီးလို ဘဂဝါကို ၊ပွားကိုပွားရမည်။
ဤကဲ့သို့ ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်ကိုးပါးကို ပွားများကြသော ပုဂ္ဂိုလ်တို့ သည်
ဂုဏ်တော်၏အနက် အဓိပ္ပါယ်အားလျော်စွာ အကျိုးတရားတို့ ကို ရရှီနိုင်ကြမည်
ဖြစ်ပေသည်။
(saddhammaransi sayadaw}


No comments:

Post a Comment