အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Wednesday 18 January 2012

အရှင်သာရိပုတ္တရာ နှင့် အရှင်မဟာမောဂ္ဂလ္လာန်...



မဂဓတိုင်း ရာဇဂြိုဟ် မြို့ တော် ၏ အနီးဗြာဟ္မဏ လူမျိုးများနေထိုင် ကြသော ရွာကြီး
တစ်ရွာတွင် ဥပတိဿ နှင့် ကောလိတ တို့ူသူငယ်ချင်းနှစ်ယောက်တို့ သည် ငယ်စဉ်အခါမှစ၍
အတူတစ်ကွ နေထိုင်သွားလာခဲ့ကြပြီးခင်မင်ရင်းနှီးသော သူငယ်ချင်းများဖြစ်ကြသည်။
တစ်နေ့ သောအခါတွင် သူငယ်ချငှ်းနှစ်ယောက်တို့ သည် ရာဇဂြိုဟ်မြို့ တော်၌ နှစ်စဉ်ကျင်းပ
မြဲဖြစ်သော တောင်ထိပ် ပွဲသဘင်သို့  အတူသွားရောက်ကြည့်ရှု့ ကြစဉ် ပါရမီအလျှောက် ဥပ
တိဿ၏အတွေးတွင် စဉ်းစားနေမိသည်မှာ -"လူဘဝဟူသည် -ဘာမျှရှည်ကြာလှသည်မဟုတ်
ပေ၊မည်သူမဆို အနှစ်တစ်ရာအတွင်း၌ပင် သေကြရမည်ဖြစ်လေသည်၊ထိုသို့ တိုတောင်းလှသည့်
ဘဝသက်တမ်းအတွင်းအပျော်အပါးလိုက်စားနေခြင်းဖြင့်သာလျှင်အချိန်ကုန်နေ၍မဖြစ် သင့်၊သေခြင်းတရားမှလွတ်မြောက်ကြောင်း တရားကို ရှာကြံအားထုတ်သင့်လှပေသည်"ဟု တွေး
မိလေသည်။
ဥပတိဿသည် ခါတိုင်းကဲ့သို့  ပွဲသဘင်၌ ပျော်ရွှင်စွာ စိတ်ပါလက်ပါမရှိလှဘဲ၊ခပ်တွေတွေဖြစ်
နေ၍သူငယ်ချင်း ကောလိတက"အဆွေ-ဥပတိဿ၊ ဘာတွေကို စဉ်းစားနေပြီး၊တွေဝေနေပါသလဲ၊
သူငယ်ချင်း" ဟုမေးလေသော်-ဥပတိဿကလည်း စဉ်းစားဆင်ခြင်နေမိသည်ကိုပြန်လည်ပြောပြ
လေသော်ကောလိတကလည်း မိမိလည်းထိုသို့တွေးဆင်ခြင်မိပါကြောင်းပြောလေလျှင် ၊သူငယ်ချင်း
နှစ်ယောက်တို့ စိတ်တူသဘောတူဖြစ်ကြ၍ သေခြင်းမှလွတ်မြောက်ရာ တရားကို ရှာကြရန် သဘော
တူဆုံးဖြတ်ခဲ့ကြလေသည်။ထိုအချိန်တွင်သိဉ္စည်းအမည်ရှိ ပရိဗိုဇ် ရဟန်းတစ်ပါးသည် ထင်ရှားသော
ဘာသာရေးဂိုဏ်းဆရာတစ်ဦးဖြစ်ပြီး တပည့်များစွာနှင့် ရာဇဂြိုဟ်ပြည်၌ နေထိုင်လျှက်ရှိသည်။
ဥပတိဿနှင့်ကောလိတသူငယ်ချင်းနှစ်ယောက်တို့သည် ထိုသိဉ္စည်း ပရိဗိုဇ်ထံသို့ သွား၍ ရဟန်း
ပြုကြလေသည်။
ရဟန်းပြုပြီး နှစ်ရက်သုံးရက် အတွင်းမှာပင် သိဉ္စည်းဆရာ၏ အယူဝါဒ အားလုံးကို သင်ယူတတ်
်မြောက်ကြ၏၊ထိုသိဉ္စည်းဆရာ၏အယူ၊ါဒ၌ မိမိတို့ ရှာဖွေနေသော သေခြင်းမှ လွတ်မြောက်သော
တရားမရှိကြောင်းသိလေသောအခါ ကောလိတနှင် ဥပတိဿတို့ သည် မြို့၊ရွာ၊နယ်များသို့ လှည့်
လည်၍ပညာရှိပုဂ္ဂိလ်များ ထံချဉ်းကပ်ပြီး သေခြင်းတရားမှ လွတ်မြောက်ကြောင်းတရားကို
