အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Saturday 26 November 2011

ဒု.သ.န.သော.ဟူသည်-






သာဝတ္ထိပြည်ကို အုပ်ချုပ်မင်းလုပ်သော ကောသလမင်းကြီးသည်၊ပွဲလမ်းသဘင်ကျင်းပရာတစ်နေ
့သောအခါ၌ပုဏ္ဏရိကအမည်ရှိဆင်ကိုစီးပြီး နေပြည်တော်ကို လည့်လည်စဉ် အိမ်တစ်အိမ်၏
ပြတင်းတခါးမှမိမိအားလှမ်း၍ကြည်ရှု့နေသောအမျိုးသမီးတစ်ဦးအားတွေ့မြင်လေလျှင်အလွန်နစ်သက်
တပ်မက်သောစိတ်ဖြစ်ပေါ်လာသောစိတ်ဖြစ်ပေါ်လာသဖြင့် ဆက်လက် လှည့်လည်ကြည့်ရှု့လိုသော
စိတ်မရှိဘဲ မိမိနန်းတော်သို့ လှည့်ပြန်လာခဲ့လေသည်။
မိမိ၏နန်းတော်သို့ ရောက်သောအခါ ယုံကြည်စိတ်ချလောက်သော မင်းမှု့ထမ်းတစ်ယောက်ကို
ခေါ်ပြီး "ထိုအမျိုသမီးသည် "ကာမပိုင် လင်ရှိမရှိ" စုံစမ်းရန်စေလွှတ် လိုက်လေသည်။ထိုအမျိုးသမီး၌ ကာမပိုင်လင်ရှိကြောင်းသိလေလျှင်၊ အမျိုးသမီး၏လင်ယောင်္ကျားကို မိမိအနီးသို့ခေါ်ပြီးမင်းမှု့ထမ်းအဖြစ် တာဝန်ပေးလေသည်။
ထိုမင်းမှု့ထမ်းသည် တာဝန်ကိုမထမ်းဆောင်လိုသော်လည်း မင်းအမိန့် ကိုမလွန်ဆန်နိုင်သောကြောင
့်တာဝန်ကိုထမ်းဆောင်နေရလေသည်။ကောသလမင်းကြီး၏ အကြံအချို့ကိုလည်းသိရှိကြားသိနေရ၍ တာဝန်ဝတ္တရာများကိုလည်း မပျက်မကွက်ထမ်းဆောင်ခဲ့လေသည်။
ကောသလမင်းကြီးသည် တစ်လ နှစ်လခန့် ကြာသော်လည်း ထိုမင်းမှု့ထမ်းအပေါ်၌ တစ်စုံတစ်ခုသော
အပြစ်ကိုရှာ၍မတွေ့ ခဲ့ပေ။တစ်နေ့ သောအခါတွင် ကောသလင်းမင်းကြီးသည် ထိုမင်းမှု့ထမ်းအား
ခေါ်စေပြီး နန်းတော်မှတစ် ယူဇနာဝေးကွာသော ရေအိုင်သို့ သွား၍ အာရုဏဝတီမည်သော မြေနီမှုန့်နှင့် ကုမုဒြာကြာပန်းတို့ကိုသွားရောက်ယူဆောင်ခဲ့ရန်စေခိုင်းလေသည်။"ညနေချမ်းမိမိရေချိုးချိန်အမှီပြန်
်လည်၍မရောက်လာပါကအပြစ်ဒဏ်ပေးမည်"ဟု အမိန့်မှာကြားလိုက်လေသည်။
ထိုမင်းမှု့ထမ်းသည် မင်းကြီးအမိန့်ကိုကြားသိရသောအခါ အလွန်ကြောက်ရွံ့ထိတ်လန်လျှက်အိမ်သို့
ပြန်သွားပြီး အစာရိက္ခာကိုယူဆောင်ပြီး အလျှင်အမြန်ထွက်ခွာသွားသေည်။ရေအိုင်သို့ရောက်သော
အခါခေတ္တအပန်းဖြေနားနေပြီး ထမင်းအာဟာရကိုသောက်ပြီးနောက်၊အရုဏဝတီမြေနီမှုန့်နှင့်
ကုမုကြာတို့ကိုယူဆောင်ကာ နေပြည်တော်သို့  အလျှင်မြန်ပြန်လာခဲ့လေသည်။
