အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Saturday 14 January 2012

......................အရှင်ဆေကိန္ဒ၏ အဆိုအမိန့် .................










*ခွင့်လွှတ်နိုင်ဖို့ 
အကြောင်းပြချက်
ရှာနေတတ်တယ်၊
သည်းခံနိုင်ဖို့ 
မျိုသိပ်မှု့ကို
မွေးယူရတယ်၊
နားလည်နိုင်ပြီဆိုရင်၊
ဆင်ခြေမပါတဲ့
ခွင့်လွှတ်မှု့
ပွင့်လင်းတဲ့
သည်းခံမှု့တွေ
ဖြစ်နေပါပြီ။

*ပညာဆိုတာ
ကောင်းပါတယ်၊
ပညာရှိချင် တာလား..?
ပညာပြလျင် တာလား..?
နည်းနည်းတော့
သတိထားပါဦး ။

*ကဲ့ရဲ့စရာ ရှိရင်
ပါးစပ်ကို
တတွတ်တွတ်နဲ့
အမြဲဖွင့်တတ်ပေမဲ့၊
ချီးမွမ်း စရာကြုံရင်
သော့ခတ်ပြီး
အသေပိတ်ထားတတ်တယ်။

*သူတစ်ပါး
လဲနေလို့ 
ထူပေးတာဟာ၊
ကောင်းတဲ့စိတ်ပါ၊
ကိုယ်-
ချော်လဲနေတာကိုလည်း၊
ရပ်နိုင်အောင်
အရင်အားမွေးပါဦး.။





No comments:

Post a Comment