မေးမြန်းစုံစမ်းကြပြန်လေသည်။
ဤသို့ ရှာဖွေုစုံစမ်းမေးမြန်းပါသော်လည်း မိမိတို့ လိုချင်သောတရားကို မတွေ့ ရှိသဖြင့်
ရာဇဂြိုဟ်ပြည်သို့ပြန်လာပြီးသိဉ္စည်းဆရာကျောင်း၌ပင်နေကြလေသည်။ထိုသို့ နေထိုင်
နေကြစဉ်မကြာမြင့်မှီအချိန်တွင်မြတ်စွာဘုရားရှင်သည်ရာဇဂြိုဟ်မြို့ သို့ ကြွရောက်လာပြီး
ဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံးနေထိုင်တော်မူလေသည်။ မြတ်စွာဘုရားရှင်၏
ဓမ္မစင်္ကြာ တရားဦးကိုကြားနာခဲ့ကြရသော ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့ တွင် တဦးအပါအဝင်ဖြစ်
သော အရှင်အဿဇိ မထေရ်သည် တစ်နေ့ သော နံနက်ခင်းတွင် ရာဇဂြိုဟ်မြို့တွင်းသို့ 
ဆွမ်းခံ ကြွတော်မူနေစဉ် ဥပတိဿ ပရိဗိုဇ်သည် ကြည်ညိုဖွယ်ရာ အရှင်အဿဇိရဟန်း
တော်ကိုတွေ့မြင်လေလျှင် "လောက၌ ရဟန္တာဖြစ်ပြီးသော ပုဂ္ဂိုလ် သို့ မဟုတ် ရဟန္တာဖြစ်
ကြောင်း တရားကို တွေ့ ရှိထားသော ပုဂ္ဂိုလ်တို့ တွင် ဤရဟန်းသည် တစ်ပါးအပါအဝင်
ဖြစ်ပေလိမ့်မည်" ဟု စဉ်းစားမိ၍ မိမိအလိုရှိနေသော တရားကို စုံစမ်းမေးမြန်းမည်ဟု
ကြံ၍ အရှင်အဿဇိ ဆွမ်းခံကြွရာနောက်မှ လိုက်သွားရာ အရှင်အဿဇိသည်ဆွမ်းခံပြီး
၍ သင့်တော်သောနေရာသို့ရောက်လေသော် ဆွမ်းဘုဉ်းပေးနေလေ၏၊ထိုအခါ ဥပတိဿ
သည် အနီးသို့ ချဉ်းကပ်၍အရိုသေပြုပြီးလျှင် "အရှင်၏ဆရာသည် အဘယ်သူဖြစ်ပါသနည်း။
အရှင်သည်အဘယ်သူ]တရားကိုနှစ်သက်ပါသနည်း" ဟု မေးလျှောက်သည်ရှိသော်၊"အို...
ပရိဗိုဇ် ငါ၏ဆရာကား ဂေါတမ ဗုဒ္ဓဖြစ်ပါသည်၊ငါသည် ဂေါတမဗုဒ္ဓ၏ တရားတော်ကို အကြွင်း
မဲ့ ယုံကြည် နှစ်သက်သူဖြစ်ပါ၏"ဟု အရှင်အဿဇိဖြေကြားလေသည်။"အရှင် ဤသို့ ဖြစ်
လျှင် သင်တို့ ၏ဆရာ ဂေါတမ ဗုဒ္ဓ၏တရားကို အနည်းအကျဉ်းပင်ဖြစ်စေ အကျွန်ုပ်အား
ဟောကြားပေးပါလော့"ဟု တောင်းပန်လျှောက်လေသည်။ ထိုအခါအရှင်အဿဇိ က
"ဤလောက၌ ရှိရှိသမျှသော အရာအားလုံးတို့ သည် အကြောင်းတရား၏ ပြုစီမံဖန်တည်း
မှု့ ကြောင့် ပေါ်ပေါက်လာရကုန်၏၊ထိုအကြောင်းတရားတို့ ကို ငါတို့ ဆရာမြတ်စွာဘုရား
သည် ထုတ်ဖော်ဟောကြားတော်မူ၏။ ထိုအကြောင်းတရားနှင့် အကျိုးတရားနှစ်ပါးတို့ 
၏ ချုပ်ငြိမ်းကြောင်း လမ်းစဉ်ကိုလည်း ညွှန်ပြတော်မူ၏
(ယေဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယောနိရောဓော ၊ ဧဝံ ဝါဒီ မဟာသမဏော။)