မြို့တော်၏တခါးသို့ရောက်သောအချိန်တွင် နေမဝင်သေးသော်လည်း တခါးပိတ်ထားပြီးဖြစ်နေလေ
သည်။မင်းကြီး၏အထူးမင်းမှု့ထမ်းဖြစ်၍ တခါးဖွင့်ပေးရန်တောင်းဆိုသော်လည်း မင်းကြီးကမည်သူ
တစ်ဦးတစ်ယောက်အားမျှ တခါးဖွင့်မပေးရန်အမိန့်ထုတ်ထားသောကြောင့်ဖွင့်မပေးနိုင်ကြောင်းပြော
လေသော်မင်းမှု့ထမ်းသည်မိမိအချိန်မှီပြန်လည်ရောက်ရှိကြောင်းကို တခါးမှူးအားသက်သေတည
်၍ယူဆောင်ခဲ့သောအရုဏဝတီမြေနီမှုန့်နှင့်ကုမုဒြာကြာပန်းတို့ကို အပ်နှံခဲ့ပြီးမြို့ပြင်ရှိကျောင်း
တစ်ကျောင်းသို့သွားရောက်အိပ်လေသည်။မင်းမှု့ထမ်းသည် မင်းပြစ်မင်းဒဏ်သင့်၍ မိမိ၏ချစ်ဇနီးနှင့်
ဝေးကွာရမည့်အရေးတွေးတောပူပန်လျှက် ကောင်းစွာအိပ်မပျှော်နိုင်ဘဲရှိလေသည်။
ကောသလမင်းကြီးသည်လည်း နောက်နေ့ နံနက်တွင် "ထိုမင်းမှု့ထမ်းအား သတ်၍ ဇနီးမယားကို
သိမ်းပိုက်နိုင်တော့မည် "ဟုတွေးရင်း အိပ်မပျော်နိုင်ဘဲဖြစ်နေစဉ်-ညသန်းခေါင်ကျော်အချိန်တွင်
နန်းတော်၏အပြင်မှ "ဒု၊သ၊န၊သော၊"ဟူသောအသံကြီးလေးခု ထူဆန်းစွာထွက်ပေါ်လသည်ကို
ကြားသိရသောအခါ လွန်စွာ ထိကြောက်ရွံ့တုန်လှုပ်ပြီး တစ်ညလုံးအိပ်မပျှော်ဘဲ နံနက်မိုးလင်း
ရောက်သောအခါ ပုရောဟိတ်ပုဏ္ဏားတို့ကို ခေါ်၍အကြောင်းစုံကိုမေးမြန်းလေသော်-ပုရောဟိတ်
ပုဏ္ဏားသည် မင်းကြီးကြားသိရသည့် "ဒု၊သ၊န၊သော၊"ဟူသော အသံကြီးလေးခု၏အနက်အဓိပ္ပါယ်ကို
ဖော်နိုင်စွမ်းမရှိပါ၊သို့သော် မင်းကြီး`၏အထင်သောမှု့ကို ခံရမည်စိုးသောကြောင့် -အရှင်မင်းကြီး
"ဤအသံကြီးလေးခုသည် အလွန်ကြောက်ဖွယ်ကောင်းပြီး အသက်ကိုပင်အန္တရာယ်ကျ
ရောက်နိုင်ကြောင်း"လျှောက်တင်လေသောအခါမင်းကြီးသည် အလွန်ကြောက်ရွံ့ထိတ်လန့်
လျှက်-ပုဏ္ဏားအား"အန္တရာယ်မှကာကွယ်တားဆီးနိုင်သောယတြာအစီစဉ်ကိုအမြန်ပြုလုပ်ပါ"ဟု မိန့်ကြားလေသည်။
ပုရောဟိတ်ပုဏ္ဏားသည် မင်းကြီး၏အမိန့်ဖြင့် သတ္တဝါတို့ကိုသတ်၍ 'သဗ္ဗသတ'မည်သော ယဇ်ပူ
ဇော်မှို့ပြုလုပ်ရန် ဆင်၊မြင်း၊ကျွဲနွားအစရှိသော၊တိရစ္ဆာန်အမျိုးမျိုးနှင့် သတိုးသားသတိုးသမိးများကို
တစ်မျိုးလျှင်တစ်ရာစီရရှိအောင် ဖမ်းဆီးစေသည်။ မိမိတို့၏သားသမီးဆွေမျိုးများဖမ်းဆီးခံရသော
