အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Friday 23 December 2011

အဘိဓမ္မာကျမ်းအလိုအရ-ကိလေသာ(၁၀)ပါး





သတ္တဝါတို့ကို ယုတ်ညံ့ နိမ့်ကျစေတတ်၊ ပူလောင်ညစ်နွမ်းစေတတ်သော အဆိုးဓာတ်
သဘာဝတရားသည်၊ "ကိလေသာ"ဖြစ်သည်။ ယင်းကိလေသာ တရားသည်
အကျိုးမဲ့ ဒုက္ခကိုဖြစ်စေတတ်၊ ဖန်တီးတတ်၍၊ ဘဝ သံသရာ ခရီးလမ်းတွင်
အနှောက်အယှက်၊ အတားအဆီး ဖြစ်စေတတ် သောကြောင့် ရန်သူများ
သဖွယ်လည်းဖြစ်တတ်သည်။
ထိုအဆိုးဓာတ် သဘာဝတရား ကိလေသာရန်သူ(၁၀)မျိုးတွင် "လောဘ၊ ဒေါသ၊
မောဟ"တရားသုံးပါးတို့သည်၊ ရေသောက်မြစ် သဖွယ် အဆိုးတရားများ ဖြစ်ကြပေသည်၊
(ထိုကိလေသာ(၁၀)မျိုးကိုအကျယ်ပွားလျှင် ထောင့်ငါးရာ ကိလေသာဖြစ်သည်။ )
ထိုကိလေသာ တရားဆိုးတို့သည် ဘုရား၊ရဟန္တာ၊အဖြစ်သို့ ရောက်မှသာလျှင်
အရဟတ္တမဂ်ဖြင့် ပယ်သတ် နိုင်ကြကုန်သည်။ ပုထုဇဉ်တို့၏ သန္တာန်၌ကား ၊
အမြဲထာဝစဉ် တည်ရှိနေကြပေသည်။ ဤစိတ်ဆိုး ၊စိတ်ညစ်များ ကြောင့် သာ လူဆိုး၊
လူညစ်များဖြစ်လာတတ်ပေသည်။ ထို "ကိလေသာ " တရားများကား--



၁။ လောဘ = အမြဲတမ်း တပ်မက်လိုချင် နေခြင်း။
၂။ ဒေါသ = စိတ်ဆိုးခြင်း၊ စိတ်ပျက်ခြင်း ၊စိတ်ညစ်ခြင်း၊ ကြောက်လန့် ပူပန်ခြင်း။
၃။ မောဟ = အမှန်ကိုအမှား၊ အမှားကို အမှန် ထင်နေခြင်း၊ အမှန်အတိုင်း မသိမြင်နိုင်ခြင်း။
၎။ မာန = မောက်မာထောင်လွှားခြင်း၊ မိမိကိုယ်ကို အတိုင်းထက်အလွန် အထင်ကြီးခြင်း။
၅။ ဒိဋ္ဌိ = အလွှဲ အမှား များကို ယုံကြည်ယူဆခြင်း၊ အမှားကို အမှန်ဟု ယုံကြည်စွဲယူထားခြင်း။
၆။ ဝိစိကိစ္ဆာ = အာရုံကိုအမှန်အတိုင်းမသိဘဲ မဆုံးဖြတ်နိုင်ဘဲ၊သို့လောသို့လော
ဖြစ်ခြင်း၊ယုံမှားနေခြင်း။
၇။ ထိန = စိတ်တို့ ၏ ထုံထိုင်း လေးလံနေခြင်း၊ လေးနက် ထက်သန်မှု့ မရှိခြင်း။
၈။ ဥဒ္ဓစ္စ = ပျံ့လွှင့် နေခြင်း၊ စိတ်တည်ငြိမ်မှု့ မရှိ ခြင်း။
၉။ အဟိရိက = မကောင်းမှု့ကို ပြုလုပ် ခြင်း၌ ၊အရှက်တရား မရှိခြင်း ။
၁၀။အနောတ္တပ္ပ= မကောင်းမှု့ကို ပြုလုပ် ခြင်း၌ အကြောက်အလန့် မရှိခြင်း။
တို့ ဖြစ်သည်။

No comments:

Post a Comment