အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Sunday 26 February 2012

.....................ကောင်းမှု့ မကောင်းမှု့..............



*မကောင်းမှု့ကို
ပြုလုပ်သောသူသည်
ဤဘဝ၌လည်း ပူပန်ရ၏၊
နောင်တစ်မလွန်ဘဝ၌လည်း
ပူပန်ရတတ်၏၊
ပစ္စုပ္ပန် တမလွန် နှစ်တန်သော
ဘဝတို့ ၌လည်း
ပူပန်ရတတ်၏၊
ငါသည်
မကောင်းမှု့ကို
ပြုမိပြီဟူ၍
ပူပန်ရတတ်၏၊
မကောင်းသောဒုဂ္ဂတိဘုံသို့ 
ကျရောက်ရပါမူကား
အလွန်အမင်းပူပန်ရတတ်၏။
*ကောင်းမှု့ကုသိုလ်
ပြုလုပ်သူသည်
ဤဘဝ၌လည်း
နှစ်သက်ဝမ်းမြောက်ရ၏၊
တစ်မလွန်ဘဝ၌လည်း
နှစ်သက်ဝမ်းမြောက်ရ၏၊
ပစ္စုပ္ပန် တမလွန်
နှစ်တန်သော
ဘဝတို့ ၌လည်း
နှစ်သက်ဝမ်းမြောက်ရ၏၊
ငါသည်
ကုသိုလ်ကောင်းမှု့ကို
ပြုအပ်ပေပြီဟု
နှစ်သက်ဝမ်းမြောက်ရ၏၊
သုဂတိဘုံဘဝသို့ 
ရောက်ပါမူကား
အလွန်နှစ်သက်
ဝမ်းမြောက်ရ၏။


(ဓမ္မပဒ)...vi99

No comments:

Post a Comment