ဖမ်းဆီးခြင်းခံရသော မြို.သူမြို.သားတို့က အော်ဟစ်ငိုကြွေးကြကုန်လျှက် အချို့သူများကလည်း
လွှတ်ရာသို့ထွက်ပြေးတိမ်းရှောင်ကြနှင့် သာဝတ္ထိမြို့တွင်း၌ ကမ္ဘာပျက်သလို ပွက်ပွက်ဆူညံနေကြ
လေသည်။
ထိုသိုဖြစ်ပျက်နေကြသည်ကို မလ္လိကာမိဖုရားကြီးကြားသိလေလျှင် ကောသလမင်းကြီးထံသို့
အမြန်သွားရောက်၍ ၊"အရှင်မင်းကြီးသည် ပုရောဟိတ်ပုစ္ဏား၏စကားကို မဆင်ချင် မစဉ်းမစား
ယုံကြည်၍၊ သတ္တဝါအများကို သတ်ဖြတ်ခြင်း ယစ်ပူဇော်ခြင်းမှာ ၊မသင့်လျှော်လှပါ၊ဇေတဝန်
ကျောင်းတော်သို့သွား၍ ဗုဒ္ဓရှင်တော်မြတ်အားမေးလျှောက်သင်လှပါသည်" ဟူ၍ပြောကြား
လေသည်။ထိုအခါကောသလမင်းကြီးသည် မလ္လိကာမိဖုရားကြီးကို ခေါ်၍ ဇေတဝန်ကျောင်း
တော်သို့ထွက်လာခဲ့လေသည်။ကျောင်းတော်သို့ ရောက်၍အကြောင်းစုံကို မြတ်စွာဘုရားရှင
်အားလျှောက်ထားလေသောအခါ မြတ်စွာဘုရားရှင်က-
"ဒကာတော်မင်းကြီး၊မကြောက်လေလင့်၊ သင့်အားဘေးအန္တရာယ်သည်မရှိ"ဟု မိန့်ကြားတော်မူပြီး၊
ဒု၊သ၊န၊သော၊ ဟူသော အသံကြီးလေးခုတို့ ၏ အနက်အဓိပ္ပါယ်ကို ထုတ်ဖော်ဟောကြားတော
်မူလေသည်။ထို ဒု၊သ၊န၊သော၊ဟူသော အသံကြီးလေးခုတို့ကား -လောဟကုမ္ဘီငရဲ၌ ကျခံနေကြရ
သည့်ငရဲသား လေးဦးတို့အော်ဟစ်လိုက်သော အသံများဖြစ်လေသည်။
ထိုငရဲသားလေးဦးတို့သည် ရှေးဘဝ၌ သူဌေးသားများဖြစ်ကြပြီး သူတစ်ပါး၏သားမယားတို့ကို
ပစ္စည်းဥစ္စာဖြင့်ဖြားယောင်းဖျက်ဆီးခဲ့ကြလေသည်။ထိုမကောင်မှု့အကုသိုလ်ကံကြောင့် လောဟကုမ္ဘီ
ငရဲ၌ ကျရောက်ရပြီး နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခကို ခံစားနေကြရသည်။ငရဲ၌ အထက်နှင့်အောက်၊
လှည်ပြောင်းခံစားနေကြရာမှ၊အထက်သို့ရောက်ရှိလာသည့်အခိုက်တွင် ဆင်းရဲဒုက္ခကိုခံစားနေကြရ
ပြီး နောင်တတရားရရှိသည်ကို ထုတ်ဖော်ပြောကြားရန်အားထုတ်သည့်အနေဖြင့်အော်ဟစ်ကြခြင်း
ဖြစ်လေသည်။သို့သော်လည်း သူတို့ပြောကြားလိုသည့်စကားများကို ပြည့်စုံစွာ ပြောကြားခွင့်မရကြ
ဘဲ ၊အစ စကားတစ်လုံးစီကိုသာ အောဟစ်ပြောကြားပြီး ငရဲ၏အောက်ဖက်သို့ နစ်မြုတ်လျှက်
သွားကြရလေသည်။
ငရဲသားလေးဦးတွင် ပထမဦးဆုံးငရဲသားသည်၊ဒု='ဒုဇ္ဇီဝိတ မဇီဝိမှ' စသည်ဖြင့် သူဌေးသားဘဝ၌
