အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Tuesday 13 December 2011

၃၊ စိဉ္စမာဏဝိကာကိုအောင်မြင်တော်မူခြင်း


စိဉ္စမာဏဝိကာသည် ချောမောလှပသော သာဝတ္ထိမြို့သူတစ်ဦး ဖြစ်လေသည်။
သူမသည် တိတ္ထိဆရာကြီးတို့၏ တပည့်မတစ်ဦးဖြစ်သည်။တိတ္ထိတို့သည် မြတ်စွာဘုရားရှင်
အား မကောင်းသောသတင်းဖြင့်စွပ်စွဲရန် စိဉ္စမာဏဝိကာကို အသုံးချခဲ့ကြလေသည်။
ညချမ်းအချိန်တွင် လူအများတရားနာပြီးလျှင် ဇေတဝန်ကျောင်းတော်မှ ပြန်လာကြသော
အခါ စိဉ္စမာဏဝိကာသည် ပန်းနံ့သာတို့ကိုယူဆောင်လျှက် ဇေတဝန်ကျောင်းတော်သို့
သွားရောက်လေဟန်ပြု၍ တိတ္ထိဆရာကျောင်းတစ်ကျောင်းတွင်ညအိပ်လေသည်။
နံနက်စောစော သာဝတ္ထိပြည်သူပြည်သားများ ဘုရားရှင်ထံသို့သွားကြသောအခါ
စိဉ္စမာဏဝိကာသည် ဇေတဝန်ကျောင်းတော်၌ ညအိပ်၍ ပြန်လာလေဟန် ပြု၍
နံနက်စောစော မြို့သို့ပြန်လာလေသည်။
တစ်လခန့်ကြာသောအခါ ၊ဇေတဝန်ကျောင်းတော်တွင် ရဟန်းဂေါတမနှင့်အတူ နေ၍
ပြန်လာလေသည်ဟုပြောဆိုလေပြီး သုံးလေးလခန့်ကြာသောအခါ ရဟန်းဂေါတမနှင့်
ကိုယ်ဝန်ရလေဟန်ပြောဆို ကြေညာလေ၏။ကိုးလခန့်ကြာသော် ကိုယ်ဝန်အရင့်မာဟန်
အတုပြုလုပ်၍ မြတ်စွာဘုရားရှင် တရားဟောတော်မူရာ နေရာသို့သွား၍ မြတ်စွာဘုရား
ရှင်အားစွပ်စွဲပြောကြားလေသည်း
ထိုအခါ မြတ်စွာဘုရားရှင်က- ဟယ်-စိဉ္စမာဏ..သင့်ရဲ့စကားမှန်မမှန် သင်နှင့်ငါသာ
အသိဆုံးဖြစ်လေသည်ဟု မိန့်ဆိုလေသော်-မှန်ပေသည် ရဟန်းကြီး၊သင်နှင့်ငါသာသိကြ
၍ ယခုလိုဖြစ်လာရပေသည်ဟုမတ်တတ်ရပ်လျှက်တုံ့ပြန် ပြောဆိုလေသည်။
မြတ်စွာဘုရားရှင်၏ပါရမီတန်ခိုးတော်ကြောင့် ရုတ်တရက်တိုက်ခတ်လိုက်သော လေအဟုန်
ကြောင့်စိဉ္စမာဏ၏ အပေါ်ရုံတဘက်မှာ အထက်သို့လွင့်တက်သွားပြီး ဝမ်းဗိုက်၌ဖွဲ့ချည်ထား
သောသစ်သားမှာလည်းပြုတ်၍ ခြေဖမိုးနှစ်ဖက်ပေါ်သို့ကျ သဖြင့်ခြေဖျားများပြတ်ကုန်လေသည်။
တရားနာပရိတ်သတ်များလည်းအမှန်ကိုသိရှိကာ စိဉ္စမာဏ အားရိုက်ပုတ်၍ ကျောင်းတော်မှနှင်
ထုတ်လိုက်ကြလေကုန်သည်။

No comments:

Post a Comment