အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Saturday 4 February 2012

.............မိဖတို့ အလိုရှိသော သားနှင့်သမီး.................


`ဤအကြောင်းငါးမျိုးတို့ ကို ကောင်းစွာသိမြင်ကြသော အမိအဖတို့ သည် အမျိုး၌
ဖြစ်သော သား၊သမီးတို့ ကို အလိုရှိကြကုန်၏။
၁။ ငါတို့  လုပ်ကျွေး မွေးမြူထားသော သားသမီးတို့ သည် ငါတို့ အား ပြန်လည် လုပ်ကျွေး
မွေးမြူပေလိမ့်မည်။
၂။ ငါတို့ ၏ အမှု့ကြီးငယ်တို့ ကို ပြုလုပ်ပေးကြပေလိမ့်မည်။
၃။ ငါတို့ ၏ ဆွေမျိုးအစဉ်အဆက်သည် ရှည်မြင့်စွာတည်ပေလိမ့်မည်။
၎။ ငါတို့ ၏ အမွေကို ဆက်ခံကြသော သားသမီးများ ဖြစ်ကြပေလိမ့်မည်။
၅။ ငါတို့ သည် ဘဝ တစ်ပါးသို့ ကူးပြောင်းသွားသောအခါ သားနှင့်သမီးတို့ သည် ကုသိုလ်
ကောင်းမှု့တို့ ကို ပြုလုပ်ကြပြီး ထိုကုသိုလ်ကောင်းမှု့တို့ ၏ အဖို့ ကို အမျှအတမ်းပေးဝေကြ
ပေလိမ့်မည်။
ဤအကြောင်းတရားတို့ ကိုသိမြင်ကြသော အမိ အဖတို့ သည် သားသမီးတို့ ကိုအလိုရှိ
ကြကုန်၏။
အမိအဖတို့ ပြုခဲ့ဘူးသော ကျေးဇူးတရားတို့ ကိုသိမြင် ၍ အမိအဖတို့ ၏ ကျေးဇူးကိုကောင်းစွာ
သိတတ်သော ကောင်းမြတ်သောစိတ်ရှိကြကုန်သော သားသမီးတို့ သည် ရှေးကပြုခဲ့ဘူး သော
အမိအဖတို့ ၏ ကျေးဇူးများကို အဖန်ဖန် အောက်မေ့ သတိရကြကုန်လျှက် အမိအဖတို့ ကို
လုပ်ကျွေးမွေးမြူပြုစု ကြကုန်၏။ အမိအဖတို့ ၏ ကောင်းသောဆိုဆုံးမမှု့တို့ ကို လိုက်နာကြ
လျှက် မိမိတို့ အား လုပ်ကျွေးမွေးမြူခဲ့သော အမိအဖတို့ အား ပြန်လည်၍ လုပ်ကျွေးမွေးမြူ
ပြုစုစောင့်ရှောက်ကြကုန်သော အမျိုအနွယ်ကိုလည်းစောင့်ရှောက်၍ သဒ္ဒါတရားရှိပြီး
ကိုယ်ကျင့်သီလ ပြည့်စုံကုန်သော သားသမီးတို့ သည် ချီးမွမ်းထိုက်သူများ ဖြစ်ကြ၏ဟု
မြတ်စွာဘုရားရှင်ဟောကြားတော်မူသည်။ (vi99)

အဂုင်္တ္ထိုရ်ပါဠိ၊သုမနဝဂ်၊၉-ပုတ္တသုတ်.



No comments:

Post a Comment