အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Saturday 10 November 2012

....ဖြစ်သမျှအကြောင်းအကောင်း..



     အိန္ဒိယနိုင်ငံ၏ စာပေလောကတွင် နာမည်ကျော်ကာလီဒါသအမတ်ကြီးသည် "ဖြစ်သမျှအကြောင်း
အကောင်းချည်းပဲ"ဆိုတဲ့စကားကို အမြဲပြောဆိုလေ့ရှိတဲ့အတွက်၊ ဒီစကားကို ဘဝင်မကျဖြစ်နေတဲ့ ဘုရင်ကြီးက အမတ်ကြီးကို ဘာပုဒ်မမှ မတပ်ပဲ ဖမ်းဆီးပြီး အကျဉ်းချထားလိုက်ပါတယ်။အဲဒီ့လိုအကျဉ်းချထားပြီးတဲ့နောက်မှာဘုရင်ကြီးဟာ တောကစားထွက်ခွာသွားခဲ့
ပါတယ်၊တောထဲရောက်တဲ့အခါ သွားရင်းသွားရင်းနဲ့ တောထဲမှာ သူ့ရဲ့နောက်လိုက်နောက်ပါတွေနဲ့ ကွဲသွားခဲ့ပြီး တစ်ယောက်ထဲ သွားနေတုန်းမှာ လူရိုင်းတွေနဲ့တွေ့ပြီး  လူရိုင်းတွေရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်၊
  လူရိုင်းတွေဟာ လူတွေကိုဖမ်းဆီး သတ်ဖြတ်ပြီး ယဇ်ပူဇော်လေ့ရှိတဲ့ ဒီလူရိုင်းတွေဟာ သူတို့ ဖမ်းမိလာတဲ့
သားကောင်ကို အပြစ်အနာအဆာရှိမရှိ အရင်စစ်ဆေးကြည့်ပါတယ်။ ခုသူတို့ ဖမ်းမိလာတဲ့ဘုရင်ကြီးမှာလည်း
မျှားထိပ်နဲ့မတော်တဆထိချမိပြီး လက်ချောင်းထိပ်ကလေးပြတ်နေတာတွေ့ တဲ့အခါ အပြစ်အနာအဆာပါနေတဲ့အတွက် မသတ်ပဲ ပြန်လွှတ်ပေးလိုက်ပါတယ်.။
   ဘုရင်ကြီးလည်းနန်းတော်ကိုပြန်ရောက်တဲ့အခါမှာ ကာလီဒါသအမတ်ကြီးကို သတိရပြီး အချုပ်ခန်းက
ပြန်လွှတ်ပေးစေပါတယ်။ ကာလီဒါသအမတ်ကြီးကိုလည်း ..အမတ်ကြီးကာလီဒါသ သင့်ကိုငါခုလိုဖမ်းဆီးချုပ်ထားတဲ့အတွက် "ဖြစ်သမျှအကြောင်းအကောင်းချည်းပဲလို့ သင်ထင်နိုင်သေးရဲ့လား" မှန်လှပါ..အရှင်မင်းကြီး.. လက်ချောင်း
ထိပ်ကလေးပြတ်သွားတုန်းက.."ငါဟာတော့ တိုသွားပါပြီးကွာ"ဆိုပြီး ..အကြီးအကျယ် စိတ်ဆင်းရဲခဲ့တာ
မှတ်မိပါသေးလား...
   အခု သင်မင်းကြီး အဲဒီလိုတိုနေလို့ လည်း အသက်မဆုံး ဘဝမဆုံးဘဲပြန်ရောက်လာနိုင်တာဖြစ်တဲ့အတွက်
ဒါဟာ အရှင်မင်းကြီးအတွက်  "ဖြစ်သမျှအကြောင်းအကောင်းချည်ဖြစ်ပါတယ် "၊
   ကျွန်တော်မျိုးကိုလည်း ခုလိုသာ ရင်မင်းကြီး ဖမ်းဆီပြီး ချုပ်မထားရင်  အရှင်မင်းကြီးတောကစားထွက်တဲ့အခါတိုင်း ကျွှန်တော်မျိုးက တစ်ပါတည်း လိုက်ပါနေကျဖြစ်တဲ့အတွက်
နှစ်ယောက်အတူတူသွားရင်းဖမ်းမိသွားရင် လူရိုင်းတွေက အရှင်မင်းကြီးကိုလွှတ်ပေးပြီး ကျွန်တော်မျိုးကို
အသက်ချမ်းသာပေးမှာမဟုတ်တဲ့အတွက် အသတ်ခံရမှာသေချာပါတယ် ။
ဒါ့ကြောင့်ခုလိုချုပ်ခံရတာ ကျွန်တော်မျိုးအတွက်"ဖြစ်သမျှအကြောင်းအကောင်းချည်းပါပဲ"ဘုရား..ဟုလျှောက်တင်လိုက်လေသည်။

(ပုံပြင်)


No comments:

Post a Comment