အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Saturday 29 October 2011

"ဗြဟ္မစိုရ် တရား လက်ကိုင်ထားနိုင်လျှင်"




ဗြဟ္မစိုရ်တရားဟူသည်--
မေတ္တာ=ဆင်းရဲ၊ချမ်းသာ၊သတ္တဝါတို့ ကို ချစ်ခြင်းသဘောဖြစ်၏။
ကရုဏာ=ဒုက္ခ ဆင်းရဲရောက်နေသောသတ္တဝါကို သနားကြင်နာတတ်ခြင်းသဘောဖြစ်၏။
မုဒိတာ= ချမ်းသာသောပုဂ္ဂိုလ်၊သတ္တဝါကိုတွေ့ မြင်ရလျှင် ဝမ်းသာကြည်နူးခြင်းသဘောရှိ၏။
ဥပေက္ခာ=ဆင်းရဲခြင်း၊ချမ်းသာခြင်း၊ဝမ်းနည်းခြင်း၊ဝမ်းသာခြင်း၊ချစ်ခြင်း၊မုန်းခြင်း၊တရားတို့ ၌၊
မည်သည့်ဖက်မှမပါဘဲ၊အလယ်အလတ်သဘောထားခြင်းရှိ၏။ဤတရားလေးပါးကိုဟြေ္မစိုရ်တရား
လေးပါးဟုခေါ်သည်။
ဤဗြဟ္မစိုရ်တရားလေးပါးကို ကျင့်သုံးနိုင်ရန်ကား သာမန်လူများအဖို့ ခဲရင်းလှပါ၏၊ထိုသို့ 
ကျင့်သုံးရန်ခဲရင်းသောတရားကို၊ကျင့်သုံးနိုင်ကြလျှင်၊မကောင်းသောအပြစ်များမဖြစ်လာနိုင်၊
ကောင်းကျိုးချမ်းသာများကိုသာရရှိလာနိုင်မည်ဖြစ်သည်။ထိုတရားများကိုကျင့်သုံးလျှင်လည်း
အညီအမျှဖြစ်အောင်ကျင့်သုံးနိုင်ရမည်၊ဗြဟ္မစိုးတရားလေးပါးတွင် တစ်ပါးပါးကိုလွန်ကဲ၍ ကျင့်
သုံးလျှင် အစွန်းမလွတ်ပဲဖြစ်တတ်သည်။မဇ္ဈိမပဋိပဒါ-အလယ်အလတ်သဘောကိုဆောင်တတ်
ဥပေက္ခာတရားကိုကျင့်သုံးမှု့လွန်ကဲနေပါလျှင်။မိမိ၏ပတ်ဝန်းကျင်နှင့်အဆင်မပြေဖြစ်နေတတ်
်ပြန်သည်။
မေတ္တာကို ကျင့်သုံးသူသည်-ဆင်းရဲ၊ချမ်းသာ၊အမှား၊အမှန်၊အကောင်းအဆိုး၊စသည်ဖြင့်ခွဲခြားမှု့
မရှိပဲကျင့်သုံးနေတတ်၏ထိုသို့ ကျင့်သုံးရာ အေးမြသောမေတ္တာစစ်မှပူလောင်သောတဏှာဘက်
သို့ ပြောင်းသွားတတ်ပြီးလမ်းမှားကျင့်သုံးနေတတ်ပေသည်။ထို့ ကြောင့် မေတ္တာကိုကျင့်သုံးသူသည်၊
ဆရာသမားနှင့်တူသော၊အလယ်အလတ် သဘောရှိသောဥပေက္ခာကိုလက်ကိုင်ထားသင့်
ပေသည်။ဆရာသမားနှင့်တူသော အလယ်အလတ်သဘောရှိ ဥပေက္ခာသည်၊ဆင်းရဲ၊
ချမ်းသာ၊ကောင်းဆိုးမရွေးမေတ္တာထားတတ်သော၊မေတ္တာသမားကိုလမ်းမမှားအောင် ထိန်းသိမ်းထားပေးပါလိမ့်မည်။မေတ္တာတရားကိုကျင့်သုံးနေသူအား၊မဇ္ဈိမပဋိပဒါ-အလယ်
်အလတ် ကျင့်သုံးတတ်အောင်၊အုပ်ချုပ်ထိန်းးသိမ်းပေးမည်ဖြစ်၏။

