အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Tuesday 6 December 2011

ဘုရားလောင်း သုံးမျိုး


ဘုရားဆုကိုပန်ပြီးနောက်တွင် ပါရမီ ဆယ်ပါး၊အပြားသုံးဆယ် တို့ကို ဖြည့်ကျင့်နေသူ
ကို ဗောဓိသတ္တ ဘုရားလောင်းဟုခေါ်သည်။ ဓာတ်ခံလွန်ကဲမှု့ကိုအကြောင်းပြု၍ ပါရမီ
ဖြည့်ကျင့်ရာကာလ ကွဲပြားမှု့ အရ ဘုရားလောင်းများကို သုံးမျိုးခွဲခြားနိုင်သည်။
၁။ ပညာဓိက ဘုရားလောင်း။
၂။သဒ္ဓါဓိက ဘုရားလောင်း။
၃။ဝီရိယာဓိက ဘုရားလောင်း။ တို့ဖြစ်သည်။
ပညာဓိက ဘုရားလောင်းများသည်- လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးမှ
ဘုရားဖြစ်တော်မူသည်။
သဒ္ဓါဓိက ဘုရားလောင်းများသည် -ရှစ်သင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးမှ
ဘုရားဖြစ်ကြသည်။
ဝီရိယာဓိက ဘုရားလောင်းများသည်- (၁၆)သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးမှ
ဘုရားဖြစ်ကြသည်။
ဘုရားဖြစ်ခြင်းဟူသည် -အရဟတ္တမဂ်ဥာဏ်နှင့် သဗ္ဗညုတဥာဏ်တော်ကြီးကို
ရခြင်းပင်ဖြစ်သည်။
ဂေါတမ ဘုရားလောင်းသုမေဓာ ရှင်ရသေ့သည် ပညာဓိကဘုရားလောင်းဖြစ်၍
လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရသည်။

No comments:

Post a Comment