အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Thursday 15 December 2011

နာဠာဂိရိဆင်ကို အောင်မြင်တော်မူခြင်း-၆။





နာဠာဂိရီဆင်ကြီးသည်ကား-အလွန်ခက်ထန်ကြမ်းတမ်းလေသည်။တစ်နေ့လျှင် သေရည်
အရက် ရှစ်အိုးကိုကုန်အောင်သောက်နိုင်၏။လူအများကိုလည်း ရန်ပြု၍ နင်းချေ သတ်ဖြတ်တတ်
လေ၏။ ဒေဝဒတ်သည် လက်ဝဲတော်ရံ၊လက်ယာတော်ရံ ရာထူးကို အရှင်သာရိပုတ္တရာ၊အရှင်
မဟာမောဂ္ဂလာန်တို့ပေး၍ သူမရရှိသဖြင့် မြတ်စွာဘုရားရှင်အား ရန်ငြှိုးဖွဲ့ထားလျှက်ရှိ၏။တစ်နေ့
တွင် ဂိဇ္ဈကုဋ်တောင်ပေါ်မှနေ၍ ကျောက်တုံးကြီးကိုလှိမ့်ချပြီး မြတ်စွာဘုရားရှင်အား လုပ်ကြံရန်
အားထုတ်ခဲ့၏။ ယခုတစ်ကြိမ်တွင်လည်း မြတ်စွာဘုရားရှင် ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံကြွစဉ် ၊
နာဠာဂိရိဆင်ကြီးအား သေရည်အရက်တစ်ဆယ့်ခြောက်အိုးကိုတိုက်ပြီးမြတ်စွာဘုရားရှင်အား
နင်း သတ်စေရန်အတွက် စီစဉ်လေသည်။
နာဠာဂိရိဆင်ကြီးသည် မြတ်စွာဘုရားရှင်ထံတော်သို့ တစ်ဟုန်ထိုးအရှိန်ဖြင့်ပြေးလာလေ၏၊
အရှင်သာရိပုတ္တရာနှင့်သာဝက ရှစ်ဆယ်တို့က နာဠာဂိရိဆင်အားဆုံးမလိုသော်လည်း မြတ်စွာ
ဘုရားရှင်က ခွင့်မပြုခဲ့ချေ။ ထိုအချိန်တွင် သားငယ်နှင့်မိခင်တစ်ဦးက ကြောက်လန့်၍ သားငယ်
ကို ပစ်ထားခဲပြီးပြေးလေရော နာဠာဂိရိဆင်ကြီးသည် ကလေးငယ်ထံသို့ဦး၍ သွားလေ၏။
မြတ်စွာဘုရားရှင်သည် တစ်လောကလုံးသို့ လွှမ်းခြုံ၍ ပို့သနိုင်သော မေတ္တာစွမ်းအားကို
နာဠာဂိရိဆင်ကြီးအထံသို့ သာလျှင် ပို့လွှတ်လေသည်။"နာဠာဂိရိ သင့်အားသေရည်အရက်
တစ်ဆယ့်ခြောက်လုံးတိုက်ထားလေသည်မှာ ငါဘုရားအား နင်းသတ်ရန်သာဖြစ်လေသည်။
ငါဘုရားထံသို့သာလာလော့"ဟုခေါ်လိုက်လေရာ နာဠာဂိရိဆင်ကြီးသည် မြတ်စွာဘုရားရှင်၏
အသံတော်ကို ကြားရ၍ မော့ကြည့်ပြီး မြတ်စွာဘုရားရှင်အား တွေ့မြင်ရ၍ သတိသံဝေဂ ရရှိ
သွားကာ ဘုရားရှင်၏ရှေ့တွင် ရိုသေစွာ ငြိမ်နေလေတော့သည်။

No comments:

Post a Comment