အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Sunday 27 November 2011

..............ကြိုလင့်နေမည်-ထက်နတ်ပြည်...........


အလုံးစုံပြည့်စုံသော သာဝတ္ထိပြည်ကြီးတွင် ဓမ္မိကအမည်ရှိသော ဥပသကာတစ်ဦးသည်
သားခုယောက်နှင့် သမီး ခုနှစ်ယောက် ရှိလေသည်။ ဓမ္မိက ဖခင်ကြီးသည် တရားဓမ္မ
ကုသိုလ်ကောင်းမှု့ပြုခြင်းတို့၌လွန်စွာဝါသနာပါသူဖြစ်သည့်အလျှောက်သားသမီးများမှာ
လည်းကုသိုလ်ကောင်းမှု့၌ပြုလုပ်ခြင်း၌လွန်စွာမွေ့လျှော်သူများဖြစ်ကြလေသည်။
ဓမ္မိကဥပသကာသည် ထိုသို့ ကုသိုလ်ကောင်းမှု့တို့ ဖြင့် မွေ့လျှော်နေထိုင်ရင်း အသက်အရွယ်
ကြီးရင့်လာပြီး မကျန်းမမာဖြစ်ပြီး အိပ်ယာထက်၌ မထနိုင်တော့ဘဲ လဲလျှောင်းလျှက်
နေရလေသည်။ဓမ္မိက ဥပသကာသည် တရားနာကြားလိုသဖြင့် မြတ်စွာဘုရားရှင်ထံ
ခွင့်ပန်လျှောက်ထားပြီး ရဟန်ရှစ်ပါးကို အိမ်သို့ပင့်ဆောင်ပြီး မိမိအိပ်ယာ၏ဘေးနားတွင်
သီတင်းသုံးစေလျှက် သတိပဋ္ဌာနသုတ်တရားတော်ကို ဟောကြားပေးစေ
်သည်။ရဟန်းများသည်လည်း 'ဧကာယနော အယံဘိက္ခဝေ မဂ္ဂေါ 'အစရှိသော သတိပဋ္ဌာနသုတ်
တော်ကိုရွတ်ဆိုပေးကြလေသည်။
ထိုသို့ရဟန်းတော်များ ရွတ်ဖတ်နေကြစဉ်အခါ အထက် နတ်ပြည်ခြောက်ထပ်မှ သိန္ဓောမြင်း ကသော
နတ်ရထားခြောက်စင်းတို့သည်ကောင်းကင်၌ ပေါ်လာပြီး ဓမ္မိကဥပသကားအား 'သူ၏ရထားပေါ်သို့
တက်ရောက်ပါ၊ငါ၏ရထားပေါ်သို့တက်ရောက်ပါ'ဟုဖိတ်ခေါ်နေကြလေသည်ကို
မြင်လေသော်ဓမ္မိကဥပကာသည်၊တရားနာနေစဉ်အနှောက်ယှက်မဖြစ်စေလို၍
"ခဏစောင့်ဆိုင်းကြပါဦး"ဟုပြောလေသည်ကိုရဟန်းတော်များကမိမိတို့အားပြောဆိုသည
်ဟုထင်မှတ်၍ ရပ်တန့်လိုက်ကြလေသည်။ထိုအခါ သားသမီးများက "ငါတို့၏ဖခင်သည်
တရားနာခြင်းကို မည်သည့်အခါမျှ ရောင့်ရဲခြင်းမရှိ ယခုအခါသေရမည်ကိုကြောက်ရွံ့သောကြောင့်
ကယောင်ချောက်ချားဖြစ်ကာ တရားဟောနေသော ရဟန်းများကိုပင် အရပ်ခိုင်းလေဘိသည်"ဟု
ုငိုယိုကြကုန်လျှက်ပြောဆိုကြလေ၏။
ထိုအခါ ဓမ္မိကဥပသကာသည် ရဟန်းတော်များကိုမမြင် ၍ "အရှင်မြတ်ရဟန်းတော်များ ဘယ်မှာ
ရောက်နေလဲ"ဟု မေးလေသော်-တရားဟောနေစဉ် ဖခင်က "ခဏဆိုင်းပါဦး"ဟု ပြောလေသော
ကြောင့်ကျောင်းတော်သို့ပြန်ကြွသွားကြပြီဖြစ်ကြောင်း ပြောဆိုကြလေ၏။
ထိုသို့ပြောဆိုခြင်းသည်ရဟန်းတော်များကို ပြောဆိုခြင်းမဟုတ်ပါ၊ "နတ်ပြည်မှ နတ်သားများ နတ်
ရထားတို့ဖြင့် ငါအားလာရောက်ကြိုဆိုနေကြသော နတ်ပြည်ခြောက်ထပ်မှ နတ်သားတို့အား ပြော
ဆိုခြင်းဖြစ်သည်"ဟု ဆိုလေ၏။
"ဖခင် နတ်သားတွေက ဘယ်မှာလဲ အကျွန်ုပ်တိုမမြင်ရပါ" "ချစ်သားတို့- နတ်ပြည်
ခြောက်ထပ်တွင် အဘယ်နတ်ပြည်သည် ပျော်မွေ့ဘွယ် အကောင်းဆုံးဖြစ်ပါသလဲ"
"ဖခင်- ဘုရားလောင်းနှင့် ဘုရားလောင်းမယ်တော် တို့ ပျော်စံရာ ဖြစ်သော တုသိတာနတ်ပြည်
သည် ပျော်မွေ့ဘွယ် အကောင်းဆုံးဖြစ်ပါသည်"ဟု ပြောဆိုလေသော်-
"ချစ်သားတို့ ထိုသို့ဖြစ်လျှင် တုသိတာနတ်ပြည်မှလာသော နတ်ရထား၌ ချိပ်စေသတည်းဟု ၊
အဓိဋ္ဌာန်ပြု၍ ပန်းကုံးတို့ကို ကောင်းကင်သို့ ပစ်မြောက်ကြလေလော့"ဟု ဆို၏။
ထိုအခါ သားတစ်ယောက်သည် ဖခင်ပြောဆိုသည့် အတိုင်း အဓိဋ္ဌာန်၍ ကောင်းကင်သို့
ပစ်လိုက်လေရာ တုသိတာနတ်ပြည်မှလာသော နတ်ရထား၏ ရထားဦး၌ချိတ်လျှက် တည်နေ
လေ၏။ မြတ်စွာဘုရားရှင်သည် ဓမ္မိကဥပသကာ အိမ်မှ ပြန်လာကြသောရဟန်းများအား ဤသို့
အကြောင်းစုံကိုမိန့်ကြားတော်မူပြီး ၊
"ကုသိုကောင်းမှု့ ပြုသူသည် မိမိ၏စင်ကြယ်သော ကုသိုလ်ကောင်းမှု့ကို မြင်၍ ဤဘဝ၌လည်း
ပျော်ရွှင်ချမ်းမြေ့စွာနေရ၏၊ တစ်ပါးသောဘဝ၌လည်း ပျော်ရွှင်ချမ်းမြေ့စွာ နေရ၏" ဟူသော
တရားဒေသနာတော်ကို ဟောကြားတော်မူလေသည်း
(၁။ယမကဝဂ်၊၁၁-ဓမ္မိက ဥပသကာ ဝတ္ထု)။vi99-


No comments:

Post a Comment