အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Friday 16 December 2011

နန္ဒောပနန္ဒ နဂါးမင်းကို အောင်မြင်တော်မူခြင်း-၇။

နန္ဒောပနန္ဒ နဂါးမင်းသည် နတ်နဂါးကြီးဖြစ်လေသည်။အလွန်ကြီးမားသော ကိုယ်ခန္ဓာကြီးကို
ဖန်ဆင်းနိုင်လေသည်။နန္ဒောပနန္ဒနဂါးမင်းသည် နတ်နဂါးမတို့နှင့် ပျော်ပွဲစားနေစဉ် မြတ်စွာဘုရား
ရှင်သည် ကယ်ချွတ်ရန် ရဟန်းငါးရာနှင့်တစ်ကွ နဂါးတို့၏ပျော်ပွဲစားနေရာအထက်မှ ဖြတ်ကျော်၍
တာဝတိံသာနတ်ပြည်သို့ ကြွလေ၏။နန္ဒောပနန္ဒနဂါးမင်းကစိတ်ဆိုးဒေါသထွက်ပြီး မြင်းမိုရ်တောင်ရင်း
သို့သွားကာ ကြီးမားသော ခန္ဒာကိုယ်ကိုဖန်ဆင်းလျှက် မြင်းမိုရ်တောင်ကို ခုနှစ်ပတ်ရစ်ပတ်ပြီး တာဝတိံ
သာနတ်ပြည်ကို ပါးပျဉ်းဖြင့် အုပ်ထားပြီး အမှောင်ထုဖြစ်အောင်ဖန်ဆင်းထား၏။
ရှင်ရဋ္ဌပါလ၊ ရှင်ဘဒ္ဒိယ၊ရှင်ရာဟုလာတို့က နဂါးမင်းအားဆုံးမလိုကြသော်လည်း မြတ်စွာဘုရားရှင်
ခွင့်မပြု-အရှင်မောဂ္ဂလာန်ကိုသာ ဆုံးမစေ၏။အရှင်မောဂ္ဂလာန်သည် နဂါးမင်းထက်နှစ်ဆကြီးသော
နဂါးကြီးကိုဖန်ဆင်းပြီး နန္ဒောပန္ဒနဂါးအပေါ်မှတစ်ဆယ့်လေး ပတ်ရစ်ထား၍ ပါးပျဉ်းဖြင့်ထပ်၍ အုပ
်ထားလေသည်။နဂါးမင်း နှင့် အရှင်မဟာ မောဂ္ဂလာန်တို့ အပြန်အလှန် အခိုးအငွေ့ မီးလျှံများလွှတ်
ကြလေ၏။ထိုအခါ နဂါမင်းက သင်ဘယ်သူနည်းဟုမေလေရာ အရှင်မဟာမောဂ္ဂလာန်ဖြစ်ကြောင်း
ကိုသိပြီး ပကတိရဟန်းအသွင်ကို ပြခိုင်း၍ ပြလေပြီး နန္ဒောပနန္ဒနဂါးမင်း၏ လက်ဝဲ၊လက်ယာ၊နား၊
နှာခေါင်းတို့မှ ဝင်ထွက်ပြ၏၊ခံတွင်းမှ ဝင်၍ ဝမ်းတွင်း၌ စင်္ကြံလျှောက်ပြလေ၏၊ အရှင်မဟာ
မောဂ္ဂလာန်က ဂဠုန်မင်းအသွင်ဖန်ဆင်း၍ လေအဟုန်တိုက်ခတ်စေလေ၏။ နဂါးမင်ကြောက်
လန့်၍ပြေးလေလျှင်နောက်မှလိုက်လေ၏၊နဂါးမင်းသည်လွှတ်အောင်မပြေးနိုင်၍ လုလင်အသွင်
ဖန်ဆင်ပြီး အရှင်မဟာမောဂ္ဂလာန်အားရှိခိုးလေသည်။မြတ်စွာဘုရားရှင်ထံသို့ခေါ်ဆောင်သွား
ရာ နဂါးမင်းသည် သရဏဂုံ ဆောက်တည်ပြီး ဥပသကာအဖြစ် ခံယူလေသည်။

No comments:

Post a Comment