အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Sunday 5 February 2012

.............လက်ဦးဆရာ မည်ထိုက်သာစွ.မိနှင့်ဖ...........




အကြင် အမျိုးကောင်းတို့ ၏ သားသမီးတို့ သည် မိမိတို့ အိမ်၌ အမိအဖတို့ ကို ကျွေးမွေး
ပြုစု လုပ်ကျွေးပူဇော်ကုန်၏၊ ထိုအမျိုးကောင်းသားသမီးတို့ သည် -
၁။ အမိအဖတည်းဟူသော ' ဗြဟ္မာ' နှင့် အတူ တကွ နေသည်မည်၏။
၂။ အမိအဖတည်းဟူသော 'လက်ဦးဆရာ' နှင့် အတူတကွ နေသည်မည်၏။
၃။ အမိအဖတည်းဟူသော 'အဝေးမှ ဆောင်ယူလာသော အလှူ ဝတ္ထု ပစ္စည်းကို ပူဇော်ခံယူ
ထိုက်သူ' နှင့် အတူတကွနေသည်မည်၏။
အမိအဖတို့ သည် သားသမီးတို့ အား များစွာသောကျေးဇူးတရားတို့ ရှိကုန်၏၊သားသမီးတို့ ၏
အသက်ကို စောင့်ရှောက်ပေးတတ်ခြင်း၊ အစဉ်သနားစောင့်ရှောက်တတ်ခြင်း၊ ကျွေးမွေးပြုစုတတ်
ခြင်း၊ လောက ကြီးကို ညွှန်ပြတတ်ခြင်း၊စသည်တို့ ကြောင့်၊အမိအဖတို့ သည် 'ဗြဟ္မာ' ၊'လက်ဦးဆရာ'
'အပူဇော်ခံထိုက်သူ' များ မည်ကုန်၏။
ထို့ ကြောင့် အသိအလိမ္မာ ဥာဏ်ပညာနှင့် ပြည့်စုံကုန်သော သားသမီးတို့ သည် အမိအဖတို့ ကို
ရိုသေမြတ်နိုး ရှိခိုးပူဇော်ရာ၏၊ အစာ အဟာရ တို့ ဖြင့်၎ှင်း၊ အဝတ် အစား၊အိပ်ယာ၊နေရာ တို့ ဖြင့်
၎ှင်း၊ဆေး၊အမွှေးနံ့သာ လူး(လိမ်း)ပေးခြင်း၊ရေချိုးပေးခြင်း၊ စသည်တို့ ဖြင့် ကောင်းစွာ ပြုစုလုပ်
ကျွေးရာ၏။
အမိအဖတို့ အား ထိုသို့ ပြုစု လုပ်ကျွေးခြင်းတို့ကြောင့် အသိအလိမ္မာ ဥာဏ်ပညာ နှင့်ပြည့်စုံ
ကုန်သော သားသမီးတို့ ကို ဤမျက်မှောက် ဘဝ၌ပင်လျှင် ပညာရှိသူတော်ကောင်းတို့ 
ချီးမွမ်းစောင့်ရှောက် ကုန်၏။ နောင်တမလွန် ဘဝသို့ လားရောက်ရသော် (သုဂတိ ဘုံဘဝ)
နတ်ပြည်သို့ ရောက်ရ မွေ့ လျော် ကြရ၏၊ ဟု မြတ်စွာဘုရားရှင်ဟောကြားတော်မူသည်။

မျတ်ချက်။ ။ အမိအဖ တို့ သည်လည်း ကောင်းစွာကျင့်သုံးနေထိုင်၍ သားသမီးတို့ 
အပေါ်၌ ၊မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာ၊တည်းဟူသော ဗြဟ္မာစိုရ်တရား လေးပါးတို့ 
နှင့်လက်ကိုင်ထားနိုင်ပါမှ ဖော်ပြပါ 'ဗြဟ္မာ' စသည်အမည်တို့ ကိုခံယူထိုက်၏။...v99 ၊


အဂုင်္တ္ထိုရ်ပါဠိ၊ ၄- ဒေဝဒူတဝဂ္ဂ၊ ၁-သဗြဟ္မကသုတ်။

No comments:

Post a Comment