မကောင်းသောအသက်မွေးမှု့ပြုလုပ်ခဲ့၊မိခြင်းကိုပြန်လည်ပြောပြလိုသော်လည်း'ဒု'ဟူသော အစ၊စကားတစ်လုံး၏အဆုံး၌ပင် အောက်သို့နစ်မြုတ်သွားရလေသည်။
ဒုတိယငရဲသားသည် သ='သဋ္ဌိ ဝဿသဟဿနိ'စသည်ဖြင့် နှစ်ပေါင်းခြောက်သောင်းတိုင်တိုင်
ငရဲ၌ခံစားရပုံကို ညည်းညူလိုက်ခြင်းဖြစ်လေသည်။
တတိယငရဲသားသည်၊န='နတ္ထိအန္တော ကုတောအန္တော'စသည်ဖြင့် ငရဲဒုက္ခ၏အဆုံးအစမထင်ပ
ုံကိုသည်းညူလိုခြင်းဖြစ်လေသည်။ စတုတ္ထငရဲသားကား၊သော=သောဟံနူန ဣတောဂန္တွာ 'စသော
ဂါထာကို ရွတ်ဆိုလျှက် "အကျွန်ုပ်သည် နောင်ဘဝတွင် ကောင်းသောအလုပ် ကိုသာ အားထုတ်
ပါတော့မည်"ဟူသောစကားကိုပြောဆိုလိုလျှက်-'သော'ဟူသော အစတစ်လုံးကိုသာ ပြောဆိုနိုင်
လျှက်အောက်သို့ပြန်ရောက်သွားရလေသည်။
ဤသို့ မြတ်စွာဘုရားရှင်သည် သူဌေးသားလေးဦးတို့၏ အဖြစ်ပျက်ကို ထုတ်ဖော်ဟောကြားတော်
မူသောအခါ၊ကောသလမင်းကြီးသည်များစွာထိတ်လန့်သွားလေတော့သည်။
"နောက်နောင်၌လည်းသူတစ်ပါး၏သားမယားကိုပြစ်မှားခြင်းမှလုံးဝရှောင်ကြဉ်ပါတော့မည်"ဟူ၍ ဆုံးဖြတ်ချက်ကိုခိုင်မာစွာချခဲ့လေသည်။ထိုအခါတွင် အရုဏဝတီ မြေနီမှုန့်ျနှင့်
ကြာပန်းကိုသွားရောက်ယူခဲ့သောမင်းမှု့ထမ်းသည်၊မြတ်စွာဘုရားရှင်အထံတော်သို့ရောက်
လာခဲ့လေသည်။ဤသို့ ကာယကံရှင်များစုံညီစွာရောက်လာသော
အချိန်တွင် မြတ်စွာဘုရားရှင်သည်-
"အိပ်မပျော်ဘဲ နိုးကြားနေသောသူအား ညတာသည်ရှည်လျှား၏။"
"ခရီးပန်းသူအား တစ်ယူဇနာခရီးသည် ရှည်လျှား၏"။
"တရားတော်ကိုမသိသော လူမိုက်တို့အားလည်းသံသရာသည်ရှည်ကြာလှပေ၏"။ဟူသောတရား
ဒေသနာတော်ကို၊ဟောကြားတော်မူခဲ့လေသည်။
တရားဒေသနာတော်၏အဆုံးတွင် မင်းမှု့ထမ်းလုလင် သည် သောတာပန်အဖြစ်သို့ရောက်
ရှိပြီး ရာဇဝတ်အပြစ်မှလည်းလွှတ်ကင်းသွားလေသည်။ကောသလမင်းကြီးသည်လည်း
ယစ်ပူဇော်ရန်ဖမ်းဆီးထားသည့် သတ္တဝါတိရစ္ဆာန်တို့အား ချက်ချင်းလွှတ်စေရန်အမိန့်ချမှတ်
ခဲ့သည်။ဖမ်းဆီးခံရ၍လွှတ်မြောက်လာသူများကလည်း ၊မလ္လိကာမိဖုရားကြီးအားကျေးဇူး
တင်ဝမ်းမြောက်လျှက်ရှိကြလေသည်။

(ဓမ္မပဒ။ဗာလဝဂ်။၁-အညတရပုရိသဝတ္ထု။)


No comments:

Post a Comment