"အပြစ်ပြောတာ ထက်သန်ရင်
အပြစ်ပြောတာ လက်ခံပါ"
_____
သူတစ်ပါးကို
အပြစ်ပြောတာကြတော့
'စေတနာနဲ့ပြောတာပါ'
လို့  နာမည်ကောင်းယူပြီး
ကိုယ့်ကို
အပြစ်ပြောတာကြတော့
'စေတနာကို နားမလည်ဘူး'
လို့  နာမည်ဆိုးတပ်တတ်ကြပါတယ်။
သူတစ်ပါး အပြစ်ပြောတာကို
'စေတနာနဲ့ ပြောတာပါ'
လို့ ခံယူခဲ့ရင်
ကိုယ့်အပြစ်ပြောတာကိုလည်း
'စေတနာနဲ့ပြောတာပါ'
လို့  ခံယူနိုင်ရမယ်။
ကိုယ့်ကို
သူတစ်ပါးအပြစ်ပြောတာတော့
ကိုယ်လက်မခံဘဲ
သူတစ်ပါးကို
ကိုယ်အပြစ်ပြောတာတော့
သူတစ်ပါးလက်ခံစေချင်တယ်ဆိုရင်
အဲဒီလူဟာ
ပညာရှိမဟုတ်ဘဲ
ပညာရှိ အယောင်ဆောင်သာ
ဖြစ်ပါလိမ့်မယ်။
No comments:
Post a Comment