ကရုဏာကိုကျင့်သုံးသူသည်-ဒုက္ခဆင်းရဲရောက်နေသောသူကို သနားကြင်နာတတ်၏၊
ထိုသူကိုဒုက္ခဆင်းရဲမှ လွတ်ကင်းအောင်၊ချမ်းသာအောင်ကူညီတတ်၏၊ထိုအခါချမ်းသာ
သူများအားစိတ်ထဲ၌အမြင်စောင်းနေသလိုဖြစ်တတ်၏၊ချမ်းသာသူများကြောင့်ပင်၊ဆင်းရဲ
နေရ၏၊ဟုအထင်ရောက်ကာ၊ချမ်းသာသူကို၊မလိုစိတ်ထားအမုန်းပွားနေတတတ်ပြီး၊ဒုက္ခ
ဆင်းရဲရောက်သူကို သနားပိုစိတ်ဖြစ်၍၊စိုးရိမ်ပူပန်သောကဖြစ်ကာအတွေးလမ်းကြောင်း
မှားနေတတ်၏၊ထို့ကြောင့်ဒုက္ခဆင်းရဲသူကိုသနားကြင်နာတတ်၍၊ကရုဏာကိုကျင့်သုံး
သူသည်၊ဆရာသမားနှင့်တူသောအလယ်အလတ်သဘောရှိသော ဥပေက္ခာကိုလက်ကိုင်
ထားသင့်ပေသည်။ဆရာသမားနှင့်တူသော အလယ်အလတ်သဘောရှိ ဥပေက္ခာသည်၊
ဒုက္ခဆင်းရဲသို့ ရောက်သူကို သနားကြင်နာတတ်သောကရုဏာသမားကိုလမ်းမမှားအောင်
ထိမ်းသိမ်းထားပေးပါလိမ့်မည်။ကရုဏာတရားကိုကျင့်သုံးနေသူအား၊မဇ္ဈိမပဋိပဒါ-အလယ်၊
အလတ်၊ကျင့်သုံးတတ်အောင်၊အုပ်ချုပ်ထိန်းသိမ်းပေးမည်ဖြစ်၏။

မုဒိတာကိုကျင့်သုံးသောသူသည်-ချမ်းသာသောပုဂ္ဂို၊သတ္တဝါကိုတွေ့ မြင်ရလျှင်၊ကိုယ့်ကိုယ်
ပထမဦးစွာဝမ်းသာကြည်နူးမှု့ဖြစ်အောင်နှလုံးသွင်းရ၏၊ထိုသို့ နှလုံးမသွင်းနိုင်လျှင်၊အပြိုင်
အဆိုင်သဘောမာနများ၊အဘိဇ္ဈာသဘောလောဘ၊မနာလိုခြင်းများဖြင့်အမှားလမ်းကြောင်းသို့ 
ရောက်သွားတတ်ပါသည်၊ဝမ်းမြောက်နေရာမှ၊ဝမ်းနည်းမှု့၊ကျေနပ်နေရာမှမကျေနပ်မှု့၊အမှား
ဘက်သို့ ရောက်သွားတတ်၏၊ ထို့ ကြောင့် ချမ်းသာသောပုဂ္ဂိုလ်၊သတ္တဝါကိုတွေ့ မြင်ရ၊ဝမ်းသာ
ကြည်နူးခြင်းသဘော မုဒိတာကိုကျင့်သုံးသောသူသည်.ဆရာသမားနှင့်တူသောအလယ်
အလတ်သဘောရှိသော၊ဥပေက္ခာတရားကို၊လက်ကိုင်ထားသင့်ပေသည်။ဆရာသမားနှင့်
တူသော၊ဥပေက္ခာတရားသည်၊မုဒိတာတရားကိုကျင့်သုံးသောသူကိုလမ်းမှားမရောက်အောင်
ထိန်းသိမ်းထားပေးပါလိမ့်မည်၊မုဒိတာတရားကိုကျင့်သုံးသောသူအား၊မဇ္ဈိမပဋိပဒါ-အလယ်
်အလတ်ကျင့်သုံးတတ်အောင်အုပ်ချုပ်ထိန်းသိမ်းပေးမည်ဖြစ်၏။
မုဒိတာကိုကျင့်သုံးသောသူသည်၊ မေတ္တာ၊ကရုဏာတရားတို့ ကို ကျင့်သုံးသောသူများလောက်
သဘောထားမလွယ်ကူတတ်ပေ၊တွေ့ မြင်တတ်ရာရာတိုင်းကိုလည်းဝမ်းမြောက်ဝမ်းသာဖြစ်
ခဲတတ်၏၊မေတ္တာ၊ကရုဏာတရားတို့ ကိုကျင့်သုံးသူသည် နုနယ်သောသဘောကိုဆောင်၍၊
မုဒိတာတရားကိုကျင့်သုံးသူသည်ရင့်ကျက်သောသဘောကိုဆောင်၏။