ငါတို့ဆရာမြတ်စွာဘုရားရှင်သည်ဤသို့ဟောကြားတော်မူလေ့ရှိပေသည်"ဟု
အကျဉ်းမျှ ပြောဟောပြလေသည်။
ဥပတိဿကား-လူ့ ဘဝ၏ သေခြင်းတရားနှင့် ဆင်းရဲဒုက္ခများကို ငြီးငွေ့ ပြီး ထိုဆင်းရဲ
တရားများမှ လွတ်မြောက်ရေးတရားလမ်းစဉ်ကို အပူတပြင်း လိုက်၍ ရှာဖွေနေသူဖြစ်ပြီး
ဘဝများစွာက ပါရမီဓာတ်ခံ ရင့်သန်နေပြီဖြစ်သော ဥပတိဿသည် အရှင်အဿဇိဟော
ကြားသော တရားအကျဉ်းကိုကြားနာရရုံမျှဖြင့်ပင် တရားဥာဏ်အလင်းများ ရရှိပြီး သောတာ
်ပန်အရိယာအဆင့်သို့ ရောက်ခဲ့သည်။ ထို့ နောက် ဥပတိဿက"ယခု မြတ်စွာဘုရားရှင်
အဘယ်မှာရှိနေပါသနည်း"ဟုမေးလျှောက်လေသော် အရှင်အဿဇိက ဝေဠုဝန်ကျောင်း
တော်မှာ သီတင်းသုံးနေကြောင်းကိုဖြေကြားလေသည်။ထိုအခါ ဥပတိဿက "အရှင်ကြွနှင့်
တော်မူပါတပည့်တော်မှာ သူငယ်ချင်းမိတ်ဆွေတစ်ယာက်ကို ခေါ်ရန် ရှိနေပါသည်"ဟုလျှောက်
ထားတောင်ပန်ပြီး နေထိုင်ရာ ပရိဗိုဇ်ကျောင်းသို့ ပြန်လာခဲ့လေသည်။
အရှင်အဿဇိ၏တရားကိုနာကြားရပြီး တရားထူးကိုမြင်သိ ရရှိခဲ့ပြီး ဖြစ်၍ တစ်မူထူးခြား
လျှက် တည်ငြိမ်သော ဣနြေ္ဒ၊ ကြည်လင်သော မျက်နာဖြင့် ကျောင်းသို့ ပြန်လာသော ဥပ
တိဿကို မြင်သော ကောလိတ က "ငါ့ရှင် ဒီနေ တ့စ်စုံတစ်ခုသော တရားထူကို ရရှိခဲ့ပါ
သလေ"ဟု မေးလေလျှင် ဥပတိဿသည် အရှင်အဿဇိရဟန်းနှင့် တွေ့ ရပြီးတရားတော်
ကိုနာခဲရပုံအကြောင်းစုံကိုပြောပြပြီး မိမိနားယူခဲ့ရသော တရားအကျဉ်းကို တစ်ဆင့်ပြန်လည်
်၍ဟောပြောပြလေရာ ကောလိတလည်းတရားတော်ကို တစ်ဆင့်နာကြားရရုံဖြင့်ပင် သောတာ
ပန်အရိယာအဖြစ်သို့ ရောက်ရှိသွားလေသည်။
ဥပတိဿနှင့်ကောလိတ သူငယ်ချင်းနှစ်ဦးလုံး တရားထူကိုသိမြင်ကြပြီး၍ မြတ်စွာဘုရားရှင်
ထံသို့ လိုက်သွားရန်ပြင်ဆင်ကြပြီး မိမိတို့ နေသောကျောင်းမှလက်ရှိဆရာ သိဉ္စည်း ပရိဗိုဇ်ဆရာ
ကြိးထံသွားရောက်"ဆရာ လောက၌ တရားအစစ်အမှန်ကို ဟောပြောပြသနိုင်သည့် ပုဂ္ဂိုလ်ကို
ကျွန်ုပ်တို့ တွေရှိခဲ့ပါပြီ ထိုပုဂ္ဂိုလ်ထံသို့ သွားပါမည်၊ဆရာလည်းလိုက်ခဲ့ပါ"ဟုပြောလေသော်
"အဲဒီ သင်တို့ တွေ့ ခဲ့တဲ့ပုဂ္ဂိုလ်ကအဘယ်သူပါနည်း" "ဗုဒ္ဓ ဂေါတမဖြစ်ပါသည်ဆရာ"ဟုဖြေ
ကြားသောအခါ၊ တပည့်တို "့ ငါသည်-ဝါဒရေးရာနှင့်ပတ်သက်၍ တစ်ဂိုဏ်းတစ်ဖွဲ့ ထောင်ပြီး
ဆရာလုပ်နေတဲ့သူဖြစ်၏ ဗုဒ္ဒဂေါတမထံ သွား၍တပည့်အဖြစ်မခံယူလိုပါ၊သင်တို့ သာ သွား
