အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Friday 24 February 2012

.. ကောင်းသောနေ့ .ကောင်းသောအချိန် ကောင်းသောအခါ..




နံနက်ခင်းအချိန်
နေ့ ခင်းအချိန်
ညချမ်းအချိန်....အခါတို့ ၌ ကိုယ် နုတ် စိတ်(ကာယကံ ဝစီကံ မနောကံ)
သုံးပါးလုံးတို့ ဖြင့် ကောင်းသော အကျင့် အပြုအမူ ကို ကျင့်ကုန် ပြုလုပ်ကုန်သော
သူတို့ အား -
ကောင်းသော..နံနက်ခင်း
ကောင်းသော..နေ့ ခင်း
ကောင်းသော..ညချမ်း အခါတို့ ဖြစ်ပေသည်။
ဤကဲ့သို့ ကောင်းသောအကျင့် (သုစရိုက်) နှင့်ပြည့်စုံသောနေ့ သည်
ကောင်းသောနက္ခတ်နှင့်လည်းယှဉ်သည်မည်၏၊
ကောင်းသောမင်္ဂလာနှင့်လည်းပြည့်စုံ၏၊
ကောင်းသော မိုးသောက် လည်းမည်၏၊
ကောင်းသော အိပ်ရာမှထခြင်းလည်းမည်၏၊
ကောင်းသောခဏလည်းမည်၏၊
ကောင်းသော မုဟုတ်လည်းမည်၏၊
ကောင်းသော အကျင့်(သုစရိုက်)နှင့်ပြည့်စုံသောနေ့ ၌ ကိုယ်ဖြင့်ပြု လုပ်သော
အလုပ်(အမှု)သည် ကောင်းသောကာယကံမည်၏၊
နုတ်ဖြင့်ပြုလုပ်သောအလုပ်(အမှု့)သည် ကောင်းသော ဝစီကံမည်၏၊
စိတ်ဖြင့် ပြုလုပ်သော အလုပ်(အမှု့)သည် ကောင်းသော မနောကံမည်၏၊
ကောင်းသော(ပွားစီးသော) ထိုကံတို့ ကိုဆောက်တည်သည် မည်၏၊
ကောင်းသော(ပွားစီးသော)ထိုကာယကံ၊ဝစီကံ၊မနောကံ၊ တို့ ကို ပြုလုပ်
ပြီး၍ ကောင်းသော(ပွားစီးသော)အကျိုးတရားတို့ ကို ရရှိကြကုန်၏။
ဟုမြတ်စွာဘုရားရှင် မိန့် တော်မူခဲ့သည်။......vi99...


(အင်္ဂုတ္တိုရ် ပါဠိ၊ ပုဗ္ဗဏှသုတ်)

No comments:

Post a Comment