ဥပေက္ခာကိုကျင့်သုံးသောသူသည်၊ချစ်ခြင်း၊မုန်းခြင်း၊ချမ်းသာခြင်း၊ဆင်းရဲခြင်း၊ဝမ်းသာခြင်း၊
်ဝမ်းနည်းခြင်၊များနှင့်တွေလျှင်မည့်သည့်ဘက်မှမလိုက်ဘဲမဇ္ဈိမပဋိပဒါအလယ်အလတ်၌
သာရှိနေတတ်၏၊များသောအားဖြင့်၊သတ္တဝါ(လူ)တို့ ၏သဘောသည်ဥက္ခောတရားကိုကျင့်
့်သုံးရန်၊သူတစ်ပါးတို့ အားလည်းမတိုက်တွန်းလိုကြ၊မိမိတို့ ကိုယ်တိုင်လည်းမကျင့်သုံးလိုကြပေ၊
အဘယ့်ကြောင့်ဆိုသော်၊သူတစ်ပါးကိုလည်းချစ်လိုကြ၊ဝမ်းသာကြည်နူးလိုကြ၊
မိမိကိုလည်းချစ်စေလိုကြ၊ဝမ်းသာကြည်နူးစေလိုကြဖြစ်တတ်၏။ထိုအခါဥက္ခောတရား
ကိုကျင့်သုံးသူကို၊သူတစ်ပါးတို့ နှင့် လိုက်လျှောညီထွေမနေတတ်သူ၊လောကကြီးနှင့်
အံဝင်ခွင်ကြမနေတတ်သူဟူ၍အထင်ရောက်ကာအဖြစ်ဆိုတတ်ကြပေသည်။
ဥပေက္ခာတရားကာ အလယ်အလတ်လမ်းစဉ်ဖြစ်သောကြောင့်တည်ငြိမ်ခြင်း၊လေးနက်
ခြင်းသဘောရှိ၏၊ဥပေက္ခာတရားကိုကျင့်သုံးနိုင်ရန်အလွန်ခဲယဉ်း၏၊ပြောသင့်၊လုပ်သင့်
တာကို၊မပြောမလုပ်ခြင်းသည် ဥပေက္ခာမဟုတ်ပေ၊
ထို့ ကြောင့် ဗြဟ္မစိုရ်တရားလေးပါးကို ကျင့်သုံးလိုသူသည်၊အညီအမျှကျင့်သုံးတတ်ရန်
လိုအပ်ပါသည်၊မေတ္တာ၊ကရုဏာဗြဟ္မစိုရ်တရားနှစ်ပါးကို ကျင့်သုံးနိုင်ရန်လွယ်ကူသော်လည်း
မုဒိတာ ဗြဟ္မစိုရ်တရားကိုကျင့်သုံးနိုင်ရန်ကားခဲရင်လှ၏၊ ထို့ ထက် ဥပေက္ခာဗြဟ္မစိုရ်တရားကို
ကျင့်သုံးနိုင်ဖို့ ရန်ကားပို၍.ပို၍ပင်ခက်ခဲပေလိမ့်မည်။
မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာတည်းဟူသောဗြဟ္မစိုရ်တရားလက်ကိုင်ထားကျင့်သုံးနိုင်
လျှင်ကား၊ဆိုဖွယ်မရှိ၊ချမ်းသာခြင်းအတိဖြင့်အေးငြိမ်းနေမည်ဟူ၍သာ-....-vi99..








No comments:

Post a Comment