ကြ ပါတော့"ဟု သိဉ္စည်းဆရာကြီးကပြောသောအခါ ဥပတိဿနှင့်ကောလိတတို့သည်
ဆရာ လောက၌ ဘုရားအစစ်အမှန် ပေါ်ထွန်းလာပြီဖြစ်၍ ဆရာအထံသို့  မည်သူမျှလာကြ
တော့မည် မဟုတ်ဟုပြေဆို၍ မြတ်စွာဘုရားထံ သွားကြတော့မည် ဆရာလည်းဆစ်ပါတည်း
အတူလိုက်ခဲ့ရန် ထပ်မံတိုက်တွန်း ခေါ်ဆောင်လေသော်-
"တပည့်တို့ လောကမှာ ပညာရှိတဲ့သူနှင့် ပညာမဲ့တဲ့သူ ဘယ်သူကပိုများပါသလဲ"ဟုမေးလေ၏၊
"ပညာမဲ့တဲ့သူက ပို၍များပါသည်ဆရာ"ဟုပြောသည်ရှိသော်-
"တပည့်တို့ဤသို့ ဖြစ်လျှင်-ပညာရှိတဲ့သူများသည် ရဟန်းဂေါတမထံသွားကြပေလိမ့်မည်၊
ပညာမဲ့တဲ့သူများကား ငါ့ထံသို့ လာကြပေလိမ့်မည်၊သင်တို့ သာသွားကြပါလေ၊ငါသင်တို့ နှင့်
မလိုက်နိုင်"ဟုသိဉ္စည်းဆရာကြီးကပြောလိုက်လေသည်။ ထိုအခါ ဥပတိဿ နှင့် ကောလိတ
တို့ သည် မိမိတို့ ၏တပည့်များကိုခေါ်ဆောင်၍ မြတ်စွာဘုရားရှင်ရှိရာဝေဠုဝန်ကျောင်းတော်
သို့ ထွက်လာခဲ့ကြ၏ တပည့်အများ သည် ဥပတဿနှင့်ကောလိတ တို့ နောက်သို့ သာလိုက်ပါ
သွားကြ၍ ကျောင်းတိုက်အတွင်းတိတ်ဆိတ်ခြောက်သွေ့ ၍ ကျန်ရစ်ခဲ့ပြီးသိဉ္စည်းဆရာကြိးသည်
လွန်စွာမှစိတ်ထိခိုက်လျှက် အိပ်ယာထက်တွင် လဲနေလေတော့သည်။
ဥပတိဿနှင့်ကောလိတ တို့ သည် ဝေဠုဝန်ကျောင်းတော်သို့ ရောက်လျှင် မြတ်စွာဘုရားရှင်
အထံ၌ ရဟန်းပြုကြပြီး တရားအားထုတ်လေရာ မကြာမှီပင် ရဟန္တာအဖြစ်သို့ ဆိုက်ရောက်ကြ
လေသည်။ထို့  ဥပတိဿ သည် ရှင်သာရိပုတ္တရာဟူသော ဘွဲအမည်ဖြင့် မြတ်စွာဘုရားရှင်၏
လက်ယာတော်ရံအဂ္ဂသာဝကအဖြစ်၊ကောလိတကား-ရှင်မဟာမောဂ္ဂလာန် ဟူသော ဘွဲ့ အမည်
ဖြင့် လက်ဝဲတောရံ အဂ္ဂသာဝကအဖြစ် ချီးမြင့်ခြင်း ခံရလေသည်ဒ
အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် နှစ်ပါးလုံးသည် မြတ်စွာဘုရှင်၏ အဂ္ဂသာဝက
အဖြစ်သို့ ရောက်ရှိကြလေသောအခါ သိဉ္စည်းဆရာကြီးနှင့် မိမိတို့ ၏အကြောင်းများကို ပြန်လည်
လျှောက်လေသောအခါ မြတ်စွာဘုရားရှင်က-
"ရဟန်းတို့ -လောက၌ အနှစ်မဲ့သောတရားကို အနှစ်ရှိသောတရားဟူ၍ အထင်မှားနေသူများသည်
အနှစ်ရှိသောတရားကို ဘယ်အခါမျှ ရနိုင်မည်မဟုတ်၊ အနှစ်ရှိသောတရားနှင့် အနှစ်မဲ့သော တရား
နှစ်ပါးကို ခွဲခြား၍ သိသူများသာလျှင် အနှစ်ရှိသောတရားကိုရရှိနိုင်ပေသည် "ဟု သြဝါဒ တရား
စကားကိုမိန့် ကြားတော်မူလေသည်။

(၁။ယမကဝဂ်၊ ၈-သာရိပုတ္တထေရ ဝတ္ထု)





No comments:

Post a Comment