အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Tuesday 13 December 2011

၂.သစ္စကပရိဗိုဇ်ကို အောင်မြင်တော်မူခြင်း၊



သစ္စကပရိဗိုဇ်သည်နိဂဏ္ဍတက္ကတွန်း ဖြစ်ပြီး အမိဘက်မှ ဝါဒငါးရာ အဖဘက်မှဝါဒငါးရာကို
သင်ယူတတ်မြောက် ထားသူဖြစ်လေသည်။ ဝေသာလီပြည်ကို အုပ်ချုပ်သော လိစ္ဆဝီမင်းတို့၏
ဆရာဖြစ်၏။သစ္စကပရိဗိုဇ်သသည်သူကိုယ်သူပညာရှိဟုကြွေးကြော်ပြီး ဝါဒရေးရာများ စကား
စစ်ထိုးလေ့ရှိ၏။ သစ္စကပရိဗိုဇ်သည် လိစ္ဆဝီပရိသတ်ကိုခေါ်ပြီး ဘုရားရှင်ရှိရာ မဟာဝုန်တော်အတွင်း
ကူဋဂါရ(ပြာသာဒ်ကျောင်းတော်)သို့ သွား၍ ဘုရားရှင်အားဝါဒပြိုင်လေသည်။

သစ္စကမေး-= အရှင်ဂေါတမ- တပည့်တို့အား အဘယ်သို့ဟောပြောလေ့ရှိပါသနည်း။
မြတ်စွာဘုရားရှင် ဖြေ= သစ္စက- တပည့်တို့အား ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊ဝိညာဉ်တို့သည်
အမြဲမရှိ၊အစိုးမရ၊အနတ္တသာဟု ဟောပြော၏။
သစ္စက= အရှင်ဂေါတမ ကောင်းမှု့မကောင်းမှု့မှန်သမျှ ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊ဝိညာဉ်၊
တည်းဟူသော အတ္တ၌သာတည်မှီ၍ ဖြစ်ပွားရသည် ၊ ရုပ်၊ဝေဒနာ၊သညာ၊စသည်တို့သည်
မည်သည့်အခါမျှ မပျက်စီးသော အမာခံအတ္တဖြစ်သည်ဟု ပြော၏။
မြတ်စွာဘုရားရှင်= သစ္စက ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊ဝိညာဉ်တု့်ကို အတ္တဟု သင်ဆို
သလော။
သစ္စက= မှန်ပါသည် အတ္တဟုဆိုပါသည်၊
မြတ်စွာဘုရားရှင်= သစ္စကပရိဗိုဇ်- သင်၏ရုပ်ကို သင်အစိုးရသည် ပိုင်သည်၊ အတ္တဖြစ်သည်ဟု
သင်ယူဆလျှင် သင်၏ရုပ်ကို ဤသို့ဖြစ်စေ၊ ဤသို့မဖြစ်စေနှင့်ဟု သင်အာဏာထား အစိုးရနိုင်
ပါသလော။
သစ္စက= အရှင်ဂေါတမ- ကျွန်ုပ်ရုပ်ကို ဤသို့ဖြစ်စေ ဤသို့မဖြစ်စေနှင့်ဟု အာဏာထား
အစိုးမရနိုင်ပါ။ ဝေဒနာ၊သညာ၊သင်္ခါရ၊ဝိညာဉ်တို့သည်လည်း အစိုးမရနိုင်သော အနတ္တ တရား
တို့သာ ဖြစ်ပါသည်။
ဤသို့လျှင် မြတ်စွာဘုရားရှင်သည် အတ္တဝါဒီ သစ္စကပရိဗိုဇ် တက္ကတွန်းကို၊ အောင်မြင်တော်
မူခဲ့လေသည်။



No comments:

Post a Comment