အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Tuesday 24 January 2012

...................ဗုဒ္ဓဟောကြားမြတ်တရား................

*သစ္စာလေးပါး
အမှန်တရားကို၊
ဟုတ်တိုင်းမှန်ကန်စွာ
မသိမမြင်ကြသောကြောင့်၊
ဘဝများစွာတို့ ၌
ရှည်လျှားစွာသော
ကာလတို့ ပတ်လုံး
ကျင်လည်ခဲ့ကြရလေသည်။

(မဟာဝဂ္ဂ၊ သစ္စသံယုတ်။)


*မိမိ၌
ဖြစ်လာသမျှသော
ဒုက္ခတို့ သည်၊
မိမိကိုယ်တိုင်ပင်
ပြုလုပ်ခဲ့သည့်
ကောင်းသောပြုမှု
မကောင်းသောပြုမှု
ဟူသော
အကြောင်းကြောင့်သာ၊
ဖြစ်၏။
မည်သည့် ကောင်းမှု
မကောင်းမှု့ကိုမျှ
မပြုလုပ်လျှင်၊
ဒုက္ခ
ဖြစ်ရတော့မည်
မဟုတ်ပါ။

(သုတ္တနိပါတ်၊ ဒွါယတာနုပဿနာသုတ်)


*မိမိ၌
ဖြစ်လာသမျှသော
ဒုက္ခတို့ သည်၊
ပဋိသန္ဓေ
ဝိညာဉ်ဟူသော၊
အကြောင်းကြောင့်ဖြစ်၏၊
ပဋိသန္ဓေ
ဝိညာဉ်မဖြစ်တော့လျှင်၊
ဒုက္ခဖြစ်ရတော့မည်၊
မဟုတ်တော့ပါ။


(သုတ္တနိပါတ်၊ဒွါယတာနုပဿနာသုတ်)

No comments:

Post a Comment