အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Tuesday 24 January 2012

..................လူကြီးဆိုတာ စံနမူနာဖြစ်ရမယ်..............

" လူငယ်တွေက
လူကြီးတွေရဲ့
စကားတွေကို
မလိုက်နာကြတော့ဘူး"
လို့ -
တချို့ 
ပြောသံကြားနေရတယ်၊
ဒါဆိုရင်-
"ဘာကြောင့်-
မလိုက်နာကြတာလဲ"
ဆိုတာကို
စိစစ်ဖို့ကောင်းတယ်၊
ကြီးတဲ့သူတွေကလည်း
ဆုံးမတဲ့အခါမှာ
တရားနည်းလမ်း
မျှတစေရမယ်၊
လမ်းမှန်တာကို
စနစ်တကျ
ဦးဆောင်နိုင်ရမယ်၊
ခေါင်းဆောင်ကောင်း
ပီပီသသ
စံနမူနာ
ပြနိုင်စေရမယ်၊
ဒါဆိုရင်
လူငယ်တွေက
လူကြီးစကား
လိုက်နာနိုင်စရာ
ရှိပါတယ်။
ကိုယ်ကမှ-
လူကြီးမပီသ ရင်တော့၊
လူငယ်တွေ-
ကိုယ့်စကား
မလိုက်နာတာ အတွက်လည်း၊
ပြောမနေပါနဲ့တော့။

(ဆရာတော်အရှင်ဇနကာဘိဝံသ(မဟာဂန္ဓာရုံ)



No comments:

Post a Comment